နိုင်ငံရေး

နိုင်ငံရေး

ဦးခင်ရီ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်ဖို့ အလားအလာရှိကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြ

ဖေဖေါ်ဝါရီ ၂၆ – ၂၀၂၆ ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ ရဲချုပ်ဟောင်း ဦးခင်ရီဟာ အဓိကကျတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ဖို့ ရေပန်းစားနေတယ်လို့ ပါတီ သတင်းရင်းမြစ် ၃ ခုက ပြောကြောင်း ရိုက်တာ သတင်းမှာ ဖေါ်ပြ ထားပါတယ်။ “ပါတီထဲမှာ အဆင့်မြင့် စစ်ဘက်အရာရှိဟောင်းတွေ ရှိနေတာကြောင့် သူတို့ရဲ့ အခန်းကဏ္ဍတွေကို နားလည်ထားတဲ့ ဦးခင်ရီအတွက်တော့ အမြင့်ဆုံးရနိုင်တဲ့ ရာထူးက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပဲ ဖြစ်နိုင်ပါတယ်” လို့ သတင်းရင်းမြစ်က ဆိုပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးတခု ကို တက်ရောက်ခဲ့သူ ၂ ဦး ရဲ့ အဆိုအရ ဦးခင်ရီ ဒုသမ္မတ လုပ်မလားလို့ အလွတ် သဘော အမေးခံရတဲ့အခါ လွှတ်တော်ရဲ့ အဓိက

Read More
နိုင်ငံရေး

စစ်ကော်မရှင်ဥက္ကဌ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နဲ့ နေပြည်တော်မှာ တွေ့ဆုံ

ဖေဖေါ်ဝါရီ ၂၆ – ၂၀၂၆ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ထိုင်းဘုရင့်တပ်မတော် လေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kantha ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ကို မနေ့က နေပြည်တော်မှာ လက်ခံ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။ နှစ်နိုင်ငံ တပ်မတော် အကြား ပူးပေါင်းဆောင်ရွက်မှု၊ လေတပ် အကြား ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံ ရွေးကောက်ပွဲ အကြောင်းတွေကို ဆွေးနွေး ခဲ့ကြတယ်လို့ ဆိုပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး

စစ်ကော်မရှင်က မတ်လထဲ လွှတ်တော်ခေါ်ပြီ

ဖေဖေါ်ဝါရီ ၂၃ – ၂၀၂၆ စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် မတ်လထဲမှာ လွှတ်တော်အသီးသီး အစည်းအဝေးတွေ ကျင်းပဖို့ ဒီကနေ့ ကြေညာချက်တွေ ထုတ်ပြန်လိုက်ပါတယ်။ ပြည်သူ့လွှတ်တော်ကိုတော့ မတ်လ ၁၆ ရက်နေ့၊ အမျိုးသားလွှတ်‌တော်ကို မတ်လ ၁၈ ရက်နေ့ နဲ့ တိုင်း/ပြည်နယ် လွှတ်တော်တွေကိုတော့ မတ်လ ၂၀ ရက်နေ့ ကျင်းပဖို့ ခေါ်ယူကြောင်း ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ စစ်တပ်ကျောထောက်နောက်ခံ ပြည်ခိုင်ဖြိုး ပါတီက နေရာ အများစု အနိုင်ရထားတာ ဖြစ်ပြီး အတိုက်အခံ တော်လှန်ရေး အင်အားစုတွေ ကတော့ ရွေးကောက်ပွဲကို အသိအမှတ်မပြု ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး

ဗိုလ်နဂါး စစ်တပ်ထံ လက်နက်နဲ့ခဲယမ်းတွေနဲ့ လက်နက်ချ ဝင်ရောက်

ဖေဖေါ်ဝါရီ ၁၈ – ၂၀၂၆ BNRA ခေါင်းဆောင် ဗိုလ်နဂါးဟာ စစ်တပ်ထံ လက်နက်နဲ့ခဲယမ်းတွေနဲ့ လက်နက်ချ ဝင်ရောက်သွားကြောင်း MRTV က သတင်းထုတ်ပြန်လိုက် ပါတယ်။ ဒီကနေ့ ညနေ ၄ နာရီ ၅၀ မိနစ်မှာ BNRA ခေါင်းဆောင် ဗိုလ်နဂါး ဟာ မိသားစုတွေနဲ့ အတူ လက်နက် ၆ လက် နဲ့ ပုလဲမြို့နယ် စစ်တပ်စခန်း တခုကို လာရောက်ဆက်သွယ်ဝင်ရောက်ခဲ့တာလို့ ဖေါ်ပြထားပါတယ်။ မနေ့ကတော့ NUG MOD ကနေ BNRA ကို တိုက်ခိုက်ခဲ့ပြီး BNRA တပ်ဖွဲ့ဝင် တချို့ ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေ အတွင်း နှစ်ဖက် ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

Read More
နိုင်ငံရေး

ဒေါ်ကြည်ပြာ ရာထူးက နုတ်ထွက်ကြောင်း စာတစောင် ထွက်လာ

ဖေဖေါ်ဝါရီ ၂၂ – ၂၀၂၆ NUG ဝန်ကြီးချုပ်ရုံး အတွင်းဝန် ဒေါ်ကြည်ပြာ ရာထူးက နုတ်ထွက် ကြောင်း တင်ထားတဲ့ စာတစောင် ထွက်ပေါ်လာပါတယ်။ ဖေဖေါ်ဝါရီ ၂၁ ရက်နေ့စွဲပါ စာမှာ ဝန်ကြီးချုပ်ဆီ လိပ်မူထားပြီး ဒေါ်ကြည်ပြာ အနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ခံနေရတဲ့ အတွက် တာဝန်ကနေ နုတ်ထွက်ခွင့်ပြုဖို့ တင်ပြထားတာ ဖြစ်ပါတယ်။ သူနဲ့ သူ့ခင်ပွန်း အပေါ် တိုင်ကြားခဲ့မှုတွေ အတွက် အခုအခါ မမှန်မကန် စွပ်စွဲ ထားတာ အဖြေပေါ်ခဲ့ပြီ ဖြစ်ပြီး ဖြေရှင်းပေးခဲ့တဲ့ ဝန်ကြီးချုပ် နဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တွေကို အထူးကျေးဇူးတင်ကြောင်း ဖေါ်ပြထားပါတယ်။ တော်လှန်ရေး ကိုတော့ အောင်တဲ့အထိ တတ်နိုင်တဲ့ဘက်က ဆက်လက် ကြိုးစား ပါဝင်သွားမှာ

Read More
နိုင်ငံရေး

ဒေါ်ကြည်ပြာ အဂတိ လိုက်စားမှုမရှိခဲ့ အပါအဝင် သတင်းစာရှင်းလင်းပွဲ က ဖေါ်ပြချက်များ

ဖေဖေါ်ဝါရီ ၂၁ – ၂၀၂၆ NUG ဝန်ကြီးချုပ်ရုံး အတွင်းဝန် ဒေါ်ကြည်ပြာ နဲ့ ခင်ပွန်း ဖြစ်သူတို့ကို ဝန်ထမ်းတွေက အဂတိလိုက်စားမှု အပါအဝင် တခြား အမှုတွေနဲ့ တိုင်ကြားခဲ့တာ နဲ့ ပတ်သက်ပြီး စုံခုံအဖွဲ့ရဲ့ စုံးစမ်းစစ်ဆေး တွေ့ရှိတွေ အပေါ် ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ စုံခုံ အဖွဲ့ခေါင်းဆောင် ဒေါက်တာဇော်ဝေစိုး က ဦးဆောင် ကျင်းပတဲ့ ဒီသတင်းစာရှင်းလင်းပွဲ ကနေ ဒေါ်ကြည်ပြာ အဂတိ လိုက်စားမှု မရှိခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်။ ကားဝယ် ခွေးမွေး လက်ဝတ်ရတနာ ဝယ်ယူတာတွေဟာ နိုင်ငံတော် ဘဏ္ဍာ ရန်ပုံငွေ နဲ့ မိတ်ဖက် အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ ငွေတွေကို အလွဲသုံးစားပြုလုပ် ဝယ်ယူ ခဲ့တာမျိုး မရှိခဲ့ဘူးလို့

Read More
နိုင်ငံရေး

ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ဥက္ကဋ္ဌနေရာကနေ ဒေါ်သက်သက်ခိုင်ဖယ်ပေး၊ ဦးစောဟန်အေးက ဥက္ကဌ တာဝန်ယူ

ဖေဖော်ဝါရီ ၂၁ – ၂၀၂၆ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ နေရာကို ဒေါ်သက်သက်ခိုင်အစား လက်ရှိမှာ ဦးစောဟန်အေးက ပြောင်းလဲ တာဝန်ယူထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ပြုလုပ်တဲ့ ပါတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြောင်းလဲ လိုက်တာ ဖြစ်တယ်လို့ သိရပြီး ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူ ဦးစောဟန်အေးက ဥက္ကဋ္ဌဖြစ်လာကာ ဒေါ်သက်သက်ခိုင် ကတော့ ဂုဏ်ထူးဆောင်နာယက တာဝန်အပြင် HR မှာလည်း ကော်မတီဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပါတယ်။ “ပါတီလုပ်ငန်းစဉ်အရ တာဝန် လွှဲပြောင်းယူလိုက်တာပါပဲ။ လက်ရှိမှာ ကျွန်တော်တို့ ဗဟို အလုပ် အမှုဆောင် ကော်မတီ (CEC) တွေလည်း ပြန်လည်အားဖြည့်ပြီး UEC ကို

Read More
နိုင်ငံရေး

ဒေါ်ကြည်ပြာအမှု ဆုံးဖြတ်ချက် ပွင့်လင်း မြင်သာမှု မရှိဘူးလို့ယူဆတဲ့ အတွက် NUG တယ်လီကျန်းမာ က တပတ်အတွင်း အမြန် ဖြေရှင်းပေးဖို့ တောင်းဆို

ဖေဖေါ်ဝါရီ ၂၁ – ၂၀၂၆ NUG အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ တို့အပေါ် ဝန်ထမ်းတွေရဲ့ တိုင်ကြားချက်တွေထဲက အချက်တချို့ကို လျစ်လျူရှုထား ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ ဆုံးဖြတ်ချက်ဟာလည်း ပွင့်လင်း မြင်သာမှု မရှိကြောင်း NUG တယ်လီကျန်းမာ အနေနဲ့ သုံးသပ်မိတယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။ ဒီအတွက် ရက်သတ္တပတ်တပတ်အတွင်း အမြန်ဆုံး ဖြေရှင်း ဆောင်ရွက် ပေးဖို့ တောင်းဆိုထားပါတယ်။ အချိန်မီ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိဘူးဆိုရင် တယ်လီကျန်းမာ အနေနဲ့ NUG အောက်မှာ ဆက်လက်ရပ်တည်တော့မှာ မဟုတ်ဘဲ သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်း အနေနဲ့သာ အများပြည်သူ အကျိုး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေး ထားပါတယ်။ NUG ကတော့ ဒီကနေ့

Read More