THN Public Media Blog Uncategorized ဒေါ်နယ်ထရမ့် အာဆီယံ အစည်းအဝေး အပါအဝင် အာရှခရီးစဥ် စတင်
Uncategorized

ဒေါ်နယ်ထရမ့် အာဆီယံ အစည်းအဝေး အပါအဝင် အာရှခရီးစဥ် စတင်

အောက်တိုဘာ ၂၅ – ၂၀၂၅

မလေးရှားစံတော်ချိန် အောက်တိုဘာ ၂၆ မနက်ပိုင်း ကွာလမ်လာပူကို သမ္မတ ထရမ့် ဆိုက်ရောက်မှာ ဖြစ်ပြီး ၂၆ ရက်နေ့မှာပဲ အာဆီယံ ထိပ်သီးအစည်း အဝေးကို တက်ရောက်မှာ ဖြစ်သလို မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် နဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့မှာတော့ အာဆီယံနဲ့ မိတ်ဘက်နိုင်ငံများ အစည်း အဝေးတွေ တက်ရောက်မှာ ဖြစ်ပြီး ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေး သဘောတူညီချက် မှာ ပါဝင် လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံခရီးစဥ် ကိုတော့ အောက်တိုဘာ ၂၈ ရက်နေ့ဖြစ်ပြီး ဂျပန်မှာ ဝန်ကြီးအသစ် ဖြစ်တဲ့ ဆာနာအေ တာကာအီချီ နဲ့ တွေ့ဆုံဆွေးနွေးပြီး နှစ်နိုင်ငံ မဟာမိတ် ဆက်ဆံရေး အပါအဝင် ကာကွယ်ရေး ကိစ္စရပ်တွေ အတွက် အားဖြည့်ဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဂျပန် ဧကရာဇ် နာရူဟီတို နဲ့ သမ္မတ ထရမ့် တွေ့ဆုံမှာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၉ နဲ့ ၃၀ မှာတော့ တောင်ကိုရီးယား ရောက်ရှိပြီး သမ္မတ လီဂျေမြောင် နဲ့ တွေ့ဆုံ ဆွေးနွေးမှာပါ။

အောက်တိုဘာ ၃၀ ရက်နေ့မှာတော့ တရုတ်သမ္မတ ရှီကျင်ပင်း နဲ့ တောင်ကိုရီးမှာ တွေ့ဆုံမှာ ဖြစ်ပြီး အောက်တိုဘာ ၃၁ APEC အစည်းအဝေး မတိုင်ခင် သမ္မတ ထရမ့်ဟာ အမေရိကန်ကို ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version