ဒေါ်ကြည်ပြာ နဲ့ ခင်ပွန်းဖြစ်သူတို့ကို တိုင်းကြားမှု ကိစ္စ စုံခုံ တွေ့ရှိချက် ဖေဖေါ်ဝါရီ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ NUG သတင်းထုတ်ပြန်
————————— THN Public Media
————————— THN Public Media
ဖေဖေါ်ဝါရီ ၂၀ – ၂၀၂၆ စစ်ကိုင်းတိုင်း ပုလဲနယ်က BNRA အဖွဲဝင် နောက်ထပ် ၅ ဦး သေနတ် ၅ လက်နဲ့ အတူ စစ်တပ်ထံ လက်နက်ချခဲ့ကြောင်း တပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တခုမှာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့်လည်း ဘယ်သူတွေ ဖြစ်တယ်ဆိုတာကိုတော့ ထုတ်ဖေါ် ထားခြင်း မရှိပါ။ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့တုန်းကတော့ NUG MOD ကနေ BNRA ကို အလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့လို့ BNRA ခေါင်းဆောင် ဗိုလ်နဂါး စစ်တပ်ထံ လက်နက်ချခဲ့ပြီးနောက် အခုလို နောက်ထပ် လက်နက်ချမှုတွေ ထပ်မံ ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။ လက်တလောမှာ စစ်တပ်က ပုလဲနယ်မြေကို စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင် နေတယ်လို့လည်း
ဖေဖေါ်ဝါရီ ၂၀ – ၂၀၂၆ ဝန်ထမ်းတွေရဲ့ တိုင်ကြားခြင်း ခံရတဲ့ NUG ဝန်ကြီးချုပ်ရုံး ဒေါ်ကြည်ပြာ နဲ့ ခင်ပွန်းတို့ရဲ့ အမှုနဲ့ ပတ်သက်ပြီး ဖြေရှင်းတဲ့ပုံစံဟာ ယုတ္တိတန်မှုမရှိတဲ့ အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့ ရလဒ်တွေကို ပြည်သူလူထုကို ချပြဖို့ တနင်္သာရီတိုင်း CDM နိုင်ငံ့ဝန်ထမ်းများ စည်းလုံးညီညွတ်မှုကွန်ရက် TCSN က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် ပြစ်မှုပြစ်ဒဏ် ချမှတ်ရာမှာ ကျောသားရင်သား မခွဲခြားဖို့နဲ့ တော်လှန်ရေးအစိုးရ ဂုဏ်သိက္ခာကို ရှေးရှုပြီး တရားမျှတမှု ပြန်လည် ရရှိစေရေး ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။ ဒေါ်ကြည်ပြာ အမှု နဲ့ ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ရုံးရဲ့ နိုဝင်ဘာ ၁၈ ထုတ်ပြန်ချက်မှာ ဒေါ်ကြည်ပြာ ဟာ အဂတိ
ဖေဖေါ်ဝါရီ ၂၀ – ၂၀၂၆ မြန်မာနိုင်ငံမှာ စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ ပြီးစီးသွားပြီးနောက် အစိုးရသစ် ဖွဲ့တဲ့အခါ အဓိက ရာထူးတွေ အဖြစ် သမ္မတ၊ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ ပါဝင်ပြီး အာဏာကို ပိုမို ခွဲဝေ ကျင့်သုံး သွားမှာ ဖြစ်တယ်လို့ သိရကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkaew က ပြောကြားလိုက်ပါတယ်။ ဖေဖေါ်ဝါရီ ၁၈ ထိုင်းနိုင်ငံ ဖူးခက် မြို့မှာ မြန်မာစစ်ကော်မရှင် နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေ နဲ့ တွေ့ဆုံပြီးနောက် အခုလို ပြောကြား လိုက်တာလို့ ထိုင်း PBS သတင်းမှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။ အစိုးရသစ်ကို သင်္ကြန် မတိုင်ခင် ဖွဲ့စည်း နိုင်မယ်လို့
THN Public Media –
ဖေဖေါ်ဝါရီ ၁၉ – ၂၀၂၆ ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို အဂတိ အပါအဝင် တခြား စွဲချက်တွေနဲ့ တိုင်ကြားထားမှု အတွက် NUG စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ ယုံကြည်လက်ခံဖွယ်ရာမရှိဘူးလို့ ယူဆတဲ့ အတွက် NUG အောက်က တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့ ကနေ တက္ကသိုလ်ဝင်ခွင့် (စတုတ္ထအကြိမ်) ဆောင်ရွက်ခြင်းလုပ်ငန်းတွေကို ယာယီ ရပ်ဆိုင်းကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ကျူးလွန်ခြင်းခံရသူ စီဒီအမ်ဝန်ထမ်းတွေနဲ့ အတူ တသားတည်း ရပ်တည်ပါကြောင်းလည်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် NUG အနေနဲ့ တိုင်တန်းချက်အတွက် စုံစမ်းစစ်ဆေးခဲ့တဲ့ စစ်ဆေးချက်တွေ၊ သက်သေခံချက်တွေကို ပွင့်လင်း မြင်သာစွာ ထုတ်ပြန် ရှင်းလင်းမှု ပြုလုပ်ပေးဖို့ ကိုလည်း တောင်းဆိုထားပါတယ်။ အခု ကြေညာချက်ဟာ Spring Normal
ဖေဖေါ်ဝါရီ ၁၉ – ၂၀၂၆ ဒေါ်ကြည်ပြာနဲ့ ခင်ပွန်း ဖြစ်သူတို့အပေါ် တိုင်ကြားချက်နဲ့ ပတ်သက်ပြီး NUG အနေနဲ့ အစီရင်ခံစာ တွေ့ရှိချက်တွေကို လူထုကို ချပြဖို့ ‘’လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်း’’ က ဒီကနေ့ ကြေညာချက် ထုတ်ပြီး အလေးအနက် တောင်းဆိုလိုက်ပါတယ်။ မနေ့ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့မှာ NUG စုံစမ်းရေး ကော်မရှင်ကနေ ဒေါ်ကြည်ပြာ အမှုနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှု မရှိကြောင်းနဲ့ ဒေါ်ကြည်ပြာ ဝန်ထမ်းတွေအပေါ် ပြောဆိုမှု အတွက် ‘’ပြင်းထန်စွာ အသိပေးချက်’’ ခေါင်းစဥ်နဲ့ ထုတ်ပြန်လိုက်တာ ဖြစ်ပြီး အဲဒီ ထုတ်ပြန်ချက် ဟာ မရှင်းလင်းမှုတွေ ပိုမို ဖြစ်ပေါ်စေတယ်လို့ CDM အဖွဲ့ရဲ့ အချက် ၃
ဖေဖေါ်ဝါရီ ၁၉ – ၂၀၂၆ မကြာသေးခင်က ထိုင်းနိုင်ငံ ဖူးခက်မြို့မှာ ထိုင်းနဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးတွေ အလွတ်သဘောတွေ့ဆုံခဲ့တာ နဲ့ ပတ်သက်ပြီး အသိအမှတ် ပြုကြောင်း NUCC က ထုတ်ပြန်လိုက်ပေမယ့် အာဆီယံ အပေါ် ယုံကြည်မှု ဟာ တသမတ်တည်းဖြစ်တဲ့ အပေါ် မူတည်နေကြောင်း အလေးထား ဖေါ်ပြထားပါတယ်။ မကြာသေးခင်က မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲ အပေါ် အာဆီယံ က အသိအမှတ် မပြုဖို့ မူဝါဒ ရပ်တည်ချက်ကို ချမှတ်ထားပြီး ဖြစ်ကြောင်း လည်း NUCC ထောက်ပြထားပါတယ်။ NUCC အနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ သုံးဦးအဖွဲ့ (Troika) အပါအဝင် အဖွဲ့ဝင် နိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ထပ်လောင်း
ဖေဖေါ်ဝါရီ ၁၉ – ၂၀၂၆ BNRA အဖွဲ့က ပြစ်မှုကျူးလွန်သူတွေကို အရေးယူ ဆောင်ရွက်ရာမှာ သာမန် ဥပဒေ အရ လုပ်ဆောင်ဖို့ မဖြစ်နိုင်တော့တာကြောင့် တော်လှန်ရေးဆူးညှောင့်တခု ကို ဖယ်ရှား ရှင်းလင်းဖို့ စစ်အင်အားသုံးပြီး မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရတာလို့ NUG MOD က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။ BNRA အဖွဲ့ကဟာ မုဒိန်းမှု လူသတ်မှု အလောင်းဖျောက်မှု အခွန်ဂိတ် ဖွင့်လှစ်မှု NUG MOD ဂိတ်စခန်းတွေကို စီးနင်း ပစ်ခတ်မှု၊ စစ်ကော်မရှင် တပ်နဲ့ ဆက်သွယ်မှု စတာတွေကို ကျူးလွန်ခဲ့ကြောင်း ဖေါ်ပြထား ပါတယ်။ ဒါပေမယ့်လည်း NUG MOD အနေနဲ့ ယင်းမာပင်ဒေသ ပုလဲမောင် သတ်ဖြတ်ခံရမှု အပါအဝင် ပသုံးလုံးတွေရဲ့ ကျူးလွန်မှုတွေ
ဖေဖေါ်ဝါရီ ၁၈ – ၂၀၂၆ NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်း အတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းတို့အား ဝန်ထမ်း ၁၂ ဦးက တိုင်ကြားထားတဲ့ အမှုနဲ့ ပတ်သက်ပြီး ဒေါ်ကြည်ပြာ ဟာ အဂတိလိုက်စားမှုမရှိကြောင်းနဲ့ ဝန်ထမ်းတွေ အပေါ် ချိုသာစွာ မပြောတဲ့ အပေါ် သာ ပြင်းထန်စွာ သတိပေးကြောင်း အမှုနဲ့ ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက်တွေကို NUG ဝန်ကြီးချုပ်ရုံး က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး တိုင်ကြားသူတွေဘက်က သက်သေ ပြနိုင်ခြင်း မရှိကြောင်းနဲ့ ဒေါ်ကြည်ပြာတို့ဘက်က စာရင်းဇယား တင်ပြခဲ့ ကြောင်း၊ NUG စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာ နဲ့ ပြင်ပြစာရင်းစစ် တင်ပြချက်တွေ အရ အဂတိ လိုက်စားမှု မတွေ့