THN Public Media Blog သတင်း နိုင်ငံရေး SRA တပ်ပေါင်းစုက ခေါင်းဆောင်ပိုင်းနဲ့ တပ်ဖွဲ့ဝင် တချို့ကို NUG က ဖမ်းဆီးနေ
နိုင်ငံရေး

SRA တပ်ပေါင်းစုက ခေါင်းဆောင်ပိုင်းနဲ့ တပ်ဖွဲ့ဝင် တချို့ကို NUG က ဖမ်းဆီးနေ

မတ်လ ၆ – ၂၀၂၅

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA က ခေါင်းဆောင်ပိုင်းနဲ့ တပ်ဖွဲ့ဝင် တချို့ကို NUG လက်အောက်ခံ အဖွဲ့တွေက ဖမ်းဆီးနေကြောင်း SRA ပြောခွင့်ရ ကိုမင်းဟန်ထက်က ဒီကနေ့ ထုတ်ဖေါ် လိုက်ပါတယ်။

ကိုမင်းဟန်ထက်က သူ့ရဲ့ ဖေ့စ်ဘွတ် မှာ

‘’ဒီအင်တာဗျူးကို ဖြေပြီးနောက်ရက်တွေမှာပဲ SRA အဖွဲ့ဝင် တပ်ဖွဲ့အချို့က ခေါင်းဆောင်ပိုင်းရဲဘော်တွေ၊ တပ်ဖွဲ့ဝင်ရဲဘော်တွေကို NUG ကွပ်ကဲမှု အောက်မှာရှိတဲ့ အဖွဲ့အစည်းများက ဖမ်းဆီးမှုတွေ ရှိနေပါတယ်။

Edited – လက်ရှိမှာတော့ NUG က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေ ပါတယ်။’’ လို့ ရေးသားဖေါ်ပြထားပါတယ်။

SRA နဲ့ NUG အကြား ဆွေးနွေးခဲ့မှုတွေ အခြေအနေနဲ့ ပတ်သက်ပြီး မီဒီယာ အင်တာဗျူး တခု ဖြေကြားခဲ့ပြီနောက် အခုလို ဖမ်းဆီးခံရတယ်ဆိုတာကို ကိုမင်းဟန်ထက် က ဖေါ်ပြထားတာ ဖြစ်ပါတယ်။

NUG နဲ့ ဆွေးနွေးခဲ့ရာမှာ ‌တော်လှန်ရေး တပ်ဖွဲ့တွေ အချင်းချင်းအကြား ကျည်မပေါက်ဖို့ဆွေနွေးခဲ့တယ်လို့ ဆိုပါတယ်။

SRA တပ်ပေါင်းစု အဖွဲ့ဝင် BPLA ခေါင်းဆောင် မောင်ဆောင်းခ ကလည်း မိတ်ဖက် ပဋိပက္ခတွေကို ညှိနှိုင်းဆွေးနွေးတဲ့နည်းနဲ့သာ ဖြေရှင်းနိုင်ကြဖို့ကို NUG နဲ့ SRA သဘောတူညီခဲ့ ကြတယ်လို့ သူ့ရဲ့ဖေ့စ်ဘွတ်မှာ မကြာသေးခင်က ရေးသား ဖေါ်ပြထား ပါတယ်။

အခုလို ဆွေးနွေးမှုတွေဟာ ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA ကို NUG MOD က အလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version