ဗိုလ်ချုပ်ကြီး ယွက်ဆစ် က စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကမ္ဘာကြီးက လစ်လျူရှုထား တယ်လို့ ပြော
ဖေဖေါ်ဝါရီ ၁၁ – ၂၀၂၆ ရှမ်းပြည်ပြန်လည်တည်ဆောက်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် က မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် အရပ်သား သေဆုံးနေရမှုတွေကို ကမ္ဘာကြီးက လျစ်လျူရှုထားတယ်လို့ ပြောကြားလိုက်ပါတယ်။ RCSS ဌာနချုပ် လွယ်တိုင်းလျံ မှာ ရိုက်တာရဲ့ မေးမြန်းမှုကို ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ဖြေကြားခဲ့တာ ဖြစ်ပြီး တရုတ်နိုင်ငံ တနိုင်ငံတည်း ကသာ မြန်မာနိုင်ငံ ပဋိပက္ခကို ကြားဝင်ဆောင်ရွက်နေကြောင်း သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။ “အရပ်သားတွေဟာ ဒုက္ခရောက်နေကြပါတယ်၊ ဒါကို နိုင်ငံတကာ မိသားစု အနေနဲ့ လျစ်လျူမရှုထားစေချင်ပါဘူး” လို့ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောပါတယ်။ မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့်မှုအဖွဲ့ (Myanmar Peace Monitor) ရဲ့ အချက်အလက်တွေ
