PDF ၅၀၆ ဦး လက်နက် ခဲယမ်းတွေနဲ့ အတူ ပြန်ဝင်လာကြောင်း စစ်ကော်မရှင် သတင်းထုတ်ပြန်
မတ်လ ၁၉ – ၂၀၂၆ PDF အဖွဲ့ဝင် အမျိုးသား ၄၅၃ ဦးနဲ့ အမျိုးသမီး ၅၃ ဦး စုစုပေါင်း ၅၀၆ ဦး တိုဟာ လက်နက် ခဲယမ်းတွေနဲ့ အတူ ပြန်လည်ဝင်ရောက်လာပြီး သူတို့ကို မိဘအုပ်ထိန်းသူများဆီ လွှဲပြောင်းအပ်နှံလိုက်တယ်လို့ စစ်ကော်မရှင် က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။ မိဘတွေထံ ပြန်လွှဲပြောင်းတဲ့ အခမ်းအနားကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ရေးပြကွင်းမှာ ပြုလုပ်ခဲ့ပြီး မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင် နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေး တက်ရောက်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ ပြန်ဝင်လာတဲ့ PDF တွေနဲ့ အတူ လက်နက်မျိုးစုံ ၇၈ လက်၊ လက်ပစ်ဗုံး/ဗုံးသီး ၃၈ လုံး၊ စကားပြောစက်
