ဝန်ကြီးဌာန ၃၁ ခုကို အတည်ပြု၊ သမ္မတသစ်က ဝန်ကြီးနာမည် စာရင်းထပ်တင်ပြ
ဧပြီ ၇ – ၂၀၂၆ ပြည်ထောင်စု လွှတ်တော်က ဒီကနေ့မှာ ဝန်ကြီးဌာန ၃၁ ခုကို ဆွေနွေးမှု တချို့ပြုလုပ်ခဲ့ပြီး အားလုံး သဘောတူညီချက်နဲ့ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ သမ္မတသစ်က ဝန်ကြီးနာမည်စာရင်း ၃၀ ကိုလည်း တင်ပြထားပြီး အဲဒီ ဝန်ကြီး ၃၀ ကို လာမယ့် ၉ ရက်နေ့ အစည်းအဝေးမှာ ကန့်ကွက်သူမရှိရင် အတည်ပြုမှာ ဖြစ်ပါတယ်။ တင်ပြထားတဲ့ ပြည်ထောင်စုဝန်ကြီး နာမည်တွေကတော့ ၁။ ဦးခင်မောင်ရီ – အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ၂။ ဦးအောင်ကျော်ဟိုး – နိုင်ငံတော်သမ္မတရုံး ၃။ ဦးတင်အောင်စန်း – ပို့ဆောင်ရေး ၄။ ဦးမြထွန်းဦး – ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်သွယ်ရေး ၅။
