THN Public Media Blog သတင်း နိုင်ငံတကာ မြန်မာနိုင်ငံသားတွေကို ယာယီကာကွယ်ရေး TPS အရ နေထိုင်ခွင့် ပေးထားမှုကို အမေရိကန် ရပ်စဲလိုက်ပြီ၊ မြန်မာ ၄ ထောင်နီးပါး သက်ရောက်မှု ရှိနိုင်
နိုင်ငံတကာ

မြန်မာနိုင်ငံသားတွေကို ယာယီကာကွယ်ရေး TPS အရ နေထိုင်ခွင့် ပေးထားမှုကို အမေရိကန် ရပ်စဲလိုက်ပြီ၊ မြန်မာ ၄ ထောင်နီးပါး သက်ရောက်မှု ရှိနိုင်

နိုဝင်ဘာ ၂၄ – ၂၀၂၅

အမေရိကန်ပြည်ထောင်စု ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) ကနေ မြန်မာနိုင်ငံသားတွေ အတွက် ပေးထားတဲ့ ယာယီကာကွယ်ရေး အခြေ အနေ’’ TPS ကို ရပ်စဲလိုက်ပြီဖြစ်ကြောင်း တနင်္လာနေ့ မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံအတွက် (Temporary Protected Status – TPS) ပေးထားမှုဟာ နိုဝင်ဘာ ၂၅ ရက်နေ့ အင်္ဂါနေ့မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်တယ်လို့ DHS ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အင်္ဂါနေ့မှာ TPS ရပ်စဲလိုက်ပြီးနောက် ရက်ပေါင်း ၆၀ မှာ စတင် အကျိုး သက်ရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွက် TPS အခြေအနေဟာ သမ္မတ ဂျိုးဘိုင်ဒန် လက်ထက် ၂၀၂၄ ခုနှစ် မေလ ၂၆ ရက်မှာ သက်တမ်းကုန်တာ ဖြစ်ပေမယ့် ဂျိုးဘိုင်ဒန် က အခု နိုဝင်ဘာလ ၂၅ ရက်အထိ ၁၈ လ သက်တမ်းတိုးပေးခဲ့တာ ဖြစ်ပါတယ်။

TPS နဲ့ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား လူပေါင်း ၄၀၀၀ နီးပါးရှိပြီး အဲဒီအထဲမှာ ၂၀၂၁ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် TPS နဲ့ နေထိုင်သူတွေလည်း ပါဝင်ပါတယ်။

TPS ရပ်စဲပြီး ရက် ၆၀ ပြည့်တာနဲ့ TPS နဲ့ နေထိုင်သူ မြန်မာနိုင်ငံသား တွေဟာ တခြား နေထိုင်ခွင့် ဗီဇာ မရှိဘူးဆိုရင် အမေရိကန် ကနေ နှင်ထုတ် ခံရနိုင်တဲ့ အန္တရာယ် ရှိပါတယ်။

DHS ကနေ အခုလို ရပ်စဲရတာဟာ မြန်မာနိုင်ငံမှာ အခြေအနေတွေ ပြောင်းလဲလာတာကြောင့် လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာ မြန်မာနိုင်ငံမှာ အရေးပေါ် အခြေအနေကို ရပ်စဲ လိုက်ပြီး စစ်ကောင်စီကို ဖျက်သိမ်းဟာ ၂၀၂၅ ဒီဇင်ဘာမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဥ်ထားတဲ့ အချက်ကို ဖေါ်ပြထားပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ မြန်မာစစ်အစိုးရနဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီ ခဲ့ပြီး၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ လည်း အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေ ပြုလုပ်နေတာကို ထည့်သွင်းစဥ်စား ထားပါတယ်။

ဒီ အပစ်အခတ်ရပ်စဲရေးတွေဟာ ရန်လိုမှုတွေကို အပြီးတိုင် ရပ်စဲဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထူထောင်ထားတဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး တွေဟာ (ပညာရေး၊ ကျန်းမာရေး၊ တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေး) သိသာ ထင်ရှားတဲ့ တိုးတက်မှုတွေ ပြုလုပ်နိုင်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

DHS ရဲ့ သုံးသပ်ချက်အရ တခြား အထူးနဲ့ ယာယီအခြေအနေတွေ ရှိနေနိုင် ပေမယ့်လည်း မြန်မာနိုင်ငံသားတွေ ဘေးကင်းစွာ ပြန်လာနိုင်ခြင်းကို အဟန့် အတား မဖြစ်စေတော့ ဘူးလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version