ကော်သူးလေပဋိညာဥ် အတည်ပြု၊ ကောင်သူးလေ အုပ်ချုပ်ရေးကောင်စီ နဲ့ ကောင်သူးလေ အတိုင်ပင်ခံကောင်စီ ဖွဲ့စည်း
- by AR-T
- April 10, 2026
- 0 Comments
ဧပြီ ၁၀ – ၂၀၂၆ ကရင်အမျိုးသားအစည်းအရုံး KNU ကနေ တော်လှန်ရေးကာလ ကော်သူးလေပဋိညာဥ်ကို အတည်ပြုပြီး ကော်သူးလေ အတိုင်ပင်ခံ ကောင်စီ နဲ့ ကော်သူးလေ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီးစီးကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ကော်သူးလေ အတွက် စာမျက်နှာ အသစ်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်းနဲ့ ကော်သူးလေပဋိညာဉ်ကို အခြေပြုပြီး ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတဲ့ ကော်သူးလေ ဖက်ဒရယ်ယူနစ်ကို ဒီမိုကရေစီ နည်းလမ်း တကျ ဆက်လက် အကောင် အထည် ဖော်သွားမယ်လို့လည်း ဖေါ်ပြထားပါတယ်။ ————————— THN Public Media
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥက္ကဌအဖြစ် ဒုချုပ်ဖြစ်ခဲ့သူ ဦးစိုးဝင်းကို ခန့်အပ်၊ ဦးကိုကိုကြီး အဖွဲ့ဝင်အဖြစ်ပါဝင်
- by AR-T
- April 10, 2026
- 0 Comments
ဧပြီ ၁၀ – ၂၀၂၆ သမ္မတက လက်မှတ်ထိုး ထုတ်ပြန်တဲ့ ဒီအတိုင်ပင်ခံ ကောင်စီ အဖွဲ့မှာ ဥက္ကဌ အဖြစ် ဒုချုပ်ဖြစ်ခဲ့သူ ဦးစိုးဝင်းကို ခန့်အပ် ကြောင်း ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။ ၁၁ ဦးပါ အဖွဲ့မှာ ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ပါဝင်ပြီး အရင် စစ်ကောင်စီ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ မန်းငြိမ်းမောင် နဲ့ ဒေါ်ဒွဲဘူတို့လည်း ပါဝင်ကြပါတယ်။ ———– ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥက္ကဌ – ဦးစိုးဝင်း ၊ အတွင်းရေးမှူး – ဦးမောင်မောင်အေး – ၃ ။ ဦးသန်းဆွေ ၄ ။ ဦးကိုကိုလှိုင် ၅ ။ ဦးမိုးအောင် ၆ ။ ဒေါက်တာရင်ရင်နွယ် ၇
သမ္မတ ၃ ဦး ပြည်ထောင်စုလွှတ်တော်မှာ ကတိသစ္စာပြု
- by AR-T
- April 10, 2026
- 0 Comments
ဧပြီ ၁၀ – ၂၀၂၆ စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ ကနေ ပေါ်ပေါက်လာတဲ့ လွှတ်တော်မှာ တပ်ချုပ် တဖြစ်လဲ သမ္မတ ဦးမင်းအောင်လှိုင်၊ ဒုသမ္မတတွေ ဖြစ်တဲ့ ဦးညိုစော နဲ့ ဒေါ်နန်းနီနီအေး တို့ ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအခမ်းအနားကို နိုင်ငံတကာမှာ ကိုယ်စားလှယ် အယောက် ၅၀ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။ ————————— THN Public Media
တပ်ချုပ် တဖြစ်လဲ သမ္မတသစ် ရဲ့ ကတိသစ္စာပြုပွဲ တက်ရောက်မယ့် နိုင်ငံခြား တိုင်းပြည်က အရာရှိတချို့
- by AR-T
- April 10, 2026
- 0 Comments
ဧပြီ ၁၀ – ၂၀၂၆ စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ အပြီး ခေါ်ယူတဲ့ လွှတ်တော်က တင်မြှောက်လိုက်တဲ့ တပ်ချုပ်တဖြစ်လဲ သမ္မတသစ် ဦးမင်းအောင်လှိုင် ဟာ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကတိသစ္စာပြုမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ကတိသစ္စာပြုပွဲကို နိုင်ငံခြား တိုင်းပြည်တွေက အရာရှိတက်ချို့ တက်ရောက်ကြမှာ ဖြစ်ရာ တရုတ်သမ္မတ ရှီကျင်ပင်း ရဲ့ အထူး ကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကော်မတီ အမျိုးသားကော်မတီ ဒု-ဥက္ကဋ္ဌ Jiang Xinzhi တက်ရောက် မှာ ဖြစ်ပါတယဉ်။ အိန္ဒိယနိုင်ငံ သဘာဝပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဝန်ကြီးဌာနနှင့် ပြည်ပရေးရာ ဝန်ကြီးဌာန ဝန်ကြီး Mr. Kirti Vardhan Singh လည်း
သမ္မတသစ်ရဲ့ အဆိုပြုထားချက်တွေ လွှတ်တော်မှာ ကန့်ကွက်မှုမရှိ အကုန် အတည်ပြု
- by AR-T
- April 9, 2026
- 0 Comments
ဧပြီ ၉ – ၂၀၂၆ သမ္မတသစ်က အဆိုပြုထားတဲ့ ပြည်ထောင်စု အဆင့် ဝန်ကြီး ၃၀ ကို ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ ကန့်ကွက်သူမရှိ အတည်ပြုလိုက် ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ၊ အဂတိတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ၊ ဗဟိုဘဏ် ဥက္ကဋ္ဌ တွေ နဲ့ အဖွဲ့ဝင်တွေကိုလည်း ကန့်ကွက်သူ မရှိ အတည်ပြုခဲ့ ပါတယ်။ လွှတ်တော်အစည်းအဝေးကို မနက်ဖြန် ၁၀ နာရီမှာ ပြန်လည်စတင်မယ်လို့ ကြေညာပြီး ဒီကနေ့ အတွက် အစည်းအဝေးကို ရုတ်သိမ်းသွားခဲ့ပါတယ်။ ————————— THN Public Media
အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့ လွှတ်တော် ပထမ အစည်းအဝေးတွေ ပြီးဆုံးကြောင်း ကြေညာ
- by AR-T
- April 9, 2026
- 0 Comments
ဧပြီ ၈ – ၂၀၂၆ ဒီကနေ့မှာ အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့ လွှတ်တော် ပထမပုံမှန် အစည်းအဝေးတွေ ခေါ်ယူခဲ့ပြီး နောက် ပြီးဆုံးကြောင်း ကြေညာသွားကြပါတယ်။ ဒုတိယ ပုံမှန်အစည်းအဝေးတွေကို သင်္ကြန်ပြီးမှာ ခေါ်ယူမယ်လို့လည်း သိရပါတယ်။ မနက်ဖြန်မှာတော့ ပြည်ထောင်စု လွှတ်တော်ရှိပြီး အဲဒီမှာ သမ္မတသစ်က အဆိုပြုထားတဲ့ ပြည်ထောင်စု အဆင့် ဝန်ကြီးတွေကို အတည်ပြုဖို့ ရှိပါတယ်။ သဘက်ခါ် ဧပြီ ၁၀ ရက်နေ့မှာတော့ သမ္မတသစ် ဖြစ်သူက ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ကြောင်း သိရပါတယ်။ စစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပြီး အခုလို လွှတ်တော်တွေခေါ် သမ္မတတွေ ရွေးချယ်မှု အပေါ် တော်လှန်ရေး အင်အားစုတွေက တရားမဝင် အသိအမှတ်လည်း မပြုကြောင်း
