THN Public Media Blog သတင်း ထရမ့်နဲ့ တာကာအီဂျီ တို့ ရွှေခေတ် မာဟာမိတ် ဖေါ်ဆောင်၊ မြေရှားသတ္တု သဘောတူညီ ချက် လက်မှတ်ရေးထိုး
သတင်း

ထရမ့်နဲ့ တာကာအီဂျီ တို့ ရွှေခေတ် မာဟာမိတ် ဖေါ်ဆောင်၊ မြေရှားသတ္တု သဘောတူညီ ချက် လက်မှတ်ရေးထိုး

TOKYO, JAPAN - OCTOBER 28: U.S. President Donald Trump (L) and Japanese Prime Minister Sanae Takaichi (R) hold up signed documents for a critical minerals/rare earth deal with Japan during a meeting at Akasaka Palace on October 28, 2025 in Tokyo, Japan. Trump is on a visit to Asia that takes in the ASEAN summit in Malaysia, followed by a trip to Japan and South Korea ahead of the APEC meetings. (Photo by Andrew Harnik/Getty Images

အောက်တိုဘာ ၂၈ – ၂၀၂၅

ဂျပန်နိုင်ငံကို အာရှခရီးစဥ် အနေနဲ့ ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဟာ ဂျပန်နိုင်ငံရဲ့ အသစ် ရွေးချယ်ခံရတဲ့ ကွန်ဆာဗေးတစ် ခေါင်းဆောင် ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဆာနာအေ တာကာအီချီ နဲ့ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံ ပွဲမှာ အမေရိကန် နဲ့ ဂျပန် အကြား သဘောတူညီမှု ၂ ခုကို လက်မှတ်ရေးထိုးခဲ့ပြီး တခုကတော့ နှစ်နိုင်ငံ ရွှေခေတ် မဟာမိတ် ဆက်ဆံရေး နဲ့ နောက်တခုကတော့ အရေးကြီးတဲ့ မြေရှားဓါတ်သတ္တု ဆိုင်ရာ သဘောတူညီမှုတို့ ဖြစ်ကြပါတယ်။

ဒီတွေ့ဆုံမှုဟာ ဂျပန် ဝန်ကြီးချုပ် တာကာအီချီ ရဲ့ ခေါင်းဆောင်မှု အတွက် အစောပိုင်း စမ်းသပ်မှု တခု အဖြစ်မြင်တွေ့ရပါတယ်။

အရင် ဂျပန် ဝန်ကြီးချုပ် က အမေရိကန်ကို တင်ပို့ကုန်တွေ အတွက် ၁၅% အခွန်နှုန်း ညှိနှိုင်းထားပေမယ့် အခု တာကာအီချီ လက်ထက်မှာ အဲဒီ သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ ရှိနေသေးပါတယ်။

ထရမ့်က တိုကျိုကို ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ဖို့ ဖိအားပေး နေတာ ဖြစ်ပြီး ဒီကနေ့ နှောင်းပိုင်းမှာတော့ ထရမ့်ဟာ ဂျပန်က အမေရိကန် စစ်အခြေစိုက် စခန်းတခုမှာ မိန့်ခွန်း ပြောကြားဖို့ စီစဥ်ထားပါတယ်။

ဂျပန်က အပြန်မှာတော့ ထရမ့်ဟာ တောင်ကိုရီးယား ကို ရောက်ရှိမှာ ဖြစ်ပြီး အဲဒီမှာ တရုတ်ခေါင်းဆောင် ရှီကျင်ပင်း နဲ့ တွေ့ဆုံ ဆွေးနွေး မှာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version