နိုင်ငံရေး

နိုင်ငံရေး

ကိုမင်းကိုနိုင် အပါအဝင် လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့စုံ ကနေ စစ်အာဏာရှင် အမြစ်ပြတ်တဲ့ အထိ တိုက်ပွဲဝင်ဖို့ သန္နိဌာန်ပြု

ဒီဇင်ဘာ ၁၆ – ၂၀၂၅ ရခိုင်ပြည်နယ် မြောက်ဦးမြို့က ဆေးရုံ ကို စစ်တပ်က ဗုံးကြဲမှုဟာ စစ်ရာဇဝတ်မှု ဖြစ်ပြီး အတူခံစား နာကျင်ရကြောင်းနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်း နိုင်တဲ့ အထိ ဆက်လက် တိုက်ပွဲဝင်သွားဖို့ သန္နိဌာန် ပြုကြောင်း ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ————————— THN Public Media

Read More
War နိုင်ငံရေး

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ကို ဝန်းရံကြောင်း BNRA သဝဏ်လွှာပေးပို့

ဒီဇင်ဘာ ၁၆ – ၂၀၂၅ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ဖွဲ့စည်းလိုက်တဲ့ အပေါ် ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA က ဝမ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုကြောင်း နဲ့ SRA နဲ့ လက်ချင်းချိတ်ကာ အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ သဝဏ်လွှာပေးပို့ကြောင်း ထုတ်ပြန်ထားပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး

ဒေါ်အောာင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ကြောင်း စစ်ကော်မရှင် သတင်းထုတ်ပြန်

ဒီဇင်ဘာ ၁၆ – ၂၀၂၅ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် က ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲမှာ ကွယ်လွန်ပြီး ဖြစ်နိုင်တယ်လို့ ပြောဆိုမှုဟာ သတင်းအမှားဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်လိုက်ပါတယ်။ အခုလို သတင်းမှား ထုတ်ပြန်တာဟာ ရွေးကောက်ပွဲကို နှောင့်ယှက် လိုတဲ့ အတွက် အချိန်ကိုက် လုပ်‌ဆောင်တာလို့လည်း ဖေါ်ပြထားပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး

NUG နိုင်ငံခြားရေးဒုဝန်ကြီး ဖြစ်ခဲ့ဖူးသူ ဦးမိုးဇော်ဦးကို နိုင်ငံခြားရေးအကြံပေးပြန်ခန့်

ဒီဇင်ဘာ ၁၅ – ၂၀၂၅ မကြာသေးခင်က အမျိုးသားညီညွတ်ရေး NUG အစိုးရ ပြုပြင်ပြောင်းလဲရေး လုပ်ရာမှာ နိုင်ငံခြားရေး ဒုဝန်ကြီး အဖြစ် ပြန်မပါလာတော့တဲ့ ဦးမိုးဇော်ဦးကို အခုတော့ နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး အဖြစ် ပြန်ခန့်ကြောင်း ထုတ်ပြန်ထားပါတယ်။ အခုလို အကြံပေးခန့်အပ်တာဟာ လုပ်ငန်းတွေ ပိုမိုကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ ————————— THN Public Media

Read More
စီးပွားရေး နိုင်ငံရေး

မြေရှားသတ္တုအတွက် KIA နဲ့ အိန္ဒိယ လျှို့ဝှက်သဘောတူ

ဒီဇင်ဘာ ၁၄ – ၂၀၂၅ အိန္ဒိယ နဲ့ မြန်မာနိုင်ငံ က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ အကြား မြေရှား သတ္တုအတွက် လျှို့ဝှက် သဘောတူညီချက် ရရှိ ထားကြောင်းကို စုံစမ်း လေ့လာ သိရှိရတယ်လို့ အမေရိကန် အခြေစိုက် Silicon Valley Time သတင်းမှာ ဖေါ်ပြထားပါတယ်။ ဒါဟာ မဟာဗျူဟာမြောက် မဟာမိတ်ဖွဲ့မှုကို ဖေါ်ပြနေသလို မြန်မာ စစ်တပ် အတွက်‌တော့ အချုပ်အခြာအာဏာကို ထိခိုက်စေကြောင်း ရေးသား ထားပါတယ်။ ဂြိုဟ်တုက ရတဲ့ ပုံတွေနဲ့ နယ်စပ်ဖြတ်ကျော် ထောက်လှမ်းရေး သတင်းတွေ အရ အိန္ဒိယဟာ အာရူနာချယ် ပရာဒေ့ရှ် ပြည်နယ် ကနေ ကချင်ပြည်နယ် ချီဖွေက မြေရှားသတ္တုတူးဖော်ရေးနေရာ

Read More
War နိုင်ငံရေး

ရေဖြူမြို့ ဌာနဆိုင်ရာတွေကို KNU နဲ့ PDF ဝင်ရောက်မီးရှို့ ခဲ့တယ်လို့ စစ်ကော်မရှင် သတင်းထုတ်ပြန်

ဒီဇင်ဘာ ၁၄ – ၂၀၂၅ တနင်္သာရီတိုင်း ရေဖြူမြို့ အနောက်ခြမ်းရှိ ဌာနဆိုင်ရာ အဆောက် အအုံတွေ နဲ့ ဝန်ထမ်းအိမ်ရာတွေ၊ ဒေသခံပြည်သူ နေအိမ်တွေကို ဒီဇင်ဘာ ၁၂ ရက်နေ့က KNU နဲ့ PDF ပူးပေါင်းအဖွဲ့တွေက မီးရှို့သွားခဲ့တယ်လို့ စစ်ကော်မရှင် က သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ မထိုးခင်မှာ KNU နဲ့ PDF ပူးပေါင်း အဖွဲ့တွေက ရေဖြူမြို့ အနောက်ဘက်ခြမ်း မြို့မ ရဲစခန်းကို မြောက်ဘက် ကနေ ပစ်ခတ်ခဲ့ပြီး၊ တောင်ဘက်က တံတားကင်းအဖွဲ့ကိုလည်း ပစ်ခတ် ခဲ့တာလို့ ဆိုပါတယ်။ မြို့မရဲစခန်းကနေ ပြန်လည်ပစ်ခတ် ရေဖြူမြို့ အရှေ့တောင်ဘက် လုံခြုံရေး တပ်ဖွဲ့ကလည်း

Read More
နိုင်ငံရေး

ကျားဖျန့် အကြောင်းပြပြီး ပြည်ပစွက်ဖက်တာ လက်မခံကြောင်း မြန်မာ တရုတ် ဆွေးနွေး၊ မြဝတီ ကျားဖျန့်နှိမ်နင်းမှု ကွင်းဆင်းကြည့်ရှုမယ်

ဒီဇင်ဘာ ၁၃ – ၂၀၂၅ ကျားဖျန့် လိမ်လည်မှု Online Scam တိုက်ဖျက်ရေးကို အကြောင်းပြပြီး ပြည်ပနိုင်ငံတွေက ဝင်ရောက်စွက်ဖက်တာကို လက်မခံရေး မြန်မာ တရုတ် အကြားမနေ့က နေပြည်တော်မှာ ဆွေးနွေးခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။ တရုတ် ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး မစ္စတာလျို ကျုံးရိ ဦးဆောင်တဲ့ အဖွဲ့နဲ့ မြန်မာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တို့ မနေ့က ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး၊ ‘’အွန်လိုင်းလိမ်လည်မှု နဲ့ အွန်လိုင်း လောင်းကစားမှု တိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီ’’ ရဲ့ လုပ်ငန်းစဉ်တွေကို တရုတ်နိုင်ငံအနေနဲ့ ထောက်ခံကာ အရှိန်အဟုန်နဲ့ ပူးပေါင်း ဆောင်ရွက်သွားကြဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တရုတ် နိုင်ငံသားတွေ ကူညီ ရှာဖွေ

Read More
နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လန်ဒန် ပါလီမန်ရှေ့ ဆန္ဒပြ

ဒီဇင်ဘာ ၁၃ – ၂၀၂၅ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေးနဲ့ စစ်တပ် ကျင်းပမယ့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး အဖြစ် ယူကေရောက်မြန်မာအင်အားစုတွေကနေ ဒီကနေ့မှာ လန်ဒန် ပါလီမန်ရှေ့ စုပေါင်း ဆန္ဒပြခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုကို All In One Piece Movement အဖြစ် နိုင်ငံပေါင်း ၂၀ လောက်မှာ ပြုလုပ်နေကြောင်း သိရပါတယ်။ Photo: Myanmar events in UK / BeetlatVoice ————————— THN Public Media

Read More