မဟာမိတ်ကချင်တော်လှန်ရေးတပ်ဖွဲ့များ နဲ့အတူ ဆုံးခန်းတိုင် တိုက်ပွဲဝင်မယ်လို့ (၆၅) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အတွက် NUG သဝဏ်လွှာပေးပို့
ဖေဖေါ်ဝါရီ ၅ – ၂၀၂၆
ဖေဖေါ်ဝါရီ ၅ – ၂၀၂၆
ဖေဖေါ်ဝါရီ ၄ – ၂၀၂၆ MNDAA ကိုးကန့် တပ်ဖွဲ့ ရွှေတူးမှာကို ကန့်ကွက် ဆန္ဒပြတဲ့ လားရိူးမြို့နယ် နမ့်ပေါင် ကျေးရွာအုပ်စု ဝမ်စယ်ကျေးရွာ က MNDAA ဖမ်းဆီးသွား ဒေသခံပြည်သူတွေထဲက ၉ ဦးကို ပြန်မလွှတ်သေးတဲ့ အတွက် သျှမ်းကျောင်းသားသမဂ္ဂ (Tai Students’ Union) က အမြန်ပြန်လွှတ်ပေးဖို့ မနေ့က တောင်းဆိုလိုက်ပါတယ်။ – တောင်းဆိုချက်အပြည့်အစုံ ———————- MNDAA တပ်ဖွဲ့မှ မတရားဖမ်းဆီးသွားသော ဒေသခံပြည်သူ ၉ဦးအားအမြန်ပြန်လွတ်ပေးပါ။ ရှမ်းပြည်မြောက်ပိုင်း လားရိူးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ဝမ်စယ်ကျေးရွာတွင် MNDAA တပ်ဖွဲ့ကမှ ၎င်းတို့ရွှေတူးရန်ကန့်ကွက်ဆန္ဒပြသည့် ဒေသခံပြည်သူများကို ဖမ်းဆီးထားကာ ရိုက်နှက်နှိပ်စက်လျက် ရှိကြောင်း သိရသည်။ ၂၀၂၆ ခုနစ်ဖေဖော်ဝါရီ ၁ ရက်နေ့တွင် MNDAA
ဖေဖေါ်ဝါရီ ၄ – ၂၀၂၆ Revolutionary Summit တော်လှန်ရေးဦးဆောင် ညီလာခံ တခု ကျင်းပဖို့ NUG စဥ်းစားနေကြောင်း အမျိုးသားအတိုင်ပင်ခံကောင်စီ NUCC က ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။ အဲဒီညီလာခံကနေ Supreme Federal Council (SFC) လို အဖွဲ့မျိုး ဖွဲ့ဖို့ စဥ်စား နေကြောင်း NUCC ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ တင်ပြ ထားတာ ရှိတယ်လို့ NUCC သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရ ဦးတိုးကျော်လှိုင် က သတင်းထောက်ရဲ့ အမေးကို ဖြေကြားသွားခဲ့ပါတယ်။ ဒီအစီအစဥ်ကို အကောင်အထည်ဖေါ်မယ်ဆိုရင် NUG တဖွဲ့တည်း မဟုတ်ဘဲ NUCC နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြန်လည် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ
ဖေဖေါ်ဝါရီ ၄ – ၂၀၂၆ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ အနေနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅ ဦးနဲ့ တိုင်း/ပြည်နယ် အတွက် ကိုယ်စားလှယ် ၂၅ ဦး စုစုပေါင်း ၃၀ ကိုယ်စားပြုခွင့်ရကြောင်း သိရပါတယ်။ နိုင်သူအကုန်ယူ FPTP အနေနဲ့ ကတော့ မြိတ်မြို့နယ်ကနေ တိုင်းဒေသကြီး အတွက် တဦး သာ အနိုင်ရခဲ့ပြီး အမျိုးသားလွှတ်တော်နဲ့ တခြား တိုင်း/ပြည်နယ် နေရာတွေ အတွက် အချိုးကျကိုယ်စားပြု PR အနေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဦးကိုကိုကြီး ကိုယ်တိုင်ကတော့ ရန်ကုန် လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် အတွက် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမယ့် ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့ပါတယ်။ ‘’ကိုယ်စားလှယ်လောင်းအားလုံး၊ ပြည်သူပါတီဝင်အားလုံး၊ အားပေးဝန်းရံ ကူညီခဲ့ကြသူ အားလုံးတို့အား
ဖေဖေါ်ဝါရီ ၄ – ၂၀၂၆ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ Sergey SHOIGU နဲ့ အဖွဲ့ကို စစ်ကော်မရှင် ဥက္ကဌ တို့ မနေ့ ဖေဖေါ်ဝါရီ ၃ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အခြေအနေနဲ့ ရုရှားက လေ့လာစောင့်ကြည့်ရေး စေလွှတ်ခဲ့မှု အပါအဝင် ကျားဖျန့် တိုက်ဖျက်ရေးကိစ္စ ရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ မတ်လတတိယပတ်အတွင်း လွှတ်တော်အစည်း အဝေးခေါ်ယူသွားမယ်လို့လည်း စစ်ကော်မရှင် ဥက္ကဌ က ပြောကြားသွားပါတယ်။ ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ Sergey SHOIGU ဟာ စစ်ကော်မရှင် ဝန်ကြီး ဦးတင်အောင်စန်း
ဖေဖေါ်ဝါရီ ၄ – ၂၀၂၆ ပြီးခဲ့တဲ့ ၂၀၂၅ မှာ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP တို့ အနေနဲ့ NUCC မှာ ပါဝင်မှုကနေ ယာယီရပ်ဆိုင်းထားတာ ဟာ သူတို့ အဖွဲ့အစည်းအတွင်း တာဝန်တွေ များနေတာကြောင့် ဖြစ်တယ်လို့ NUCC သတင်းစာရှင်းလင်း ပွဲမှာ ပြောခွင့်ရ ဦးခွန်မြင့်ထွန်းက ပြောကြားလိုက်ပါတယ်။ NUCC မှာ ဖြစ်ရှိနေတဲ့ အခြေအနေတွေကြောင့် မဟုတ်ဘဲ မိမိတို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အခြေအနေတွေ အရ ပါဝင်မှု ကနေ ယာယီ ရပ်ဆိုင်းတာ ဖြစ်တယ်လို့လည်း ဦးခွန်မြင့်ထွန်း က ပြောပါတယ်။ ဒါတွေက တရားဝင် ပြောကြားချက်တွေဖြစ်တယ်လို့ သူက
ဇန်နဝါရီ ၃ – ၂၀၂၆ ပြည်ထောင်စုလွှတ်တော်ကနေ ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းဖို့ အတွက် ကာလုံကနေ ဒီကနေ့ ဥပဒေတရပ်ပြဌာန်းလိုက်ပါတယ်။ ပြည်ထောင်စု အတိုင်ပင်ခံကောင်စီဥပဒေ လို့ ခေါ်ဆိုထားပြီး တပ်ချုပ်က ယာယီသမ္မတ အဖြစ် လက်မှတ်ထိုး ထုတ်ပြန်လိုက်တာ လည်းဖြစ်ပါ တယ်။ ဒီဥပဒေအရ ပြည်ထောင်စုလွှတ်တော် ခေါ်ပြီး ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ကို ဥက္ကဌ အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ၅ ဦးထက်မနည်း ပါဝင် ဖွဲ့စည်းရမယ်လို့ ဖေါ်ပြထားပါတယ်။ နိုင်ငံတော်သမ္မတက ကောင်စီ ဥက္ကဌ နဲ့ အတွင်းရေးမှူးတို့ကို သတ်မှတ်ပေး ရမယ်လို့ ဆိုထားပြီး ကောင်စီရဲ့ သက်တမ်းဟာ သမ္မတ သက်တမ်း ဖြစ်တယ် လို့ ထုတ်ပြန်ထား ပါတယ်။ အခုလို
ဖေဖေါ်ဝါရီ ၃ – ၂၀၂၆ အသွင်ကူးပြောင်းရေး အခြေခံဥပဒေ ပေါ်ပေါက်လာပြီး လက်တွေ့ ကျင့်သုံးဖို့ အခြေအနေ ရောက်လာပြီဆိုရင် NUG NUCC ကို ဖျက်သိမ်း မှာ ဖြစ်တယ်လို့ NUCC ပြောခွင့်ရ ဦးတိုးကျော်လှိုင် က ဒီကနေ့ ထုတ်ပြန် တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။ ဒါဟာလည်း ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ် (ချာတာ) အစိတ်အပိုင်း ၂ မှာ ဖေါ်ပြပြီးသား ဖြစ်ကာ အဲဒီအချိန်ကျရင် ပဋိညာဥ် လည်း ပျက်ပြယ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ချာတာ မှာ ဖေါ်ပြထားတဲ့ လမ်းပြမြေပုံအရ နံပါတ် ၈ အရ အသွင်ကူးပြောင်းရေး အခြေခံဥပဒေ ရေးဆိုပြီးနောက် နံပါတ် ၉ အရ
————————— THN Public Media
ဖေဖေါ်ဝါရီ ၁ – ၂၀၂၆ ဒီကနေ့ စစ်တပ်အာဏာသိမ်း ၅ နှစ်ပြည့်မှာ ယူကေ နိုင်ငံခြားရေးဝန်ကြီး Yvette Cooper က မြန်မာစစ်တပ်အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်စဲဖို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးလွှတ်ပေးပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ အပြောင်းအလဲ တရပ် ဖြစ်ပေါ်လာစေဖို့ အတွက် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ – တိုက်တွန်းတောင်းဆိုချက် အပြည့်အစုံ ———————————— “စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်းမှာ မြန်မာပြည်သူပြည်သားများဟာ ပြင်းထန်ဆိုးရွားတဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ “စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရကို ဖြုတ်ချခြင်းဖြင့် ပြည်သူ့ဆန္ဒနဲ့ နိုင်ငံရေးလွတ်လပ်ခွင့်များကို ဥပေက္ခာပြုဖျက်ဆီးခဲ့ပါတယ်။ “အကျပ်အတည်းများကြားမှာပင် မြန်မာပြည်သူပြည်သားများအတွက် တည်ငြိမ်သော အနာဂတ်တစ်ရပ်ကို ကူညီထောက်ပံ့ရန်