နိုင်ငံရေး

နိုင်ငံရေး

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF ဖွဲ့တော့မယ်၊ NUCC အခန်းကဏ္ဍပျောက်နေ

မတ်လ ၃၀ – ၂၀၂၆ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ Steering Council for Emergence of a Federal Democracy Union SCEF ကို ဖွဲ့စည်းဖို့ NUG CRPH နဲ့ K3C တို့ ဆွေးနွေးနေ ပြီး မကြာခင် အကောင်အထည် ဖေါ်တော့မယ်လို့ သိရပါတယ်။ ဒီကောင်စီ ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ KIO KNPP KNU CNF တိုင်းရင်းသား အဖွဲ့တွေ ပူးပေါင်း ပါဝင်မှာ ဖြစ်ပါတယ်။ အဖွဲ့ရဲ့ ရည်ရွယ်ချက် ကတော့ တော်လှန်ရေး အောင်မြင်ဖို့

Read More
နိုင်ငံရေး

NUG ပြည်ထဲရေး ဒုဝန်ကြီး တဦး ခန့်အပ်

မတ်လ ၃၀ – ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထဲရေး ဒုဝန်ကြီး အဖြစ် ဦးဌေးငွေ ကို ခန့်အပ်လိုက်ကြောင်း သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကနေ ဦးဌေးငွေ ကို ဒုဝန်ကြီး အဖြစ် အွန်လိုင်း အခမ်းအနား နဲ့ တာဝန်ခန့်အပ် ခဲ့တာ ဖြစ်ပါ တယ်။ ဦးဌေးငွေက CRPH ရှေ့မှောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက် CRPH ဥက္ကဋ္ဌ က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရပ်နားခဲ့ ကြောင်း သိရပါတယ်။ —————————

Read More
နိုင်ငံရေး ပြည်တွင်း

ဦးမင်းအောင်လှိုင် အပါအဝင် ဒုသမ္မတလောင်း ၄ ဦးကို လွှတ်တော် ၂ ရပ်မှာ အမည်စာရင်းတင်သွင်း

မတ်လ ၃၀ – ၂၀၂၆ တပ်ချုပ်ဟောင်း ဦးမင်းအောင်လှိုင် အပါအဝင် ဒုသမ္မတလောင်း ၄ ဦးကို လွှတ်တော် ၂ ရပ်မှာ ဒီကနေ့ အမည်စာရင်းတင်သွင်း ခဲ့ကြပါတယ်။ ပြည်သူ့လွှတ်တော်မှာဦးမင်းအောင်လှိုင်နဲ့ ဒေါက်တာကျော်ဆွေ တို့ကို ဒုသမ္မတလောင်းတွေ အဖြစ် အမည်စာရင်းတင်သွင်းခဲ့ပြီး အမျိုးသား လွှတ်တော်မှာတော့ ဒေါ်နန်းနီနီအေးနဲ့ ဒေါက်တာမနမ်တူးဂျာ တို့ကို အဆိုပြုခဲ့ကြတာ ဖြစ်ပါတယ်။ —————————

Read More
နိုင်ငံရေး ပြည်တွင်း

တပ်မ‌တော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဖြစ်လာ

မတ်လ ၃၀ – ၂၀၂၆ ဒီကနေ့ နေပြည်တော်မှာ စစ်တပ် အကြီးဆုံး ရာထူးဖြစ်တဲ့ တပ်မ‌တော် ကာကွယ်ရေးဦးစီးချုပ် နေရာကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို တာဝန် လွှဲပြောင်း ပေးအပ်လိုက်ပါတယ်။ တာဝန်လွှဲပြောင်းတဲ့ အခမ်းအနားမှာ လက်ရှိ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံကို အဆောင်အယောင်ဓါး နဲ့ အလံတို့ကို လွှဲပြောင်းပေးအပ်ပေးခဲ့ပြီး ဦးစီးကွပ်ကဲမှု တံဆိပ်ကို တပ်ဆင် ပေးခဲ့ပါတယ်။ —————————

Read More
နိုင်ငံတကာ နိုင်ငံရေး

အမေရိကန်နဲ့ အစ္စရေး အရာရှိကြီးတွေရဲ့ နေအိမ်တွေနဲ့ တက္ကသိုလ်တွေကို တိုက်ခိုက်မယ်လို့ အီရန် ခြိမ်းခြောက်

မတ်လ ၃၀ – ၂၀၂၆ အီရန်ဟာ ဒေသတွင်းမှာရှိတဲ့ အမေရိကန်နဲ့ အစ္စရေး အရာရှိကြီးတွေရဲ့ နေအိမ်တွေနဲ့ တက္ကသိုလ်တွေကို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ ထပ်မံ ခြိမ်းခြောက်လိုက်ပါတယ်။ အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေကို ပေါင်းစပ်ညှိနှိုင်းပေးရတဲ့ အဆင့်မြင့်ဆုံး စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ Ebrahim Zolfaghari က ဒေသတွင်းမှာရှိတဲ့ အမေရိကန်နဲ့ အစ္စရေး စစ်ဗိုလ်ချုပ် တွေနဲ့ အရာရှိ တွေ ရဲ့ နေအိမ်တွေကို တိုက်ခိုက် သွားမယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်နိုင်ငံရဲ့ မြို့အသီးသီးက အရပ်သား နေအိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်တဲ့အတွက် ဒါဟာ လက်တုံ့ပြန်မယ့် လုပ်ဆောင်ချက် တခုဖြစ်တယ်လို့ သူက စွပ်စွဲ ပြောကြားခဲ့ တာပါ။ အီရန်အလယ်ပိုင်း အစ္စဖာဟန်မြို့မှာရှိတဲ့

Read More
War နိုင်ငံတကာ နိုင်ငံရေး

အမေရိကန်မြေပြင်တပ်တွေကို “မီးမိုးရွာချနိုင်ဖို့” အီရန်တပ်ဖွဲ့တွေက ‘’စောင့်နေတယ်’’ လို့ အီရန်ပြော

မတ်လ ၂၉ – ၂၀၂၆ အီရန်စစ်ပွဲ အတွက် အနောက်အာရှ ဒေသတွင်းကို အမေရိကန် မရိန်း တပ်ဖွဲ့ဝင်တွေ ထပ်မံ ရောက်ရှိလာချိန်မှာပဲ အီရန်ဘက်ကလည်း သူတို့ရဲ့ တပ်ဖွဲ့တွေဟာ အမေရိကန် ခြေလျင်တပ် တွေကို “စောင့်ကြိုနေတယ်” လို့ ပြောဆိုလိုက်ပါတယ်။ အီရန်လွှတ်တော် ဥက္ကဋ္ဌ Mohammad Bagher Ghalibaf က အမေရိကန် စစ်သားတွေ မြေပြင်ကို ခြေချလာတာနဲ့ သူတို့ပေါ်ကို “မီးမိုးရွာချနိုင်ဖို့” အီရန် တပ်ဖွဲ့တွေက စောင့်ဆိုင်း နေကြတာဖြစ်တယ်လို့ ပြောကြားခဲ့ ပါတယ်။ အမေရိကန်ရဲ့ စစ်သင်္ဘော USS Tripoli နဲ့ အတူ စစ်သည် အင်အား ၃၅၀၀ လောက်ဟာ ဒေသတွင်းကို ရောက်ရှိလာပြီ ဖြစ်ကြောင်း ကြေညာချက် ထွက်ပေါ်လာပြီးနောက်မှာ

Read More