နိုင်ငံရေး

နိုင်ငံရေး ပြည်တွင်း

ဒုသမ္မတလောင်းတွေ အဖြစ် ဦးမင်းအောင်လှိုင်နဲ့ ဒေါ်နန်းနီနီအေး တို့ ဖြစ်လာ

မတ်လ ၃၁ – ၂၀၂၆ ဒီကနေ့ ပြည်သူ့လွှတ်တော် ကနေ ဦးမင်းအောင်လှိုင်ကို ဒုသမ္မတ လောင်းအဖြစ်နဲ့ အမျိုးသားလွှတ်တော်မှာတော့ ဒေါ်နန်းနီနီအေးကို ဒုသမ္မတလောင်းအဖြစ် မဲပေး ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်က ဒေါက်တာကျော်ဆွေ နဲ့ အမျိုးသားလွှတ်တော်က ဒေါက်တာတူးဂျာ တို့ကတော့ ရှုံးနိမ့်သွားခဲ့ပါတယ်။ စစ်တပ်အစုအဖွဲ့က တင်သွင်းမယ့် ဒုသမ္မတလောင်း အပါအဝင် ဒုသမ္မတလောင်း ၃ ဦးကို ပြည်ထောင်စုလွှတ်တောကို တင်ပြီး အဲဒီအထဲက သမ္မတ နဲ့ ဒုသမ္မတ ၁ နဲ့ ဒုသမ္မတ ၂ တို့ကို ထပ်မံ မဲပေး ရွေးချယ်ရမှာ ဖြစ်ပါတယ်။ —————————

Read More
နိုင်ငံရေး ပြည်တွင်း

ပြည်တွင်းအင်အားစုတွေက “နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အစုအဖွဲ့” PCB ဖွဲ့စည်း

မတ်လ ၃၁ – ၂၀၂၆ ပြည်တွင်းနိုင်ငံရေး အင်အားစုတွေကနေ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်‌ပေါက်ရေး အတွက် “နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အစုအဖွဲ့” (Political Coordination Body-PCB) ကို ဖေဖေါ်ဝါရီလမှာ ဖွဲ့စည်းခဲ့ကြောင်း ဒီကနေ့ သတင်းထုတ်ပြန်ထား ပါတယ်။ ဦးစိုင်းညွန့်လွင် ကိုမြအေး ဦးသာထွန်းလှ တို့ ပါဝင်တဲ့ ဒီအဖွဲ့ကို ဖက်ဒရယ်ဆိုင်ရာ ရည်မှန်းချက် ၄ ရပ်နဲ့ ဖွဲ့စည်းခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် အဖွဲ့ရဲ့ သဘောထား ၉ ရပ်ကို ထုတ်ပြန်ထားရာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဥ်းသား များ အားလုံး ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်ရေး အချက်တွေ ပါဝင်ပါတယ်။ —————————

Read More
နိုင်ငံရေး ပြည်တွင်း

ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်ချုပ်ဖြစ်လာတဲ့ အပေါ် UWSA ဝ’ အဖွဲ့ ဂုဏ်ပြု သဝဏ်လွှာပေးပို့

မတ်လ ၃၀ – ၂၀၂၆ ဒီကနေ့ တာဝန်လွှဲပြောင်းယူလိုက်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အတွက် UWSA ဝ’ အဖွဲ့က ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ထံသို့ – ယနေ့တွင် ကျင်းပပြီးစီးခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းမှု အခမ်းအနား သတင်းကို ကြားသိရသည့်အတွက် ဝမ်းမြောက်မိပါသည်။ ယခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ သက်တမ်းအတွင်း အရေးကြီးသော တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်ပြီးနောက် ယခု အခါတွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ထံသို့ တာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဗဟိုကော်မတီ၊ ဝပြည်ပြည်သူ့အစိုးရ၊ ဝပြည် သွေးစည်းညီညွတ်ရေး

Read More
နိုင်ငံတကာ နိုင်ငံရေး

အီရန်နဲ့ သဘောတူညီမှု မရရင် အီရန် ဓါတ်အားပေးစက်ရုံတွေနဲ့ ရေနံတွင်းတွေကို တိုက်ခိုက်ဖျက်ဆီးပစ်မယ်လို့ ထရမ့်ခြိမ်းခြောက်

မတ်လ ၃၀ – ၂၀၂၆ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က မကြာခင် အီရန်နဲ့ သဘောတူညီမှု မရခဲ့ဘူး ဆိုရင် အီရန်ရဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေနဲ့ ရေနံတွင်းတွေကို အမြစ်ပြတ် တိုက်ခိုက်ရှင်းလင်း ပစ်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ ထရမ့်က “ အမေရိကန်ပြည်ထောင်စုဟာ အီရန်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးတွေကို အဆုံးသတ်ဖို့အတွက် ပိုပြီးအကျိုးအကြောင်း နားလည်တဲ့ အစိုးရသစ် တရပ်နဲ့ အလေးအနက် ဆွေးနွေးနေပါတယ်” လို့ သူ့ရဲ့ Truth Social လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေး အတွက် သဘောတူညီမှု မရရင်တော့ အခုထက်ထိ ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့တဲ့ နေရာတွေကို တိုက်ခိုက် သွားမယ်လို့ သတိပေး လိုက်တာ ဖြစ်ပါတယ်။

Read More
War နိုင်ငံရေး ပြည်တွင်း

ပလက်ဝ ကို စစ်တပ်က လေကြောင်းဗုံးကြဲလို့ ကလေးအပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း AA ထုတ်ပြန်

မတ်လ ၃၀ – ၂၀၂၆ မနေ့ မတ်လ ၂၉ ညနေ ၄ နာရီ ကျော်လောက်မှာ ပလက်ဝမြို့နယ် ကြောင်ချောင်းကျေးရွာ ကို ဂျက်ဖိုက်တာ ၂ စီး နဲ့ ဗုံးကြဲတိုက်ခိုက်တာ အပြင် ရော့ကက်နဲ့ပါ တိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် AA သတင်းထုတ်ပြန်ထားပါတယ်။ အခုလို လေကြောင်း တိုက်ခိုက်မှုကြောင့် ကြောင်ချောင်းကျေးရွာ က အသက် (၁၆) နှစ်အောက် ကလေး (၄) ဦး အပါအဝင် အရပ်သား ၇ ဦး ဆေုံးခဲ့ပြိး နောက်ထပ် ကလေးငယ် ၂ ဦး အပါအဝင် ၄ ဦး ကတော့ ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် လူနေအိမ်တွေလည်း မီးလောင်

Read More
War နိုင်ငံတကာ နိုင်ငံရေး

အီရန်ရဲ့တိုက်ခိုက်မှုကြောင့် အမေရိကန် ထောက်လှမ်းရေး လေယာဥ်ပျက်စီး

မတ်လ ၃၀ – ၂၀၂၆ အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် ဆော်ဒီအာရေဗျ လေတပ်စခန်းမှာ ရှိတဲ့ အမေရိကန် လေတပ်ရဲ့ E-3 Sentry လေယာဉ်တစင်း ပျက်စီးသွားတဲ့ ဓါတ်ပုံ အတည်ပြုချက် ထွက်ပေါ်လာပါတယ်။ CNN ရဲ့ဖေါ်ပြချက်အရ အမြီးပိုင်းကျိုးပျက်ပြီး ပျက်စီးနေတဲ့ အမေရိကန် လေယာဉ်ဟာ ဆော်ဒီက Prince Sultan လေတပ်စခန်း မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လေတပ်စခန်းကို တိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် အနည်းဆုံး ၁၀ ဦး ဒဏ်ရာ ရရှိခဲ့ပြီး သေဆုံးသူတော့ မရှိခဲ့ကြောင်း CNN ရဲ့ အရင်သတင်းဖေါ်ပြချက်မှာ တွေ့ရပြီး အမေရိကန်လေတပ် လောင်စာဆီတင် လေယာဉ်တစင်းလည်း ပျက်စီးသွားတာ ကို ဖေါ်ပြခဲ့ဖူး ပါတယ်။ E-3 Sentry လေယာဥ်ဟာ

Read More
နိုင်ငံရေး ပြည်တွင်း

တပ်ချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဆိုတာဘယ်သူလဲ

မတ်လ ၃၀ – ၂၀၂၆ ၁၁ ဦးမြောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကို ၁၉၆၆ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ဖြစ်ပါတယ်။ သူဟာ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း အမှတ်စဉ် (၇၇) ဆင်း အရာရှိ တဦးဖြစ်ပြီး ပြန်တမ်းဝင်အမှတ် ကြည်း ၂၁၄၄၀ နဲ့ စစ်မှုထမ်းခဲ့ ကာ ဗိုလ်မှူးကြီး အဆင့်ဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် စစ်ဦးစီးမှူး (ပထမတန်း-G1) နဲ့ အမှတ် (၁၁) ခြေမြန်တပ်မ ဌာနချုပ် တပ်မမှူး တာဝန်တွေကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့မှာ ဗိုလ်မှူးချုပ် အဆင့်နဲ့ တပ်မတော်

Read More
နိုင်ငံရေး ပြည်တွင်း

ဒုချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရာထူးကို ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ခန့်အပ်

မတ်လ ၃၀ – ၂၀၂၆ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နဲ့ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ရာထူးကို ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ပူးတွဲ ခန့်အပ် လိုက်ပါတယ်။ တပ်ချုပ်ရာထူး လွှဲပြောင်းပေးပြီး တပ်ချုပ်ဟောင်း မင်းအောင်လှိုင် ထွက်ခွာသွားပြီး တဲ့နောက် ဒုချုပ်နဲ့ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ရာထူးကို ဒုချုပ်စိုးဝင်းက ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို အခမ်းအနား နဲ့ လွှဲပြောင်း ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ အခမ်းအနားမှာ ဒုချုပ်စိုးဝင်းက ဗိုလ်ချုပ်ကြီးကျော်စွာလင်း ကို အဆောင် အယောင်ဓား နဲ့ ဒုဦးစီးချုပ်ရုံး အလံတို့ကို လွှဲပြောင်းပေးအပ်ပြီး ဦးစီး ကွပ်ကဲမှု တံဆိပ်ကို တပ်ဆင်ပေးခဲ့ပါတယ်။ —————————

Read More