နိုင်ငံရေး

နိုင်ငံရေး

မြန်မာသမ္မတသစ် စစ်အာဏာရှင် မင်းအောင်လှိုင်ကို ဂျီနိုဆိုက် နဲ့ အင်ဒိုနီးရှားမှာ တရားစွဲမယ်

ဧပြီ ၃ – ၂၀၂၆ အာဏာသိမ်း စစ်အာဏာရှင် မင်းအောင်လှိုင်ကို ရိုဟင်ဂျာ ဂျီနိုဆိုက် အမှုနဲ့ လူပုဂ္ဂိုလ် ၁၀ ဦးတို့ကနေ လာမယ့် ဧပြီလ ၆ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ အစိုးရရှေ့နေရုံးမှာ တိုင်ကြားစာကို တင်သွင်းသွားမှာ ဖြစ်တယ်လို့ အဖွဲ့ ၃ ဖွဲ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ထား ပါတယ်။ လူပုဂ္ဂိုလ် ၁၀ ဦးထဲမှာ ဂျီနိုဆိုက်က လွတ်မြောက်လာသူ Yasmin Ullah၊ အင်ဒိုနီးရှားနိုင်ငံရှေ့နေချုပ်ဟောင်း Marzuki Darusmani နဲ့ အင်ဒိုနီးရှား နိုင်ငံ အကြီးဆုံး မွတ်ဆလင်အဖွဲ့ရဲ့ ဥက္ကဋ္ဌ Busyro Muqoddas တို့ ပါဝင်တယ်လို့ သိရပါတယ်။ Yasmin Ullah က သူမ ကိုယ်တိုင်

Read More
နိုင်ငံရေး ပြည်တွင်း

သမ္မတအဖြစ် တင်မြှောက်ခံရတဲ့ ဦးမင်းအောင်လှိုင်ကို UWSA က ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

ဧပြီ ၃ – ၂၀၂၆ ဒီကနေ့ ပြည်‌ထောင်စုလွှတ်တော်ကနေ သမ္မတ အဖြစ် မဲပေး ရွေးချယ် လိုက်တဲ့ သမ္မတ ဦးမင်းအောင်လှိုင်ကို UWSA က ဂုဏ်ယူဝမ်းမြောက် ကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။ ———————- ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ လေးစားအပ်ပါသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတ မင်းအောင်လှိုင် မြန်မာနိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရကြောင်းကို ဝမ်းမြောက်စွာ ကြားသိရပါသည်။ “၀” ပြည် သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီ၊ “၀” ပြည်နယ် ပြည်သူ့အစိုးရ၊ “၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဗဟိုဌာနချုပ်နှင့် “၀” ပြည်နယ် ရှိ ပြည်သူများအားလုံးမှ လှိုက်လှဲစွာ ဂုဏ်ပြုကြောင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။ သမ္မတကြီးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း တာဝန်ကျေပွန်စွာ

Read More
နိုင်ငံရေး ပြည်တွင်း

တပ်ချုပ် တဖြစ်လဲ ဦးမင်းအောင်လှိုင် ကို ၁၁ ဦးမြောက် သမ္မတ အဖြစ် ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်

ဧပြီ ၃ – ၂၀၂၆ မြန်မာနိုင်ငံရဲ့ (၁၁) ဦးမြောက် သမ္မတ အဖြစ် ဒီကနေ့ ပြည်ထောင်စု လွှတ်တော် မှာ တပ်ချုပ် တဖြစ်လဲ ဦးမင်းအောင်လှိုင် ကို ရွေးချယ် တင်မြှောက်လိုက်ပါတယ်။ မဲပေးရွေးချယ်ရာမှာ ဒုသမ္မတ ၁ အဖြစ် ဦးညိုစောက ဖြစ်လာပြီး ဒုတိယ သမ္မတ ၂ အဖြစ် ဒေါ်နန်းနီနီအေး ဖြစ်လာကြပါတယ်။ မဲလက်မှတ်နဲ့ လျှို့ဝှက် ဆန္ဒမဲပေးတဲ့ စနစ်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဦးမင်းအောင်လှိုင်ဟာ ကိုယ်စားလှယ် ၅၈၄ ယောက် တက်ရောက်တဲ့ထဲက ၄၂၉ မဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဦးညိုစော က ၁၂၆ မဲ နဲ့ ဒုတိယ သမ္မတ ၁၊ ဒေါ်နန်းနီနီ‌အေးက ၂၉

Read More
နိုင်ငံရေး ပြည်တွင်း

NUG နဲ့ မကွေးဖက်ဒရယ် ယူနစ် တွေ့ဆုံဆွေးနွေး

ဧပြီ ၂ – ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မကွေးဖက်ဒရယ် ယူနစ် တာဝန်ရှိသူတွေ အွန်လိုင်းကနေ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG က သတင်းထုတ်ပြန်ထားပါတယ်။ ဆွေးနွေးမှု ကိစ္စရပ်တွေကတော့ NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရ အကြား လုပ်ပိုင်ခွင့် အာဏာခွဲဝေရေး နဲ့ ဆက်နွယ်တဲ့ ကိစ္စရပ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ဖေါ်ပြထားခြင်း မရှိပါ။ ဆွေးနွေး ညှိနှိုင်းမှုတွေကို အဆင်ပြေမှုရရှိသည်အထိ စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားကြဖို့ သဘောတူ ခဲ့တယ်လို့ လည်း ဖေါ်ပြထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက NUG MOD တပ်တွေက အင်အားအလုံး အရင်းနဲ့ မကွေးက ရေနံမြေရှိရာ တဝိုက်ကို ဝိုင်းဝန်းပိတ်ဆို့မှုတွေ

Read More
နိုင်ငံရေး ပြည်တွင်း

မြဝတီ – ကော့ကရိတ် – ဘားအံ အာရှလမ်းမကြီး ဒီကနေ့ ပြန်ဖွင့်

ဧပြီ ၂ – ၂၀၂၆ ၂ နှစ်ကျော်ကြာ ပိတ်ထားတဲ့ ထိုင်း – မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီ – ကော့ကရိတ် – ဘားအံ အာရှလမ်းမကြီးကို ဒီနေ့ ဧပြီ ၂ ရက်နေ့ မနက်ပိုင်းကစပြီး ပြန်လည် ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။ လက်ရှိမှာ ဆိုင်ကယ် နဲ့ အိမ်စီးကား ၊ လူစီး ခရီးသည်တင် ကားတွေကို ဖြတ်သန်းသွား လာခွင့်ပြုထားပြီး ကုန်ကားတွေကိုတော့ သွားလာခွင့် မပြုသေးဘူးလို့ သိရပါတယ်။ ဒီကနေ့မနက် အာရှလမ်းမကြီး ကနေ ဖြတ်သန်းသွားလာခဲ့တဲ့ ခရီးသွား ပြည်သူတယောက်က ” အာရှလမ်းဖွင့်ပါပြီ။ အားလုံး အေးအေးဆေးဆေး ပါပဲ။ ပုံမှန်လိုပဲ သွားလာနေကြပါတယ်။ ဆိုင်ကယ်တွေလည်း သွားနေ ကြတယ်။

Read More
နိုင်ငံရေး ပြည်တွင်း

မနက်ဖြန် သမ္မတ ရွေးချယ်မယ်၊ ဒုတိယသမ္မတ ၃ ဦး အရည်အချင်း ပြည့်မီကြောင်း ဒီကနေ့ အတည်ပြု

ဧပြီ ၂ – ၂၀၂၆ ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်း အဝေးမှာ ရွေးချယ်ခံထားရတဲ့ ဒုတိယသမ္မတ ၃ ဦး စလုံး အရည်အချင်း ကိုက်ညီမှု ရှိတယ်လို့ သမ္မတ အရည်အချင်း စိစစ်ရေးကော်မတီက ကြေညာခဲ့ ပါတယ်။ ဒုတိယ သမ္မတလောင်း ၃ ဦး ကတော့ တပ်ချုပ်ဟောင်း ဦးမင်းအောင်လှိုင်၊ ဦးညိုစော နဲ့ ဒေါ်နန်းနီနီအေး တို့ ဖြစ်ကြပါတယ်။ ဒီ ဒုတိယသမ္မတ ၃ ဦးထဲကနေ သမ္မတ ကို မနက်ဖြန် ရွေးချယ်မှာ ဖြစ်ပြီး ကျန် ၂ ဦး ကတော့ ဒုသမ္မတ ၁ နဲ့ ၂ တို့ ဖြစ်လာကြမှာပါ။ စစ်တပ်က

Read More
War နိုင်ငံတကာ နိုင်ငံရေး

အီရန်စစ်ပွဲ ရည်မှန်းချက်တွေ “ပြီးလုနီးပါး ဖြစ်နေပြီ” လို့ ထရမ့်ကြေညာ

ဧပြီ ၂ – ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်ကနေ ရုပ်သံ မိန့်ခွန်း ပြောကြားရာမှာ အီရန်နိုင်ငံတွင်းက သူတို့ရဲ့ အဓိက “ရည်မှန်းချက်တွေဟာ ပြီးဆုံးလုနီးပါး ဖြစ်နေပြီ” လို့ ပြောကြားလိုက်ပါတယ်။ အီရန်စစ်ပွဲ မကြာခင်မှာပဲ အပြီးသတ်တော့မယ် လို့လည်း ပြောကြားသွား ပါတယ်။ မိနစ် ၂၀ ခန့်ကြာတဲ့ ဒီမိန့်ခွန်းမှာ ဟော်မုဇ်ရေလက်ကြား သင်္ဘော သွားလာမှု လုံခြုံရေး အတွက် မဟာမိတ်တွေ အနေနဲ့ သတ္တိရှိရှိ တာဝန်ယူ ဖို့ ထရမ့်က တိုက်တွန်းခဲ့ပြီး အမေရိကန် အနေနဲ့ ဒီလမ်းကြောင်းကို မလိုအပ်ဘူး လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ သမ္မတရဲ့ မိန့်ခွန်းအပြီး မှာတော့ ကမ္ဘာ့ရေနံ စျေးနှုန်းဟာ တစည်ကို ၁၀၅ ဒေါ်လာ

Read More
နိုင်ငံတကာ နိုင်ငံရေး

လူလိုက်ပါတဲ့ လကမ္ဘာခရီးစဥ် ဂြိုဟ်တုကို လွှတ်တင်လိုက်ပြီ

လူလိုက်ပါတဲ့ လကမ္ဘာခရီးစဥ် ဂြိုဟ်တုကို လွှတ်တင်လိုက်ပြီ ဧပြီ ၁ – ၂၀၂၆ နှစ်ပေါင်း ၅၀ ကျော် အတွင်း လကမ္ဘာဆီကို ပထမဆုံးအကြိမ် လူလိုက်ပါ သွားတဲ့ NASA ရဲ့ အာကာသခရီးစဉ် စတင် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ အာကာသယာဥ်မှူး ၄ ဦးပါတဲ့ ၁၀ ရက်ကြာမယ့် Artemis II ခရီးစဉ်မှာ အာကာသယာဉ်မှူးတွေဟာ လပေါ်ကို ဆင်းသက်မှာ မဟုတ်ပေမဲ့ လကမ္ဘာကို ပတ်ပြီး ပျံသန်းမှာ ဖြစ်သလို ကမ္ဘာနဲ့ အဝေးဆုံး အထိ သွားရောက်မယ့် လူသားတွေ ဖြစ်ပါတယ်။ အာကာသယာဉ်မှူး ၄ ဦး ဟာ ခရီးစဉ် တလျှောက်လုံး မီနီ ဘတ်စကား တစီးစာ လောက်ပဲရှိတဲ့ အာကာသယာဉ်ငယ်

Read More
War နိုင်ငံရေး ပြည်တွင်း

သံတွဲမြို့နယ်ကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲလို့ ကလေး ၂ ဦး အပါအဝင် အရပ်သား ၄ ဦး သေဆုံးကြောင်း AA သတင်းထုတ်ပြန်

ဧပြီ ၁ – ၂၀၂၆ သံတွဲမြို့နယ်ကို စစ်တပ်ကနေ မနက် ၁၁ နာရီကျော် အချိန်မှာ ဂျက်ဖိုက်တာ (၄) စင်း နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေး (၂) ဦး အပါအဝင် အရပ်သား (၄) ဦး မိသားတစုလုံး သေဆုံးခဲ့ပြီး နောက်ထပ် ကလေး (၂) ဦး နဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁) ဦးလည်း ထိခိုက် ဒဏ်ရာ ရရှိ သွားတယ် လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ထား ပါတယ်။ ဒါ့အပြင် ပင်လယ်ပြင်မှာ တပ်စွဲထားသော စစ်သင်္ဘောတစီး ကနေလည်း လက်နက်ကြီးနဲ့ တချိန်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ —————————

Read More