နိုင်ငံရေး

နိုင်ငံရေး

PLA ပြန်လည် ဖွဲ့စည်း တည်ထောင်ခြင်း (၅) နှစ်ပြည့် အခမ်းအနား စစ်ဒေသ အသီးသီးမှာ ကျင်းပကြောင်း ထုတ်ပြန်

မတ်လ ၁၅ – ၂၀၂၆ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ပြန်လည်ဖွဲ့စည်း တည်ထောင်ခြင်း (၅) နှစ်ပြည့် အခမ်းအနားကို ယနေ့ မတ်လ ၁၅ ရက်နေ့က PLA စစ်ဒေသအသီးသီးမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း PLA က သတင်းထုတ်ပြန်ထားပါတယ်။ PLA ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လမ်းညွှန်မှုနဲ့ ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့ရာ ဒီကနေ့မှာ (၅) နှစ် ပြည့်မြောက်ခဲ့ပြီ လို့ ဖေါ်ပြထားပါတယ်။ “ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ခြေတလှမ်းတိုင်းသည် အဖိနှိပ်ခံ ပြည်သူလူထု၏ အကျိုးစီးပွားမှတပါး အခြားမရှိ” “ရန်သူတကာ ကြောက်ဒူးတုန်ပါစေ၊ ပြည်သူအပေါင်း ရွှင်လန်းအားတက်ပါစေ” လို့လည်း ထုတ်ပြန်ထားပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး ပြည်တွင်း

ကွတ်ခိုင်မြို့ကို MNDAA တပ်ဖွဲ့ထိန်းချုပ်၊ မြို့ပြင်မှာ တိုက်ပွဲဆက်ဖြစ်နေ

မတ်လ ၁၅ – ၂၀၂၆ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ကို ဒီကနေ့ မတ် ၁၅ ရက်နေ့ ညနေပိုင်းမှာ ကိုးကန့်တပ် MNDAA တပ်ဖွဲ့က ထိန်းချုပ်လိုက်ပြီ ဖြစ်တယ် လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ခုလက်ရှိအခြေအနေက တအောင်းပလောင်တွေ ထွက်သွားပြီ။ အခုတပ်ရဲ့ နောက်ကျောက တောင်ကြောကို သူတို့ ဆုတ်သွားတော့ နောက်ကနေ ဒရုန်းလိုက်ပစ်နေကြတယ်။ လောလောဆယ်မြို့ကို ကိုးကန့်တပ်က သိမ်းသွားပြီပြောလို့ရတယ်။ ” လို့ ဒေသခံက ပြောပါ တယ်။ မနက် ၅ နာရီလောက်က စပြီး နေ့လယ် ၁ နာရီလောက် အထိ ကွတ်ခိုင်မြို့ ထဲမှာ ဒရုန်းဗုံး တိုက်ခိုက်မှု ၊ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေ

Read More
နိုင်ငံရေး ပြည်တွင်း

တရုတ်အထူးကိုယ်စားလှယ် တန့်ရှီကျွင်း မြန်မာနိုင်ငံရောက်ရှိနေ၊ ဦးသန်းဆွေ နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး

မတ်လ ၁၃ – ၂၀၂၆ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း နဲ့ စစ်ကော်မရှင် နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေတို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံမှုမှာ မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ တရုတ်နိုင်ငံ ရဲ့ ပံပို့ပေးမှု၊ နယ်စပ်ဒေသ အွန်လိုင်း လောင်းကစားနဲ့ တရားမဝင် လုပ်ငန်းတွေ ပူးပေါင်းတိုက်ဖျက်ရေး အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံ တကာမှာ နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံရပ်တည်ပေးရေး ဆွေးနွေး ခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး

တော်လှန်ရေးအင်အားစုအချင်းချင်းကြား လက်နက်အင်အား မသုံးဘဲ မဟာမိတ်နည်းလမ်း ဖြင့်သာ ဖြေရှင်းကြရန် တော်လှန်ရေးအင်အားစုအသီးသီးမှ ထုတ်ပြန်ကြေညာချက်

ရက်စွဲ – မတ်လ (၁၀) ရက်/ ၂၀၂၆ ခုနှစ် ယခုအချိန်တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြသည့် အင်အားစုအသီးသီးအနေဖြင့် လက်နက်ကိုင်တော်လှန်ရေးအဆင့်ထိ တက်လှမ်းနိုင်ခဲ့သည်အထိ တော်လှန်ရေးရေချိန်မှာ မြင့်မားခဲ့ပြီဖြစ်သည်။ အင်အားစုအချင်းချင်းကြား ညီညွတ်မှုကို ရှေ့တန်းတင်ကာ စစ်အာဏာရှင်တပ်များကို တိုက်ထုတ်နိုင်သည့် စစ်ရေးတိုက်ပွဲများကိုလည်း အောင်မြင်စွာ ဆင်နွှဲနိုင်သည်မှာ ဂုဏ်ယူအားတက်ဖွယ် ဖြစ်သည်။ သို့ရာတွင် တော်လှန်ရေးအင်အားစုအချင်းချင်းကြား စစ်အာဏာရှင် အမြစ်ပြတ်ဖြုတ်ချရေးကို မျက်နှာလွှဲ၍ မိမိအဖွဲ့အစည်း၏ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ကာ အချင်းချင်းကြား ရန်သူသကဲ့သို့ လက်နက်ကြီးငယ်နှင့် ခြိမ်းခြောက်ဖြေရှင်းခြင်း၊ လူထုအပေါ် လက်နက်အားကိုး အနိုင်ကျင့်ခြင်း စသည့် ရုပ်ဆိုးအကျည်းတန်သည့် လုပ်ရပ်များကိုလည်း တနေ့တခြား ပိုမိုတွေ့မြင်လာရသည်။ ကျွန်ုပ်တို့၏ ဘုံရန်သူမှာ စစ်အာဏာရှင်စနစ်ဖြစ်သည်။ ကျွန်ပ်တို့၏ ဘုံရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရေး ဖြစ်သည်။ ထိုဘုံရန်သူကို ဆန့်ကျင်နေသည့်

Read More
နိုင်ငံရေး ရုပ်သံ

ဗိုလ်နဂါးဖြစ်စဥ်ကြောင့် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ဦးမိုးသီးဇွန် တောင်းဆို – ပါဂျောင်ဖြစ်စဥ် ရှင်းလင်း

ဗိုလ်နဂါး ဖြစ်စဥ်ကြောင့် NUG က ဖမ်းဆီးထားတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင် နဲ့ ပုလဲ နယ်က ဘိုးတော်နီ၊ သုဘရာဇာ၊ ဒေါင်းညို နဲ့ ဗိုလ်နဂါး ညီမ ဝါဝါခိုင် အပါအဝင် တခြားသူတွေကို ပြန်လွှတ်ပေးဖို့ ABSDF ဥက္ကဌ ဟောင်း ဦးမိုးသီးဇွန် က NUG ကို တောင်းဆို လိုက်ပါတယ်။ ဒါ့အပြင် အခု ပုလဲ ဖြစ်စဥ်ဟာ ၁၉၉၀ က ကချင်ဒေသမှာ ကျောင်းသား တွေရဲ့ ပါဂျောင် ဖြစ်စဥ်လို မဖြစ်စေဖို့ ပါဂျောင်ကိစ္စကိုပါ ရှင်းလင်း ပြောကြား သွားပါတယ်။ THN Public Media

Read More
နိုင်ငံရေး

KNU ခလယ်လွီ ထူခရိုင်မှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၃၀ သေဆုံး၊ ၁၆၀ ဖမ်းဆီးခံရကြောင်း KNU ထုတ်ပြန်

မတ်လ ၉ – ၂၀၂၆ ကရင်အမျိုးသား အစည်းအရုံး KNU နယ်မြေ ခလယ်လွီ ထူခရိုင်မှာ မတ်လ (၇) ရက်နေ့က စစ်တပ်နဲ့ KNLA အကြား တိုက်ပွဲဖြစ်ပွား ခဲ့ရာ စစ်တပ်ဘက်က ဒရုန်းနဲ့ ဂျက်ဖိုက်တာတို့ သုံးပြီး ရေတွင်းကုန်း ကျေးရွာ အုပ်စု အတွင်း ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အရပ်သား ၂၅ ဦးခန့် ထိခိုက် သေဆုံးခဲ့ရပြီး ၅ ဦးမှာ စစ်တပ်ရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရတယ်လို့ KNU က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။ သေဆုံးသွားတဲ့ အရပ်သားတွေဟာ မတ်လ ၅ ရက်နေ့က လယ်ဒိုမြို့နယ် အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်တပ်ရဲ့ တပ်ရင်း ၃ ရင်း

Read More
နိုင်ငံရေး

NUG လက်အောက်တပ်ရင်းတွေရဲ့ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု အတွက် အိတ်ဖွင့်ပေးစာပေးပို့

မတ်လ ၈ – ၂၀၂၆ ယင်းမာပင်မှာ တော်လှန်ရေး ရဲမေတဦး မုဒိမ်းမှု ကျူးလွန်ခဲ့မှု နဲ့ ဆက်စပ်ပြီး NUG လက်အောက်တပ်ရင်းတွေရဲ့ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု အတွက် ပြစ်မှုကျူးလွန်သူတွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးဖို့ အမျိုးသမီးအဖွဲ့တွေ အပါအဝင် ၁၆ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလ ဆီ လိပ်မှုထားတဲ့ ဒီ အိတ်ဖွင့်ပေးစာမှာ အချက် ၅ ချက် ဖေါ်ပြထားပါတယ်။ ယင်းမာပင် ဖြစ်စဥ် အပါအဝင် ၂၀၂၅ ခုနှစ်က တခြား လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု တွေကိုလည်း ဖြစ်စဥ်တွေ ကိုလည်း ဖေါ်ပြထားပါတယ်။ ————————— THN

Read More
နိုင်ငံရေး

BNRA ကို လက်နက်နဲ့ မဖြေရှင်းဖို့ SRA တိုက်တွန်းခဲ့၊ NLA ခေါင်းဆောင် ကိုဇီးကွက်နဲ့ ရဲဘော်တချို့ကို NUG ဖမ်းဆီးထား

မတ်လ ၇ – ၂၀၂၆ ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA ကို NUG MOD က အလုံးအရင်းနဲ့ ဝင်တိုက်တုန်းက နွေးဦးတော်လှန်ရေးတပ်ပေါင်းစု SRA အနေနဲ့ NUG/MOD ထံ တရားဝင် စာပေးပို့ပြီး လက်နက်နဲ့မဖြေရှင်းဖို့ တိုက်တွန်းခဲ့ ကြောင်း မောင်ဆောင်းခ က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဒီကနေ့ ဖေါ်ပြလိုက် ပါတယ်။ ဒါ့အပြင် SRA ဦးဆောင်ကော်မတီဝင်တွေနဲ့ ဗိုလ်နဂါးတို့ ညတွင်းချင်းပဲ တွေ့ဆုံပြီး ပြဿနာတွေကို ဆွေးနွေးအဖြေရှာခဲ့ကြပါသေးတယ်လို့ ဆိုပါတယ်။ အခုလည်း SRA အဖွဲ့ဝင် NLA ခေါင်းဆောင် ကိုဇီးကွက်နဲ့ ရဲဘော်တချို့ကို အမှတ် (၁) စစ်ဒေသက လက်နက်တွေသိမ်းပြီး ထိန်းသိမ်းထားကြောင်းနဲ့ SRA အနေနဲ့ MOD စစ်ရုံးချုပ်နဲ့

Read More