ဖားကန့်မှာ စစ်တပ်စခန်း ၅ ခုကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်
- by Lai Htar Hlaing
- April 5, 2026
- 0 Comments
ဧပြီ ၄ – ၂၀၂၆ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဧပြီ ၂ ရက်၊ မနက် ၅ နာရီဝန်းကျင်မှ စတင်ကာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တွေက စစ်တပ်စခန်း ငါးခုကို တိုက်ခိုက် သိမ်းပိုက် ထားပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ် ကာကင်းစခန်းတွေဖြစ်တဲ့ အင်မားယန်သုသာန်ကုန်း၊ ဆွတ်ငိုင်ယန် အင်တောင်ဘွမ်၊ မော်ဝမ်းကြီးတာဝါတိုင်ကုန်း၊ မော်ဝမ်းဆွတ်ဘွမ်ရွာနဲ့ မော်ဝမ်းကျောင်းကုန်း တို့ကို KIA ပူးပေါင်း တပ်ဖွဲ့တွေက ဧပြီ ၂ ရက် မနက် ၁၁ နာရီ ၁၅ မိနစ် ဝန်းကျင်မှာ အပြီးသတ် ထိန်းချုပ် နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပျောက်ဆုံးနေတဲ့ အမေရိကန် တိုက်လေယာဥ်မှူး ကို အီရန် နဲ့ အမေရိကန် အပြိုင် ရှာဖွေနေ
- by Lai Htar Hlaing
- April 5, 2026
- 0 Comments
ဧပြီ ၄ – ၂၀၂၆ အီရန်နိုင်ငံအတွင်းမှာ ပစ်ချခံလိုက်ရတဲ့ အမေရိကန် F-15 ဂျက်ဖိုက်တာ က ပျောက်ဆုံးနေတဲ့ တိုက်လေယာဉ်မှူးကို အီရန် နဲ့ အမေရိကန် နှစ်ဘက်စလုံးက အပူတပြင်း ရှာဖွေနေပါတယ်။ လေယာဉ်မှူးကို ဘယ်သူအရင်တွေ့မလဲ ဆိုတဲ့ ပြိုင်ပွဲဟာ အရှိန်မြင့် နေဆဲဖြစ်ပြီး အီရန်နိုင်ငံထဲက ရွှေ့ပြောင်းနေထိုင်သူ လက်နက်ကိုင် တွေကလည်း ဒီရှာဖွေရေးမှာ ပါဝင်လာကြတာပါ။ ပြီးခဲ့တဲ့ သောကြာနေ့တုန်း ကတော့ အီရန်လေပိုင်နက်အတွင်းမှာ အမေရိကန် F-15 တိုက်လေယာဉ်တစ်စီးကို အီရန်ဘက်က ပစ်ချခဲ့တာ ဖြစ်ပြီး ဒါဟာ အခုစစ်ပွဲအတွင်း အီရန်နယ်နိမိတ်ထဲမှာ အမေရိကန် ဘက်က ပထမဆုံးအကြိမ် လေယာဉ်တစ်စီး ဆုံးရှုံးခဲ့ရတာလည်း ဖြစ်ပါတယ်။ လေယာဉ်ပေါ် ပါလာတဲ့ လေယာဥ်မှူး နှစ်ဦး စလုံးဟာ လေယာဉ်ထဲ
မကွေးရေနံမှော်တွေကို NUG နဲ့ မကွေးယူနစ် ပူးတွဲ ကြီးကြပ်ဖို့ သဘောတူ
- by Lai Htar Hlaing
- April 5, 2026
- 0 Comments
ဧပြီ ၄ – ၂၀၂၆ NUG ကနေ မကွေးရေနံမှော် နေရာတွေကို တပ်တွေနဲ့ လာရောက် ဝိုင်းထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး NUG နဲ့ မကွေးယူနစ် အကြား ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရာ မနေ့က သဘောတူညီမှု ရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ သဘောတူညီမှုအရ ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေကို NUG နဲ့ မကွေးယူနစ် ပူးတွဲ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ကာ စီမံခန့်ခွဲသွားမှာ ဖြစ်တယ်လို့ ဖေါ်ပြထား ပါတယ်။ ကြီးကြပ်ရေးအဖွဲ့မှာ NUG ဘက်က ဒေါက်တာဇော်ဝေစိုး နဲ့ ဝန်ကြီး ဦးစိုးသူရထွန်း တို့ ပါဝင်မှာ ဖြစ်ပြီး မကွေးဘက်က ယူနစ်ဝန်ကြီးချုပ်နဲ့ ယူနစ် အမတ် တဦးတို့ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ —————————
NUG နဲ့ မကွေးယူနစ်အကြား ရေနံမှော်အရေးဖြစ်နေတဲ့ မြိုင်နဲ့ ပေါက် အစပ်မှာ စစ်တပ်က နေ့စဥ်ဗုံးကြဲနေ
- by Lai Htar Hlaing
- April 5, 2026
- 0 Comments
ဧပြီ ၄ – ၂၀၂၆ NUG နဲ့ မကွေးယူနစ်အကြား ရေနံမှော်အရေးဖြစ်နေတဲ့ မြိုင်နဲ့ ပေါက် အစပ်မှာ စစ်တပ်က ဒီကနေ့မှာ လေယာဥ် ၄ စင်းနဲ့ ဗုံးလာကြဲသွားတယ်လို့ သိရပါတယ်။ ဧပြီ ၂ ရက်နေ့က ပေါက်မြို့နယ် မြောက်ပိုင်းကို ၆ ကြိမ် ဗုံးကြဲရာမှာတော့ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ၂ ဦးကတော့ စိုးရိမ်ရတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။ ဒါ့အပြင် အိမ်တလုံး နဲ့ ကား ၁ စီး လည်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ ရေနံမှော်အရေး နဲ့ ပတ်သက်ပြီး NUG တပ်တွေ အလုံးအရင်းနဲ့ မကွေး ယူနစ်ရဲ့ ရေနဲ့မှော်နေရာတွေကို ဝိုင်းဝန်းပိတ်ဆို့ထားပြီး
သမ္မတသစ် ဦးမင်းအောင်လှိုင်ကို နိုင်ငံရေးပါတီတွေနဲ့ အီးအေအို တချို့ သဝဏ်လွှာပေးပို့
- by Lai Htar Hlaing
- April 5, 2026
- 0 Comments
ဧပြီ ၄ – ၂၀၂၆ ပြည်သူ့ရှေ့ဆောင်ပါတီ ပြည်သူ့ပါတီ ရခိုင့်ဦးဆောင်ပါတီ နဲ့ အီးအာအို ဖြစ်တဲ့ ALP တို့ကနေ သမ္မတသစ် ဦးမင်းအောင်လှိုင် ကို ဝမ်းမြောက်ကြောင်း ဂုဏ်ပြု သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။ —————————
အမေရိကန် F-15 ဂျက်ဖိုက်တာ အီရန်နိုင်ငံထဲမှာ ပစ်ချခံရ
- by Lai Htar Hlaing
- April 4, 2026
- 0 Comments
ဧပြီ ၄ – ၂၀၂၆ အီရန်နိုင်ငံထဲမှာ အမေရိကန် F-15 ဂျက်ဖိုက်တာ ပစ်ချခံလိုက်ရပြီး လေယာဥ်မှူး တဦးကိုတော့ ကယ်တင်နိုင်ခဲ့ပြီလို့ အမေရိကန် သတင်း မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။ CBS သတင်းအရ အီရန်တောင်ပိုင်းမှာ ပျက်ကျသွားတဲ့ အမေရိကန် F-15 တိုက်လေယာဉ်ကို ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒုတိယ လေယာဥ်မှူးက အခြေအနေကိုတော့ အခုထ တိတိကျကျ မသိရ သေးဘူးလို့ ဆိုပါတယ်။ အခုဖြစ်စဉ်ဟာ လက်ရှိပဋိပက္ခ အတွင်း အီရန်နိုင်ငံပေါ်မှာ အမေရိကန် တိုက်လေယာဉ် ပထမဆုံး ပစ်ချခံရတဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။ F-15 လေယာဉ်မှူးတွေကို ကယ်တင်ဖို့ ကြိုးစားတဲ့ အချိန်မှာ A-10 Warthog တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ်
သမ္မတ အဖြစ် တင်မြှောက်ခံရတဲ့ မစ္စတာ မင်းအောင်လှိုင်ကို တရုတ်နိုင်ငံက ဂုဏ်ယူဝမ်းမြောက်ကြောင်းပြော
- by Lai Htar Hlaing
- April 4, 2026
- 0 Comments
ဧပြီ ၃ – ၂၀၂၆ မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ မစ္စတာ မင်းအောင်လှိုင်ကို တရုတ်နိုင်ငံ အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မော်နင်း က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ သတင်းထောက်က သဘောထားမေးမြန်းရာ အခုလို မစ္စမောနင်းက ပြန်လည် ဖြေကြားလိုက်တာ ဖြစ်ပါတယ်။ သူမက ဆက်ပြီး ပြောရာမှာ တရုတ်နဲ့ မြန်မာဟာ ရှေးယခင် ကတည်းကပင် ချစ်ကြည်ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံတွေ၊ အိမ်နီးချင်း ကောင်းတွေ ဖြစ်ကြသလို အနာဂတ်ကို အတူတကွ ပုံဖော်မယ့် အသိုက်အဝန်း တခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာပြည်သူအားလုံး အပေါ် ချစ်ကြည်ရင်းနှီးတဲ့ မူဝါဒကို ကျင့်သုံးပြီး မြန်မာအစိုးရသစ် အနေနဲ့ တိုင်းပြည် တည်ငြိမ် အေးချမ်းအောင်
