Sport

Sport

မြန်မာအမျိုးသမီးအသင်း ဗီယက်နမ်ကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခွာရ

ဒီဇင်ဘာ ၁၁ – ၂၀၂၅ ဆီးဂိမ်း အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းက ဗီယက်နမ် ကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ အတွက် အုပ်စုပြုတ်ကာ ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ အုပ်စု B က မြန်မာအသင်းဟာ ပထမ ၂ ပွဲမှာ ဖိလစ်ပိုင်နဲ့ မလေးရှား ကို အနိုင်ရထားပြီး ၆ မှတ်ရနေပေမယ့်လည်း ဗီယနမ် နဲ့ ဖိလစ်ပိုင် တို့ကလည်း ၂ ပွဲ နိုင် ၆ မှတ်စီရခဲ့ကြတာ ဖြစ်ပါတယ်။ ဂိုးကွာခြားမှု အရ ဗီယက်နမ် က အုပ်စုဗိုလ် ဖိလစ်ပိုင်က အုပ်စု ဒုတိယ အနေနဲ့ ဆီးမီးကို တက်သွားပြီး မြန်မာက အုပ်စု တတိယ

Read More
Sport

၃၃ ကြိမ်မြောက် ဆီးဂိမ်းကနေ ကမ္ဘောဒီးယား အားကစားအဖွဲ့ နုတ်ထွက်

ဒီဇင်ဘာ ၁၀ – ၂၀၂၅ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ကနေ ကမ္ဘောဒီးယား အားကစား အဖွဲ့ အနေန့ လုံခြုံရေးအရ စောစီးစွာ နုတ်ထွက်ကြောင်း ကမ္ဘောဒီးယား အမျိုးသားအိုလံပစ်ကော်မတီ ကနေ အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ်ထံ ဒီကနေ့ စာရေးသား ပေးပို့လိုက်ပါတယ်။ ကမ္ဘောဒီးယား အားကစားသမားတွေ အနေနဲ့ မိသားစုဝင်တွေဆီ ကနေ အမြန်ဆုံး နေရပ် ပြန်လာဖို့ စိုးရိမ်ပူပန်မှုတွေနဲ့ တောင်းဆိုမှုတွေကြောင့် ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့ အားလုံးကို ရုပ်သိမ်းပြီး ချက်ချင်း ပြန်ဖို့ စီစဉ်ဆောင်ရွက်ရတော့မှာ ဖြစ်ကြောင်း အသိပေးထားပါတယ်။ ဒီ ဆုံးဖြတ်ချက်ကို ပေါ့ပေါ့တန်တန် ချမှတ်ခဲ့တာမျိုး မဟုတ်ကြောင်းနဲ့ ထိုင်းနိုင်ငံ အမျိုးသား

Read More
Sport

မြန်မာအမျိုးသမီး ဘောလုံးအသင်း မလေးရှား ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရ

ဒီဇင်ဘာ ၈ – ၂၀၂၅ ထိုင်းနိုင်ငံမှာကျင်းပနေတဲ့ ၂၀၂၅ ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းက ဒီကနေ့ မလေးရှား ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိသွား ပါတယ်။ ချွန်ဘူရီမြို့မှာ ကစားနေတာဖြစ်ပြီး မြန်မာအသင်းဟာ အုပ်စု B မှာ ဖိလစ်ပိုင် နဲ့ မလေးရှား တို့ကို အနိုင်ရပြီး ၆ မှတ်နဲ့ အုပ်စု ထိပ်မှာ ရှိနေပါတယ်။ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့က ၃ မှတ်စီ ရရှိထားတာကြောင့် မြန်မာ အသင်းဟာ ဆီးမီးတက်နိုင်ဖို့အတွက် နောက်ဆုံးပွဲမှာ ဗီယက်နမ်ကို ရှုံးလို့ မရတဲ့ အခြေအနေ ရှိနေ ပါတယ်။ ————————— THN Public Media

Read More
Sport

UFC flyweight champion ဂျော့ရှုအာ ဗန် ကို ရန်ကုန်က အမေရိကန်သံရုံးမှ ဂုဏ်ပြု

ဒီဇင်ဘာ ၈ – ၂၀၂၅ ”ပြိုင်ဖက် အလက်ဇန္ဒြေ ပန်တိုဂျာ ကို အနိုင်ယူနိုင်ခဲ့သည့် ဂျော့ရှုအာ ဗန်အား အမေရိကန်သံရုံးက ဂုဏ်ပြုပါသည်။” လို့ ဒီကနေ့ သံရုံးဖေ့စ်ဘွတ်မှာ ဓါတ်ပုံ နဲ့ တကွ ဖေါ်ပြထားပါတယ်။ The U.S. Embassy congratulates Joshua “The Fearless” Van for his win against Alexandre Pantoja. ————————— THN Public Media

Read More
Sport

ချင်းလူငယ် ဂျောရှူရာ ဗန် ရဲ့ အောင်ပွဲ (သို့) မြန်မာ နဲ့ အာရှ အတွက် ပထမဆုံး သမိုင်းဝင် UFC ချန်ပီယံ ဆု

ဒီဇင်ဘာ ၇ – ၂၀၂၅ အမေရိကန်ပြည်ထောင်စု လတ်ဗီးဂက်စ် မှာ ကျင်းပတဲ့ ကမ္ဘာ့သိုင်းပေါင်းစုံ အားကစား (MMA) အကြီးဆုံးပွဲ ဖြစ်တဲ့ UFC ရဲ့ flyweight (အပေါ့ဆုံးတန်း) ချန်ပီယံ ခါးပတ် လုပွဲမှာ ချင်းတိုင်းရင်းသား လူငယ် ဂျောရှူရာ ဗန် က လက်ရှိချန်ပီယံ ခါးပတ်ပိုင်ရှင် ဘရားဇီးနိုင်ငံသား ပန်တိုဂျာ ကို ပထမအချီ ၂၆ စက္ကန့်မှာတင် အနိုင်ယူရပြီး ချန်ပီယံ ခါးပတ် ကို ရရှိလိုက်ပြီ ဖြစ်ပါတယ်။ ပွဲစလို့ ၂၆ စက္ကန့်မှာ ပြိုင်ဘက် ပန်တိုဂျာ ရဲ့ ခြေကန်ချက်ကို ဗန်က ဖမ်းဆွဲ ပြီး ပြန်တွန်းချလိုက်ရာမှာ ပန်တိုဂျာက ပြန်အကျ လက်နဲ့အထောက်မှာ အဆစ်လွဲသွားခဲ့ပြီး ဆက်ထိုးလို့

Read More
Sport

၂၀၂၆ ကမ္ဘာ့ဖလား အုပ်စုပွဲစဥ်တွေအတွက် မဲနှိုက်ရွေးချယ်ပွဲ ပုံရိပ်များ (ဒီဇင်ဘာ ၅ – ၂၀၂၅)

သမ္မတထရမ့် အပါအဝင် အိမ်ရှင် ၃ နိုင်ငံ ဖြစ်တဲ့ အမေရိကန် ကနေဒါ မက္ကဆီ က ခေါင်းဆောင်တွေ ကိုယ်တိုင် တက်ရောက် မဲနှိုက် ရွေးချယ် ခဲ့ကြတာ ဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီ က ကနေဒီ စင်တာမှာ ပြုလုပ်တဲ့ ဒီပွဲမှာ ဖီဖာ ရဲ့ ပထမဆုံး ပေးအပ်တဲ့ ငြိမ်းချမ်းရေးဆု ကို သမ္မတ ထရမ့် ရရှိသွားပါတယ်။ Photo: getty ————————— THN Public Media

Read More
Sport

ဆီးဂိမ်း အမျိုးသမီး ဘောလုံးပွဲ မြန်မာအသင်း ဖိလစ်ပိုင်ကို အနိုင်ရ

ဒီဇင်ဘာ ၅ – ၂၀၂၅ ထိုင်းနိုင်ငံ ချောင်ဘူရီ မှာ မြန်မာအမျိုးသမီးအသင်း နဲ့ ဖိလစ်ပိုင် အမျိုးသမီး အသင်းတို့ ယှဥ်ပြိုင် ကစားကြရာ မြန်မာအသင်းက ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိသွားပါတယ်။ ပထမပိုင်း ၄ မိနစ်မှာ အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်း က ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ဒုတိယပိုင်း ၈၉ မိနစ်မှာ မေထက်လူက ဒိုင်ဗင်ထိုး ခေါင်းတိုက်ကာ အနိုင်ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်က ၆၉ မိနစ်မှာ ခြေပဂိုး သွင်းယူထားခဲ့တာ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးအသင်း ဟာ အုပ်စု (B) မှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား အသင်းတို့ တအုပ်စုထဲ ဖြစ်ပါတယ်။

Read More
Sport

ချင်းမိုင်က ဆီးဂိမ်း ယူ-၂၃ အမျိုးသား ဘောလုံးပွဲ မြန်မာရှုံးနိမ့်

မြန်မာ ၀ – ၂ ဖိလစ်ပိုင် ဒီဇင်ဘာ ၅ – ၂၀၂၅ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၃၃ ကြိမ်မြောက် ဆီးဂိမ်းအားကစားပြိုင်ပွဲ အမျိုးသား ယူ-၂၃ ဘောလုံးပြိုင်ပွဲမှာ မြန်မာ နဲ့ ဖိလစ်ပိုင် တို့ ချင်းမိုင်မြို့မှာ ဒီကနေ့ ယှဥ်ပြိုင်ကစားကြရာ မြန်မာ အသင်းက ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ အုပ်စု C မှာ မြန်မာ က ဖိလစ်ပိုင် အင်ဒိုနီးရှားတို့နဲ့ တအုပ်စုထဲ ဖြစ်ပါတယ်။ ————————— THN Public Media

Read More
Sport

မြန်မာ ယူ-၁၇ အသင်း အာရှဖလား ခြေစစ်ပွဲအောင်၊ စစ်ကော်မရှင် ဥက္ကဌက ကျပ်သိန်း ၁၀၀၀ ဆုချီးမြှင့်

နိုဝင်ဘာ ၃၀ – ၂၀၂၅ ဒီကနေ့ ညနေပိုင်းက ရန်ကုန် သုဝဏ္ဏဘောလုံးကွင်းမှာ မြန်မာ ယူ-၁၇ အသင်းနဲ့ ဆီးရီးယားအသင်း တို့ ယှဥ်ပြိုင်ကစားကြရာ ၂ ဂိုးစီ သရေကျပြီးနောက် မြန်မာ အသင်းဟာ ၂၀၂၆ အာရှဖလား ခြေစစ်ပွဲ အောင်သွားပြီ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အုပ်စု G မှာ ရမှတ် ၁၀ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ခြေစစ်ပွဲ အောင်သွားတာလည်း ဖြစ်ပါတယ်။ ခြေစစ်ပွဲအောင်သွားတဲ့ မြန်မာ ယူ-၁၇ အသင်းကို စစ်ကော်မရှင် ဥက္ကဌ က ဆုငွေ ကျပ်သိန်း ၁၀၀၀ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

Read More