နိုင်ငံရေး

နိုင်ငံတကာ နိုင်ငံရေး

ထိုင်းရွေးကောက်ပွဲ ဝန်ကြီးချုပ် အနုတင် ရဲ့ Bhumjaithai ပါတီ ဦးဆောင်နေ

ဖေဖေါ်ဝါရီ ၈ – ၂၀၂၆ ထိုင်းနိုင်ငံရွေးကောက်ပွဲတွေ မဲပေးအပြီး ရေတွက်နေရာမှာ ထိုင်းအချိန် ည ၈ နာရီ မထိုးခင် အချိန်အထိ လက်ရှိ ဝန်ကြီးချုပ် အနုတင် ရဲ့ Bhumjaithai ပါတီက ဦးဆောင်နေကာ သက်ဆင်ရဲ့ ဖြူထိုင်းပါတီက ဒုတိယ နဲ့ လူငယ်မျိုးဆက်ဦးဆောင်တဲ့ ပြည်သူ့ပါတီ က တတိယ နေရာမှာ ရှိနေပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး

NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း ဈာပန အခမ်းအနား ကျင်းပရေးကော်မတီ (ယာယီ) ဖွဲ့စည်း

ဖေဖေါ်ဝါရီ ၈ – ၂၀၂၆ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ စိန်ဝင်း ဈာပန အခမ်းအနားကျင်းပရေး ကော်မတီ (ယာယီ) ကို မနေ့က အမေရိကန် ပြည်ထောင်စု မယ်ရီလန်း မှာ ရှိတဲ့ ဒေါက်တာစိန်ဝင်း နေအိမ်မှာ ဖွဲ့စည်းလိုက်ကြောင်း သိရပါတယ်။ စျပန အခမ်းအနားကို ကျင်းပဖို့ နေ့ရက်ကိုတော့ အတည်မပြုရသေးဘဲ လာမယ့် တနင်္လာနေ့ ကျမှ ဆွေးနွေး အတည်ပြုမှာ ဖြစ်ပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး ပြည်တွင်း

လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပြီး ဆွေးနွေးပွဲ စကားဝိုင်းကို လာကြဖို့ စစ်ကော်မရှင် ဥက္ကဌ ဖိတ်ဖေါ်

ဖေဖေါ်ဝါရီ ၇ – ၂၀၂၆ ဒီကနေ့ ကျရောက်တဲ့ ၇၉ နှစ်မြောက် ရှမ်းပြည်နယ်နေ့မှာ ရှမ်းပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ အကြမ်းဖက်အဖွဲ့တွေ အနေနဲ့ လက်နက်ကိုင်လမ်းစဉ်နဲ့ ဆူပူအကြမ်းဖက်မှုတွေကို ကိုစွန့်လွှတ်ကာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲစကားဝိုင်းသို့ လာရောက်ကြဖို့ စစ်ကော်မရှင် ဥက္ကဌ က ရှမ်းပြည်နယ်နေ့ အတွက် သူ့ရဲ့ သဝဏ်လွှာ ကနေ ဖိတ်ခေါ်လိုက်ပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး အတူ ပူးပေါင်း လက်တွဲဆောင်ရွက်သွားကြဖို့ကိုလည်း သူက တိုက်တွန်းထား ပါတယ်။ ဒါ့အပြင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော် တည်ဆောက် ရာမှာ နိုင်ငံတော်၊ တပ်မတော်၊ တိုင်းရင်းသား ပြည်သူ အားလုံးတို့နဲ့ အတူ လက်တွဲ ပူးပေါင်းဆောင်ရွက်ကြဖို့ကို သဝဏ်လွှာမှာ

Read More
နိုင်ငံရေး

နိုင်ငံပြဿနာတွေ ဖြေရှင်းရေး ပင်လုံစာချုပ် အကောင်အထည်ဖေါ်ဖို့ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် အကြံပြု၊ တိုင်းပြည်ခေါင်းဆောင်ရဲ့ အတ္တ မာန လောဘ ကြီးလို့ အခုလို ဖြစ်နေရတယ်လို့ဆို

ဖေဖေါ်ဝါရီ ၇ – ၂၀၂၆ ဒီကနေ့ကျရောက်တဲ့ ၇၉ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် က မြန်မာနိုင်ငံ ပြဿနာတွေ ဖြေရှင်းနိုင်ရေး အတွက် ၁၉၄၇ ပင်လုံ စာချုပ် နဲ့ ပင်လုံ ကတိကဝတ်တွေကို အကောင် အထည်ဖေါ်ဖို့ အပါအဝင် အချက် ၄ ချက်ကို သူ့ရဲ့ သဝဏ်လွှာမှာ အကြုံပြု ဖေါ်ပြထားပါတယ်။ နောက်ထပ် ၃ ချက်ကတော့ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေး၊ ခေတ်သစ် ဗမာ နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အနေနဲ့ အမှားတွေကို သင်ခန်းစာ ယူဖို့ နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ တို့ ဖြစ်ပါတယ်။ ဒါ့အပြင်

Read More
နိုင်ငံရေး

သမိုင်းဝင် မာနယ်ပလောစာချုပ် လက်မှတ်ရေးထိုးခဲ့သူ NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း ကွယ်လွန်

ဖေဖေါ်ဝါရီ ၆ – ၂၀၂၆ ပြီးခဲ့တဲ့ ရက်ပိုင်းက ဝါရှင်တန် ဆေးရုံတခုမှာ ဆေးကုသမှုခံယူနေရတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း ဒီကနေ့ မနက်မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ ဒေါက်တာစိန်ဝင်းဟာ ဗိုလ်ချုပ်အောင်ဆန်း အကို အာဇာနည် ဦးဘဝင်း ရဲ့ သားဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ မောင်နှမ တဝမ်းကွဲ တော်စပ်သူဖြစ်ကာ အမျိုးသားဒီမိုကရေစီပါတီဥက္ကဋ္ဌ ဖြစ်ခဲ့သလို ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် တဦးလည်း ဖြစ်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက လစ်လျူရှုပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အာဏာလွှဲ ပြောင်းခြင်း မရှိတဲ့ အတွက် ဒေါက်တာစိန်ဝင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ ကရင်အမျိုးသား အစည်းအရုံး KNU ဌာနချုပ်

Read More
နိုင်ငံရေး

(၆၅) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနား လိုင်ဇာမှာ ကျင်းပ၊ နှစ်ပေါင်း ၅၀ တာဝန်ထမ်းခဲ့သူ တွေကို ရွှေတံဆိပ်ဆုချ

ဖေဖေါ်ဝါရီ ၆ – ၂၀၂၆ မနေ့ ဖေဖေါ်ဝါရီ ၅ ရက်နေ့က ကျရောက်တဲ့ ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ ကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားမှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က တော်လှန်ရေး နေ့ မိန့်ခွန်းပြောကြားခဲ့ပြီး၊ တော်လှန်ရေး တာဝန်ထမ်းဆောင်မှု နှစ် ၅၀ ပြည့် အရာရှိတွေကို ရွှေတံဆိပ် ချီးမြှင့်ခဲ့ပါတယ်။ ရွှေတံဆိပ် ဂုဏ်ပြုခံရသူတွေကတော့ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်ကြီး ဂွန်ထန်ဂမ်ရှောင် (Gunhtang Gam Shawng)၊ ဗဟိုပညာရေး ဌာန အခြေခံပညာ ညွှန်ကြားရေးမှူး ဆရာကြီး ဒေါ်ခါးယောဆော (Htawngga Yaw Sau)

Read More