နိုင်ငံရေး

နိုင်ငံရေး ပြည်တွင်း

လွှတ်တော်အခွင့်အရေးနဲ့ အစိုးရအာမခံချက် စိစစ်ရေး ကော်မတီ ၂ ခု ပြည်သူ့လွှတ်တော်မှာ ထပ်မံဖွဲ့စည်း

မတ်လ ၂၄ – ၂၀၂၆ ဒီကနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေး မှာ လွှတ်တော်အခွင့် အရေးကော်မတီနဲ့ အစိုးရ အာမခံချက်များ ကတိကဝတ်များ တာဝန်ခံချက်များ စိစစ်ရေး ကော်မတီတွေကို ထပ်မံဖွဲ့စည်းခဲ့ကြောင်းသိရပါတယ်။ မနေ့ မတ်လ ၂၃ ရက်နေ့ကတော့ ဥပဒေကြမ်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်း ကော်မတီ ၂ ခုတို့ကို ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ —————————

Read More
နိုင်ငံရေး ပြည်တွင်း

အမျိုးသားလွှတ်တော်မှာ ဥပဒေကြမ်း၊ ပြည်သူ့ငွေစာရင်း၊ လွှတ်တော် အခွင့်အရေး နဲ့ အစိုးရ အာမခံချက် ကော်မတီတွေကို ဖွဲ့စည်း

မတ်လ ၂၄ – ၂၀၂၆ ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေး ကနေ ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီ၊ လွှတ်တော်အခွင့်အရေး ကော်မတီနှင့် အစိုးရ၏အာမခံချက်များ၊ ကတိကဝတ်များနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီ ဆိုတဲ့ အမြဲတမ်းကော်မတီ ၄ ခု ဖွဲစည်းခဲ့တယ်လို သိရပါတယ်။ ဒီကော်မတီတွေကို အဖွဲ့ဝင် ၁၅ ဦးထက်မပိုတဲ့ ဦးရေနဲ့ ဖွဲ့စည်းပြီး ကော်မတီ တွေ သက်တမ်း ၁ နှစ်ပြည့်တဲ့အခါ ပြန်လည် သုံးသပ်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ —————————

Read More
နိုင်ငံတကာ နိုင်ငံရေး

အီရန်အနေနဲ့ ငြိမ်းချမ်းရေးအတွက် အခွင့်အရေးတကြိမ်ပဲ ရှိတော့တယ် လို့ ထရမ့် သတိပေး၊ အီရန်ကတော့ ဆွေးနွေးမှုတွေမရှိကြောင်း ငြင်းဆို

မတ်လ ၂၄ – ၂၀၂၆ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ မနေ့ က Tennessee ပြည်နယ်မှာ ရောက်ရှိနေစဥ် အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ “ကျွန်တော့်ရဲ့ တသက်တာလုံးဟာ ညှိနှိုင်းဆွေး နွေးမှုတွေနဲ့ပဲ ကုန်ဆုံးခဲ့တာပါ၊ အီရန်နဲ့ လည်း ကျွန်တော်တို့ ဆွေးနွေး နေတာ အတော်ကြာပါပြီ” လို့ ဆိုပါတယ်။ “ဒီတကြိမ်မှာတော့ သူတို့ တကယ် အလေးအနက်ထားပုံ ရပါတယ်” လို့ ထရမ့်က ပြောပြီး အီရန်အနေနဲ့ နျူကလီးယား လက်နက် မပိုင်ဆိုင်ဖို့ သဘောတူထားပြီလို့ ယုံကြည်ကြောင်းလည်း သူက ဆိုပါတယ်။ အီရန်အနေနဲ့ ငြိမ်းချမ်းရေး အတွက် “နောက်ဆုံးအခွင့်အရေး တကြိမ်” ပဲ ရှိတော့တယ် လို့ ထရမ့်က ပြောပါတယ်။ “သူတို့

Read More
နိုင်ငံတကာ နိုင်ငံရေး

အီရန်-အမေရိကန် ဆွေးနွေးမှု မရှိဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ငြင်းဆို

မတ်လ ၂၃ – ၂၀၂၆ အမေရိကန်ပြည်ထောင်စုနဲ့ အီရန်အစ္စလာမ်မစ်သမ္မတ နိုင်ငံတို့ အကြား ဆွေးနွေးမှုတွေ ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောကြားခဲ့တာကို ငြင်းဆိုကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက “အီရန်နိုင်ငံအနေနဲ့ စစ်ပွဲရဲ့ ရည်မှန်းချက်တွေ မပြည့်မီမချင်း ဘယ်လို ဆွေးနွေးမှုမျိုးကိုမဆို ငြင်းပယ်သွားမယ်ဆိုတဲ့ မူလရပ်တည်ချက်အတိုင်း ဆက်ရှိနေမှာ ဖြစ်တယ်” လို့ ပြောကြားကြောင်း CBS သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ —————————

Read More
နိုင်ငံရေး ပြည်တွင်း

တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး ဒုတိယနေ့ကျင်းပ၊ ဥပဒေကြမ်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်းကော်မတီ နှစ်ခု ဖွဲ့စည်း

မတ်လ ၂၃ – ၂၀၂၆ တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး ဒုတိယနေ့ အဖြစ် နေပြည်တော်မှာဒီကနေ့ ကျင်းပရာ ဥပဒေကြမ်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်းကော်မတီ နှစ်ခု ဖွဲ့စည်းလိုက်ပါတယ်။ ဥပဒေကြမ်း ကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ဦးနန္ဒကျော်စွာ နဲ့ အတွင်းရေးမှူးအဖြစ် ဦးသိန်းထွန်းဦး တို့ကို ရွေးချယ်ခဲ့ကြပါတယ်။ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဌအဖြစ် အောင်မြေသာဇံ မဲဆန္ဒနယ် ဦးတေဇကျော် နဲ့ ဦးတင်အောင်ချစ် (အောင်လံမဲဆန္ဒနယ်) တို့ကို ရွေးချယ်တင်မြောက်ခဲ့ကြပါတယ်။ စစ်တပ်ရွေးကောက်ပွဲ ကျင်းခဲ့တာနဲ့ အခုလို လွှတ်တော်ခေါ်ယူတာကို တော်လှန်ရေး အင်အားစုတွေ ကတော့ အသိအမှတ်မပြုသလို အတု အယောင် ဖြစ်တယ်ဆိုပြီး ကန့်ကွက် ဆန့်ကျင်နေကြပါတယ်။ Ref: VOM —————————

Read More
နိုင်ငံရေး အင်တာဗျူး

ရှမ်းမြောက် ပဋိပက္ခ နှင့် မြန်မာနိုင်ငံအပေါ် တရုတ်ပါဝင်ပက်သတ်မှု – အထူးသုံးသပ်ချက် – ကိုအောင်မိုးဝင်း

Mar 22, 2026 ‘’တချိန်မှာ ခင်ဗျားတို့ အသဲကွဲရမှာ မို့လို့… ရင်ကျိုးစရာတွေဖြစ်လာရင်… မခံနိုင်အောင်ဖြစ်မှာ စိုးလို့…’’ ကိုအောင်မိုးဝင်း (နိုင်ငံရေးသုံးသပ်သူ) ————— MNDAA ကိုးကန့်တပ်ဖွဲ့က TNLA တအာင်းတပ်ဖွဲ့ကို ကွတ်ခိုင်မြို့ကနေ တိုက်ထုတ်လိုက်တဲ့ အထိ ဘာကြောင့်ဖြစ်ခဲ့ရတာလဲ… ဒီဖြစ်စဥ်နောက်ကွယ်မှာ တရုတ်က ဘယ်လောက်အထိ လက်တံရှည်ရှည် ပါဝင်ပတ်သက်နေလဲ… နေပြည်တော်အစိုးရသစ် ထွက်ပေါ်လာရင် တရုတ်ရဲ့ မြန်မာအပေါ် စွက်ဖက်မှုတွေ ဘယ်အဆင့်အထိ ပါဝင်လာမှာလဲ… ဆိုတာ နိုင်ငံရေးသုံးသပ်သူ ကိုအောင်မိုးဝင်းကို မေးမြန်း တင်ဆက်ထားပါတယ်။ —————-

Read More
နိုင်ငံရေး

မတ္တရာမျိုးမှန်တပ်ဖွဲ့ NUG MOD အောက် ဝင်ရောက်

မတ်လ ၂၀ – ၂၀၂၆ မန္တလေးတိုင်း မတ္တရာအခြေပြု လိုကယ် အဖွဲ့ဖြစ်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ့ ဟာ NUG MOD အောက် PDF အဖြစ် ဝင်ရောက် လာကြောင်း NUG MOD က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။ မတ္တရာမျိုးမှန်တပ်ဖွဲ့ ဟာ ရှမ်းမန်း စစ်ဆင်ရေး မှာ ပါဝင်ခဲ့သလို ပကဖ တွေနဲ့လည်း အတူလက်တွဲ တိုက်ပွဲဝင်နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ တကယ်လို့ PDF ကွပ်ကဲမှုအောက် ကနေ ဆောင်ရွက်မယ် ဆိုရင် တော်လှန်ရေး အတွက် ပိုအကျိုးပြုနိုင်မယ်လို့ ဖိတ်ခေါ်ခဲ့ရာ မတ္တရာမျိုးမှန် တပ်ဖွဲ့ ခေါင်းဆောင်တွေက လက်ခံ သဘောတူခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ်။ အခုဆိုရင် မတ္တရာမျိုးမှန်တပ်ဖွဲ့ဟာ အခုအခါ PDF ဆင့်ကဲကွပ်ကဲမှုမှာ

Read More
နိုင်ငံရေး ပြည်တွင်း

ပြည်ခိုင်ဖြိုးနဲ့ စစ်တပ်ကြီးစိုးတဲ့ ပြည်ထောင်စုလွှတ်တော် စတင်

မတ်လ ၂၀ – ၂၀၂၆ ပြည်ခိုင်ဖြိုးပါတီ ကသာ နေရာအများစု အနိုင်ရရှိခဲ့တဲ့ စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲ အပြီး လွှတ်တော်တွေ ခေါ်ယူနေရာမှာ ဒီကနေ့မှာတော့ အမျိုးသား နဲ့ ပြည်သူ့ လွှတ်တော် ၂ ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်ကို စတင်ခေါ်ယူခဲ့ပါတယ်။ တတိယအကြိမ် ပထမပုံမှန် အစည်းအဝေး ဖြစ်တဲ့ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ အမျိုးသားလွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်လင်းဒွေးက နာယက အဖြစ်ဆောင်ရွက်ခဲ့ပြီး ပြည်ခိုင်ဖြိုး အများစု နဲ့ စစ်တပ် ကိုယ်စားတွေကသာ ပြည်ထောင်စုလွှတ်တော်ကို လွှမ်းမိုး ထားတာ ဖြစ်ပါတယ်။ ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော် နာယက ဦးအောင်လင်းဒွေးက သမ္မတရွေးချယ်မှုတွေကို လာမယ့် မတ်လ ၃၀ အစည်း

Read More
နိုင်ငံရေး ပြည်တွင်း

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်ခေါ်ပြီး သမ္မတရွေးချယ်ဖို့ အစီအစဥ် စတင်မယ်

မတ်လ ၂၀- ၂၀၂၆ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းဝေးကို ဒီကနေ့ မတ်လ ၂၀ ရက်နေ့ မှာ စတင်မှာ ဖြစ်ပြီး သမ္မတ ရွေးဖို့ အတွက် လုပ်ငန်းစဥ်တွေ စတင်တော့မှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းကျင်းပမယ့် ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ နာယက အဖြစ် အမျိုးသား လွှတ်တော် ဥက္ကဌ ဦးအောင်လင်းဒွေးက ဆောင်ရွက်မှာ ဖြစ်ပါတယ်။ လွှတ်တော် နာယက ကနေ နိုင်ငံတော် သမ္မတနဲ့ ဒုသမ္မတတွေ တင်မြှောက်ဖို့ အတွက် ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် နဲ့ တပ်မတော် အစုအဖွဲ့တွေကို ဖွဲ့စည်းဖို့ တာဝန်ပေးလိုက်မှာ ဖြစ်ပါတယ်။ အဲဒီနောက် နောက်တကြိမ် ပြည်ထောင်စု လွှတ်တော်ခေါ်တဲ့ အခါ ရွေးချယ်ထားတဲ့ ဒုသမ္မတ

Read More