THN Public Media Blog သတင်း နိုင်ငံရေး သီပေါမှာ ဌာနဆိုင်ရာ ရုံးတချို့ မီးရှို့ခံရ
နိုင်ငံရေး ပြည်တွင်း

သီပေါမှာ ဌာနဆိုင်ရာ ရုံးတချို့ မီးရှို့ခံရ

အောက်တိုဘာ ၁၇ – ၂၀၂၅

TNLA တအာင်းတပ်ဖွဲ့နဲ့ စစ်တပ်အကြား စစ်ရေး တင်းမာနေတဲ့ သီပေါမြို့ ထဲက ဌာနဆိုင်ရာ ရုံးတချို့ မနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်း က မီးရှို့ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“သီပေါမြို့ထဲ သီပေါ ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံး၊ စိုက်ပျိုးရေးရုံး၊ ထောင်ကြီး‌တွေမှာ လောက်မီးလောင်တယ်။ နာရီဝက် လောက်ပဲ လောင်တာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

စိုက်ပျိုးရေးရုံးနဲ့ မြေစာရင်းရုံးက နေအိမ်တွေနဲ့ ကပ်နေတာကြောင့် တချို့ လူတွေ သွားငြိမ်းကြတာ ရှိသလို မိုးလည်းရွာလာတော့ မီးလောင် နေတာတွေ ပြန်ငြိမ်းသွားတယ်လို့ သူက ပြောပါတယ်။

“ရှို့မီးပါ။ ဘယ်ဘက်က ရှို့လဲမသိဘူး။ mask တပ်ထားတဲ့ အရပ်ဝတ်လူ လေးယောက် လိုက်ရှို့နေတာ တွေ့တယ်” လို့ ဒေသခံ မျက်မြင် တယောက် က ပြောပါတယ်။

Hotel Thipaw မှာကျတော့ ‌အမိုး Slab ပေါ် လောင်တာကြောင့် လက်နက်ကြီး ကျလို့ မီးလောင်တာလို့ ယူဆ ရတယ်လို့ သူက ပြောပါတယ်။

ညနေ ၅ နာရီ ဝန်းကျင်လောက်မှာတော့ လက်နက်ကြီးရော လက်နက် သေးရော ပစ်ခတ်သံတွေ ကြားလာရပြီး ညနေ ၅ နာရီခွဲ လောက်မှာ မိုးသည်း လာကာ ညနေ ၆ နာရီ လောက်ကျတော့ သီပေါ တမြို့လုံး တိတ်ဆိတ် သွား သလို ဒုဌဝတီတံတား ကနေ အဝင်/အထွက်လည်း ပိတ်သွားပြီလို့ ဆိုပါတယ်။

စစ်တပ် ဘက်ကတော့ မနေ့က လေကြောင်းနဲ့ မဟုတ်ပဲ ဒရုန်းနဲ့ ပစ်ခတ် တိုက်ခိုက် တဲ့ အသံကြားရကြောင်း ဒေသခံတွေက ပြောပါတယ်။

Photo Crd# ဒေသခံ

Crd – VOM

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version