နိုင်ငံရေး

War နိုင်ငံတကာ နိုင်ငံရေး

အီရန်ဘက်က သဘောမတူရင် အိပ်မက်ဆိုး ဖြစ်လိမ့်မယ်လို့ ထရမ့်သတိပေး၊ အိမ်ဖြူတော်မှာ သမ္မတထရမ့် ကက်ဘိနက် အစည်းအဝေးကျင်းပ

မတ်လ ၂၆ – ၂၀၂၆ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ အီရန်စစ်ပွဲစတင် ကတည်းက ပထမဆုံးပြုလုပ်တဲ့ အိမ်ဖြူတော် ကက်ဘိနစ် အစည်းအဝေးမှာ သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေနဲ့ စစ်ပွဲ အဆုံးသတ်ဖို့ သဘောတူညီချက်ကို ညှိနှိုင်းသင့်တယ်လို့ ထပ်လောင်းပြောဆိုလိုက်ပြီး တီဟီရန် ဘက်က ဆွေးနွေးပွဲ စားပွဲဝိုင်းကို ရောက်မလာဘူးဆိုရင် အမေရိကန် အနေနဲ့ ဆက်လက် ချေမှုန်းသွားမယ် လို့ သတိပေးလိုက်ပါတယ်။ ထရမ့်ရဲ့ မှတ်ချက်စကားတွေကြောင့် အမေရိကန်နဲ့ အီရန်အကြား ကြားခံနိုင်ငံတွေက တဆင့် လုပ်ဆောင်နေတဲ့ သွယ်ဝိုက် ဆွေးနွေးမှုတွေရဲ့ အခြေအနေ အပေါ် မေးခွန်း အသစ်တွေ ထွက်ပေါ် လာစေပါတယ်။ အီရန်ဟာ စစ်ပွဲ အဆုံးသတ်ဖို့ သဘောတူညီမှု ရယူချင်နေတယ်လို့ သမ္မတက ရက်အတော်ကြာ ပြောဆို

Read More
နိုင်ငံတကာ နိုင်ငံရေး

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ရဲ့ ရေတပ်ဗိုလ်ချုပ်ကို သုတ်သင် လိုက်ပြီလို့ အစ္စရေးက ကြေညာ

မတ်လ ၂၆ – ၂၀၂၆ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ရဲ့ ရေတပ် တပ်မှူး Alireza Tangsiri ကို သတ်ဖြတ်လိုက်ပြီလို့ အစ္စရေးက ပြောကြားလိုက်ပါတယ်။ Alireza Tangsiri ဟာ ဟော်မုဇ်ရေလက်ကြားကို ဗုံးကြဲတာနဲ့ ပိတ်ဆို့တာ မျိုးလို အကြမ်းဖက် လုပ်ရပ်တွေ အတွက် တိုက်ရိုက် တာဝန်ရှိသူဖြစ်ပြီး အခုတော့ ပေါက်ကွဲမှုအတွင်း သေဆုံးသွားပြီ လို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီး Israel Katz က ပြောပါတယ်။ ဒါ့အပြင် တခြား ရေတပ်က အဆင့်မြင့်အရာရှိကြီး အတော်များများ ကိုလည်း သုတ်သင် နိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အီရန်ဘက်ကတော့ တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါ။ Alireza Tangsiri

Read More
War နိုင်ငံရေး ပြည်တွင်း

အမျိုးသားလွတ်မြောက်ရေးတပ်တော် NLA က NUG MOD အောက် PDF တပ်ရင်း အဖြစ်ခံယူ

မတ်လ ၂၆ – ၂၀၂၆ NLA ခေါင်းဆောင် ကိုဇီးကွက်နဲ့ ရဲဘော်တချို့ကို NUG က မကြာသေးခင်က ဖမ်းဆီးထားခဲ့ပြီး၊ အခုတော့ NLA ဟာ NUG MOD လက်အောက်ခံတပ်ရင်း အဖြစ် ခံယူသွားပြီ ဖြစ်ပါတယ်။ NUG MOD ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ စစ်ကိုင်းတိုင်း၊ တမူးဒေသ အခြေစိုက် NLA ဟာ PDF တပ်ရင်း အဖြစ် ကူးပြောင်းရပ်တည်ပြီး အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုကို မတ်လ ၂၀ ရက်နေ့မှာ ခံယူခဲ့ ကြောင်း ဖေါ်ပြထားပါတယ်။ လိုကယ် အဖွဲ့တွေ အနေနဲ့ NUG MOD ကွပ်ကဲမှု‌အောက် ပူးပေါင်းဖို့ အစဉ်အမြဲ ကြိုဆိုလျက် ရှိကြောင်းလည်း

Read More
War နိုင်ငံတကာ နိုင်ငံရေး

ဆွေးနွေးဖို့ မရည်ရွယ်ထားဘူးလို့ အီရန်ပြော၊ အမေရိကန်ကတော့ စစ်ပွဲရည်မှန်းချက်တွေ ပြည့်မီတော့မယ်လို့ အခိုင်အမာဆို

မတ်လ ၂၆ – ၂၀၂၆ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က နိုင်ငံပိုင်ရုပ်သံ သတင်းဌာနနဲ့ အင်တာဗျူးမှာ အမေရိကန်ဟာ အခုရက်ပိုင်းအတွင်း ကြားခံနိုင်ငံ အသီးသီးက တဆင့် သတင်းစကားမျိုးစုံ ပေးပို့နေတယ် လို့ ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ဒီသတင်းစကားတွေကို မိတ်ဆွေနိုင်ငံတွေက တဆင့် ပေးပို့လာတာ ဖြစ်ပြီး၊ အီရန်ဘက် ကလည်း သူတို့ရဲ့ ရပ်တည်ချက်တွေနဲ့ သတိပေးချက်တွေကိုပဲ ပြန်လည် အကြောင်း ပြန်နေတာဖြစ်လို့ ဒါဟာ “ဆွေးနွေးပွဲလည်းမဟုတ်သလို၊ ညှိနှိုင်းမှုလည်းမဟုတ်ဘူး၊ အဲဒီလိုမျိုး ဘာတခုမှ မဟုတ်ဘူး” လို့ ပြောပါတယ်။ မစ္စတာ Abbas Araghchi က အီရန်ရဲ့ လက်ရှိ မူဝါဒဟာ ဆက်လက်ခုခံကာကွယ်ဖို့ ပဲဖြစ်ပြီး လောလောဆယ် ဆွေးနွေးဖို့ ဘာအစီအစဉ်မှမရှိဘူး လို့လည်း

Read More
နိုင်ငံတကာ နိုင်ငံရေး

အီရန်စစ်ပွဲ အဆုံးသတ်ရေး သမ္မတ ထရမ့်ရဲ့ ၁၅ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ် က ဘာတွေလဲ

မတ်လ ၂၅ – ၂၀၂၆ အီရန်စစ်ပွဲ အဆုံးသတ်ရေး ပါကစ္စတန် ကနေ တဆင့် အမေရိကန်အဆိုပြုထားတဲ့ အချက် ၁၅ ချက် ၁။ အီရန်အပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှု အားလုံးကို ဖယ်ရှားပေးရန်။ ၂။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက် အရပ်ဘက်သုံး နျူကလီးယား စီမံကိန်းတခုကို တိုးမြှင့် ဖော်ဆောင်ရာတွင် အမေရိကန်က ကူညီပေးရန်။ ၃။ ပိတ်ဆို့မှုများ တကျော့ပြန် ပြန်လည်ချမှတ်မည့် ခြိမ်းခြောက်မှုများကို ဖယ်ရှားပေးရန်။ ၄။ အီရန် နျူကလီးယားအစီအစဉ်ကို သတ်မှတ်ထားသော ဘောင်အတွင်းမှ ရပ်ဆိုင်း ထားရန်။ ၅။ သန့်စင်ပြီးသား ယူရေနီယံများကို ဆက်လက် ထားရှိခွင့်ပြုမည်ဖြစ်သော်လည်း စောင့်ကြည့် စစ်ဆေးမှုနှင့် သဘောတူထားသော ကန့်သတ်ချက်များ အောက်တွင်သာ ရှိနေစေရန်။ ၆။ ဒုံးကျည်အစီအစဉ်နှင့်

Read More
နိုင်ငံတကာ နိုင်ငံရေး

အမေရိကန် ငြိမ်းချမ်းရေး အစီအစဥ်ကို အီရန်ပယ်ချ၊ စစ်ပွဲရပ်တန့်ရေး သတ်မှတ်ချက် ၅ ချက်ကို အီရန် ထုတ်ပြန်

မတ်လ ၂၅ – ၂၀၂၆ အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ဟာ အလွန်အကျွံ ဖြစ်နေတယ်လို့ ဆိုကာ အီရန်က ပယ်ချလိုက်ပြီး စစ်ပွဲရပ်တန့်ရန်အတွက် သတ်မှတ်ချက် ၅ ချက်ကို ထုတ်ပြန်လိုက်ကြောင်း အီရန်အရာရှိ တဦးက နိုင်ငံပိုင်မီဒီယာကို ပြောကြားခဲ့ပါတယ်။ အမေရိကန်ရဲ့ အဆိုပြုချက်ကို အီရန်က ပယ်ချလိုက်ကြောင်း အဆင့်မြင့် နိုင်ငံရေးနှင့် လုံခြုံရေးအရာရှိ တဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး အီရန် နိုင်ငံပိုင် Press TV သတင်းဌာနက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဘယ်အရာရှိဆိုတာကို မဖေါ်ပြဘဲ အီရန်အနေနဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ကိုယ်တိုင် ဆုံးဖြတ်တဲ့ အချိန်နဲ့ ကိုယ်တိုင် သတ်မှတ်ထားတဲ့ အခြေအနေ တွေ ပြည့်စုံတဲ့ အချိန်ကျမှသာ စစ်ပွဲကို အဆုံးသတ်မှာဖြစ်တယ် လို့ အဲဒီ

Read More
နိုင်ငံရေး

ခါးကြောညပ် ခွဲစိတ်ကုသခံယူပြီးနောက် တပ်ချုပ် ပြန်ထွက်လာ၊ စစ်သုံးဆီ ချွေတာရေး တက်ရောက်စကားပြော

မတ်လ ၂၅ – ၂၀၂၆ စစ်ကော်မရှင် ဥက္ကဌ ဟာ ခါးကျီးပေါင်းရောဂါ ကြောင့် အကြောညပ်လို့ မတ်လ ၂၀ ရက်နေ့က အရေးပေါ် ခွဲစိတ်ကုသခဲ့ရပြီးနောက် မနေ့ မတ်လ ၂၄ ရက် မှာတော့ ပြန်ထွက်လာပြီး စက်သုံးဆီ ချွေတာရေး အစည်းအဝေး တက်ရောက်စကား ပြောခဲ့ပါတယ်။ အီရန်စစ်ပွဲကြောင့် နိုင်ငံတိုင်း စက်သုံးဆီ ရှားပါးမှု ကြုံတွေ့နေရတဲ့ အတွက် မြန်မာနိုင်ငံမှာလည်း ဒီအခက်အခဲ့ကို ကျော်လွားနိုင်ဖို့ လာမယ့် သင်္ကြန်ပွဲကို အကန့်အသတ်နဲ့သာ ကျင်းပဖို့ သူက ပြောကြားသွားပါတယ်။ ဒါ့အပြင် ရထားတွေကို လျှပ်စစ်ခေါင်းတွဲနဲ့ ပြေးဆွဲဖို့ ကိစ္စအပါအဝင် အဝေးပြေး ဘတ်စ်ကားတွေ နဲ့ အများပြည်သူသုံး ယာဥ်တွေ အတွက် လိုအပ်တဲ့ စက်သုံးဆီကို မဖြစ်မနေ

Read More
နိုင်ငံတကာ နိုင်ငံရေး

အမေရိကန်ရဲ့ ၁၅ ချက်ပါ ငြိမ်းချမ်းရေးအစီအစဥ် အီရန်လက်ခံရရှိ၊ အမေရိကန်ဟာ သူ့ဘာသာသူ စေ့စပ်ညှိနှိုင်းနေတယ်လို့ အီရန်ပြော

မတ်လ ၂၅ – ၂၀၂၅ အမေရိကန်ရဲ့ အချက် ၁၅ ချက်ပါ ငြိမ်းချမ်းရေးအစီအစဥ် အီရန် လက်ခံရရှိ ထားကြောင့် ကြားဝင်ဆောင်ရွက်ပေးနေတဲ့ ပါကစ္စတန်နိုင်ငံက ရရှိတဲ့ သတင်းတွေ အရ သိရပါတယ်။ အီရန်ကတော့ အမေရိကန်ဟာ သူ့ဘာသာသူ စေ့စပ်ညှိနှိုင်းနေတယ်လို့ ပြောဆိုလိုက်ပါတယ်။ လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိသေးတဲ့ အမေရိကန်ရဲ့ ၁၅ ချက်ပါ အစီအစဥ်မှာ စီးပွားရေးပိတ်ဆို့မှုတွေ ပြန်လည်ရုပ်သိမ်းပေးမယ်၊ အပြန်အလှန်အားဖြင့် အီရန်က နျူကလီးယား စက်ရုံတွေကို ဖျက်သိမ်း ပေးရမယ်လို့ ပါဝင်တယ်လို့ ဆိုပါတယ်။ အစ္စရေးဝန်ကြီး တဦးကလည်း ဒီအစီအစဥ်ဟာ စာရွက်ပေါ်မှာတော့ လှပနေပေမယ့် အီရန်အနေနဲ့ သဘောတူဖို့ ဖြစ်နိုင်ခြေမရှိ ဘူးလို့ ပြောဆိုခဲ့ပါတယ်။ အီရန် စစ်ဘက်က ပြောရေးဆိုခွင့်ရှိသူက အစောပိုင်း ပြောကြားရာမှာ အမေရိကန်ဟာ

Read More