THN Public Media Blog သတင်း နိုင်ငံတကာ သမ္မတထရမ့် က ကုလသမဂ္ဂမိန့်ခွန်းမှာ တခြားနိုင်ငံတွေ နဲ့ ကုလကို ပစ်မှတ်ထား တိုက်ခိုက်
နိုင်ငံတကာ နိုင်ငံရေး

သမ္မတထရမ့် က ကုလသမဂ္ဂမိန့်ခွန်းမှာ တခြားနိုင်ငံတွေ နဲ့ ကုလကို ပစ်မှတ်ထား တိုက်ခိုက်

စက်တင်ဘာ ၂၃ – ၂၀၂၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ အကြိမ် ၈၀ မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်း ပြောကြားရာမှာ တခြားနိုင်ငံတွေရဲ့ နယ်စပ်ရေးရာ နဲ့ ရာသီဥတု ဆိုင်ရာ မူဝါဒတွေ အပေါ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ သလို ကုလသမဂ္ဂ ကိုလည်း ဝေဖန် သွားပါတယ်။

ကုလသမဂ္ဂ ဟာ အနောက်နိုင်ငံတွေကို ရွှေ့ပြောင်းလာသူတွေ “ကျူးကျော် ဝင်ရောက်ခြင်း” ကို လွယ်ကူ ချောမွေ့စေအောင် လုပ်ပေး နေတယ်လို့ စွပ်စွဲလိုက်ပြီး ” နယ်စပ်တွေ ပွင့်နေတဲ့ မအောင်မြင် တဲ့ စမ်းသပ်မှု” ကို အဆုံးသတ်ဖို့ အချိန်တန်ပြီလို့ ထရမ့်က ပြောကြားသွား ပါတယ်။

ရွှေ့ပြောင်းနေထိုင်မှု နဲ့ ပတ်သက်လို့ ဥရောပတိုက်ဟာ “ပြင်းထန်လှတဲ့ အခက်အခဲ” တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရုရှား စွမ်းအင် ထုတ်ကုန်တွေကို “ဖြတ်တောက်ဖို့” ပျက်ကွက်တာ ဟာလည်း ဥရောပ အတွက် “ရှက်စရာ” ဖြစ်တယ်လို့ ဝေဖန် လိုက်ပါတယ်။
အခုလို ဥရောပက ရုရှားဆီက ရေနံ ဝယ်ယူနေတာဟာ ဆင်ခြေပေး လို့ မရဘူးလို့ ပြောပါတယ်။

ရာသီဥတုပြောင်းလဲမှုကို “သမိုင်းတစ်လျှောက် အကြီးမားဆုံး လိမ်လည်မှု” အဖြစ် မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။
ဒါတွေဟာ Green Scam အစိမ်းရောင် လိမ်လည်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်တွေ “မှားယွင်းခဲ့တယ်” လို့ ထရမ့်က ပြောကြား လိုက်တဲ့ အတွက် ညီလာခံတခုလုံး အံ့အား သင့်သွားခဲ့ကြရ ပါတယ်။
သူ့အနေနဲ့ အိမ်ဖြူတော်သို့ ပြန်ရောက်ပြီးနောက် “စစ်ပွဲခုနစ်ခု” ကို အဆုံးသတ် ခဲ့တယ်လို့ ပြန်လည် ပြောဆိုခဲ့ပြီး ကုလသမဂ္ဂ က ဒါတွေကို ဖြေရှင်းဖို့ “ကူညီရန်ပင် မကြိုးစားခဲ့” ဘူးလို့ ပြောပါတယ်။

ကုလသမဂ္ဂဟာ စကားတွေသာ ပြောပြီး ဘာမှ လက်တွေ့ လုပ်ဆောင်မှု မရှိဘူးလို့ လည်း ထရမ့်က ဝေဖန်သွားပါတယ်။

ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုခြင်းဟာ ဟားမတ်စ်က ကျူးလွန် ခဲ့တဲ့ “ကြောက်မက်ဖွယ်ရာ ရက်စက်ကြမ်းကြုတ်မှုတွေ အတွက် ဆုလာဘ်” ဖြစ်တယ်လို့ သူ့ရဲ့ ပြောဆိုချက်တွေကို ထပ်လောင်း အတည်ပြု ခဲ့ပြီး ဟားမတ်စ်အဖွဲ့ အနေနဲ့ “ဓားစာခံတွေကို အခုချက်ချင်း လွှတ်ပေးပါ” လို့ တောင်းဆိုသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version