ဧပြီ ၂၈ – ၂၀၂၆
TRI ဗျူဟာ PDF ရဲဘော် ၃၅ ဦးဟာ တပ် စည်းကမ်းတွေကို ချိုးဖေါက်ပြီး စစ်တပ်ထံမှာ လက်နက်ချသွားတဲ့ အတွက် တပ်ကနေ အပြီးတိုင် ထုတ်ပယ်ကာ အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း TRI ဗျူဟာ ကနေ မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒီရဲဘော်တွေဟာ တပ်ပိုင်ပစ္စည်းတွေကို ခိုးယူကာ ငွေကြေးအလွဲသုံးစား လုပ်တာတွေ ရှိခဲ့ပြီး ရှေ့တန်းစစ်မျက်နှာပြင်မှာ ရဲဘော်ရဲဘက်တွေကို စွန့်ခွာ ထွက်ပြေးသွားကြာတာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
ထွက်ပြေးသွားသူတွေဟာ စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ် နိုင်ဖို့ နေရာတွေ ဖေါ်ပြတာ၊ တခြားရဲဘော်တွေ လက်နက်ချဖို့ စည်းရုံး တာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီအတွက် သူတို့ကို ပြင်းထန်စွာ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ထုတ်ပယ်သူ ၃၅ ဦးရဲ့ ဓါတ်ပုံ နေရပ်လိပ်စာတွေကို ဖေါ်ပြထားတဲ့ အတွက် ဝေဖန်မှု တချို့ရှိနေပါတယ်။
—————————
THN Public Media
