နိုင်ငံရေး

နိုင်ငံရေး

စကစ အဖွဲ့ဝင်အားလုံး အကြမ်းဖက်သမားတွေ အဖြစ် NUG သတ်မှတ်၊ အကုန်လုံးကို ဖမ်းဆီးမယ်

ဒီဇင်ဘာ ၂၂ – ၂၀၂၅ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး ဖွဲ့စည်းခဲ့ကာ မကြာခင်က ဖျက်သိမ်း လိုက်တဲ့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အဖွဲ့ရဲ့ ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီ အဖွဲ့ဝင် အားလုံး ကို အကြမ်းဖက်သမားတွေ အဖြစ် သတ်မှတ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ NUG အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ကနေ မနေ့က ကြေညာလိုက်ပါတယ်။ အကြမ်းဖက်သမားတွေ အဖြစ် ကြေညာထားသူ အားလုံးကို ဖမ်းဆီးမှာ ဖြစ်ပြီး ဖမ်းဆီးရနိုင်ရေး တော်လှန်ရေးအင်အာစုတွေနဲ့ ပြည်သူတွေက ပူးပေါင်းဆောင်ရွက် ကြဖို့ တိုက်တွန်းထားပါတယ်။ ဖမ်းဆီးမိပါက ဘယ်လိုအရေးယူမယ်ဆိုတာကိုတော့ ဖေါ်ပြထားတာမျိုး မရှိပါ။ ————————— THN Public Media

Read More
နိုင်ငံရေး

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ထိုင်းနိုင်ငံက လေ့လာသူ စေလွှတ်ဖို့ စီစဥ်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

ဒီဇင်ဘာ ၂၂ – ၂၀၂၅ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က မကြာခင် မြန်မာစစ်တပ်က ကျင်းပဖို့ ရှိတဲ့ ရွေးကောက်ပွဲကို လေ့လာသူတဦး စေလွှတ်ဖို့ စီစဉ်နေကြောင်း တိုကျိုမြို့ NHK သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။ ထိုင်းနိုင်ငံ အနေနဲ့ လေ့လာသူ စေလွှတ်တာဟာ ရွေးကောက်ပွဲကို တရားဝင် ဖြစ်စေဖို့ ရည်ရွယ်တာမျိုး မဟုတ်ဘဲ မြန်မာနိုင်ငံနဲ့ ဆက်လက် ထိတွေ့ ဆက်ဆံသွားဖို့သာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါ တယ်။ လက်ရှိအခြေအနေ အရ ဒီရွေးကောက်ပွဲဟာ ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲ တခု မဟုတ်နိုင်ပေမယ့် ကောင်းမွန် တိုးတက်လာဖို့ အတွက် အစပျိုး ချက် တခု ဖြစ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။

Read More
နိုင်ငံရေး

မြန်မာစစ်တပ် ကျင်းပမယ့် တရားမဝင်ရွေးကောက်ပွဲကို နယ်သာလန်မှာ ဆန့်ကျင်ရှုတ်ချ

ဒီဇင်ဘာ ၂၀ – ၂၀၂၅ မြန်မာစစ်တပ် ကျင်းပမယ့် တရားမဝင်ရွေးကောက်ပွဲကို နယ်သာလန် နိုင်ငံ အမ်စတာဒမ်မြို့ လယ်မှာ မြန်မာအင်အားစုတွေက ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်ခဲ့ပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး

CRPH နဲ့ NUG ကို တရားဝင် အသိအမှတ်ပြုဖို့ ပြည်ထောင်စုလွှတ်တော်က က နိုင်ငံတကာကို တောင်းဆို

ဒီဇင်ဘာ ၂၀ – ၂၀၂၅ ဒီဇင်ဘာ ၁၉ ရက်နေ့ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကနေ CRPH နဲ့ NUG ကို တရားဝင် အသိအမှတ်ပြုဖို့ အပါအဝင် အချက် ၉ ချက်ကို နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။ ကျန်တဲ့အချက်တွေကတော့ ၂၀၂၆ ကျရင် နိုင်ငံတကာပါလီမန်များညီလာခံကနေ ၂၀၂၀ ရွေးကောက်ခံတွေကို ဆက်လက် အသိအမှတ်ပြုပေးဖို့ နည်းပညာ ငွေကြေး နဲ့ နိုင်ငံရေး ထောက်ခံမှု ပေးဖို့ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထားသူတွေ အားလုံး လွတ်မြောက်စေရေး ပူးပေါင်းဆောင်ရွက်ပေးဖို့ စစ်တပ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ဥပဒေတွေနဲ့ အရေးယူနိုင်အောင် လုပ်ပေးဖို့ အတုအယောင်ရွေးကောက်ပွဲနဲ့ ထွက်ပေါ်လာမယ့် ရလဒ်ကို အသိအမှတ်မပြုဖို့ အွန်လိုင်းလိမ်လည်မှု (ကျားဖျန့်)

Read More
နိုင်ငံရေး ပြည်တွင်း

ပြည်သူ့ပါတီ သင်္ယန်းကျွန်း ကိုယ်စားလှယ်လောင်း ဦးလွင့်မြင့်ကို ရဲက အမှုဖွင့်

ဒီဇင်ဘာ ၂၀ – ၂၀၂၅ ပြည်သူ့ပါတီ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ဒီဇင်ဘာ ၁၈ ရက်နက်ပိုင်းက ရဲက အမှုဖွင့် လိုက်တယ်လို့ သိရပါတယ်။ ဦးလွင်မြင့် ကို ဒီဇင်ဘာ ၁၇ ရက်နေ့ ည ၉ နာရီခွဲလောက်က ရဲတပ်ဖွဲ့က သူ့ရဲ့ နေအိမ် ကနေ လာရောက် ခေါ်ဆောင်သွားပြီး မြို့နယ် ရဲစခန်းမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကာ ည ၁ နာရီ လောက်မှာ အိမ်ကို ပြန်ပို့တယ်လို့ သိရပါတယ်။ ရဲက စစ်ဆေးရာမှာ ဦးလွင်မြင့် အနေနဲ့ NUG ကို အားပေးထောက်ခံခဲ့တာ ရှိမရှိနဲ့ ဆက်နွယ်ခြင်း ရှိမရှိကို အဓိက

Read More
နိုင်ငံရေး

SRA တပ်ပေါင်းစုဖွဲ့ပြီးနောက် မျှော်လင့်ချက်အမှားတွေ မပေးဖို့၊ ချက်ခြင်းအောင်မြင်မှုရမယ်လို့ မထင်ဖို့ မောင်ဆောင်းခ ပြော

ဒီဇင်ဘာ ၁၈ – ၂၀၂၅ တော်လှန်ရေးအဖွဲ့ ၁၉ ဖွဲ့နဲ့ နွေဦးတော်လှန်ရေးတပ်ပေါင်းစု SRA ကို ဖွဲ့စည်းပြီးနောက် အဖွဲ့ဝင် BPLA ခေါင်းဆောင် မောင်ဆောင်းခ က မျှော်လင့်ချက်အမှားတွေ မပေးဖို့၊ ချက်ခြင်းအောင်မြင်မှုရမယ်လို့ မထင်ဖို့ ပြောကြားလိုက်ပါတယ်။ သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ဒီဇင်ဘာ ၁၆ ရက်နေ့က ဖေါ်ပြလိုက်တာ ဖြစ်ပြီး ‘’အမြော်အမြင်ရှိရှိ၊ ရင်ဘတ်ကျယ်ကျယ်၊ သဘောထားကြီးကြီး ထားနိုင် ကြရင် တပ်ပေါင်းစုက တကယ်ကို အောင်ပွဲခံနိုင်ပါလိမ့်မယ်။’’ လို့လည်း ရေးသားထားပါတယ်။ – ရေးသားချက်အပြည့်အစုံ ———————– အမြှော်အမြင်ရှိရှိ၊ ရင်ဘတ်ကျယ်ကျယ်၊ သဘောထားကြီးကြီးထားနိုင်ကြရင် တပ်ပေါင်းစုက တကယ်ကို အောင်ပွဲခံနိုင်ပါလိမ့်မယ်။ False Hope တွေ မပေးနဲ့၊ ချက်ချင်းကြီး အောင်မြင်မှုရမယ်ဆိုတာမျိုးလည်း မထင်မြင်ကြပါနဲ့။ ကျနော်တို့မူကတော့

Read More
နိုင်ငံရေး

ထားဝယ်ခရိုင် အမှတ်(၂) တပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၄၀ ကျော် ထိန်းသိမ်းခံရမှု ကိစ္စ အမှတ် ၃၃ ဗျူဟာမှူး ကိုဘိတ် ရှင်းလင်း

ဒီဇင်ဘာ ၁၈ – ၂၀၂၅ NUG MOD အောက် ထားဝယ်ခရိုင် အမှတ်(၂) PDF တပ်ရင်း က တပ်ရင်းမှူး မင်းသားကြီး အပါအဝင် အမှတ် ၃၃ ဗျူဟာမှူး ကိုဘိတ်(ခ)စောဒါးကို နဲ့ တပ်ဖွဲ့ဝင် ၄၀ ကျော် ကို KNU တပ်မဟာ ၄ က ဖမ်းဆီး ထိန်းသိမ်း လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒါဟာနားလည်မှု လွဲမှားတာ ဖြစ်ပြီး ရဲဘောတွေ အားလုံး လက်နက်တွေနဲ့ အတူ မကြာခင် ပြန်ရောက်လာမှာ ဖြစ်တယ်လို့ ဗျူဟာမှူး ကိုဘိတ်(ခ)စောဒါးကို က သူ့ရဲ့ ဖေ့စ်ဘွတ် ကနေ အသိပေး ဖေါ်ပြထားပါတယ်။ – ရှင်းပြချက်အပြည့်အစုံ ——————– တော်လှန်မိဘပြည်သူများကို

Read More
နိုင်ငံရေး

ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး ကျင်းပ

ဒီဇင်ဘာ ၁၈ – ၂၀၂၅ ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး ပထမနေ့ အစီအစဥ်ကို ဒီကနေ့ မနက် ၁၀ နာရီက အွန်လိုင်းကနေ ကျင်းပခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က သတင်း ထုတ်ပြန် ထားပါတယ်။ အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က မိန့်ခွန်း ပြောကြားခဲ့ကြပါတယ်။ ဒီကနေ့ အစည်းအဝေးကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန် အမတ်များအဖွဲ့ (APHR) ပူးတွဲဥက္ကဋ္ဌ (Hon. Charles Santiago) မစ္စတာ ချာလ်းစ်ဆန်တီရေဂိုက လည်း တက်ရောက် အမှာစကားပြောကြားခဲ့ ပါတယ်။ အဲဒီနောက် CRPH နဲ့ NUG တို့ရဲ့

Read More
နိုင်ငံရေး

CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ဒေါ်လာ ၁ ဘီလီယံ ပြန်ရရေး အမေရိကန် လွှတ်တော်မှာ တောင်းဆို

ဒီဇင်ဘာ ၁၈ – ၂၀၂၅ ဒီဇင်ဘာ ၁၆ ရက်နေ့က အမေရိကန် အောက်လွှတ်တော် မြန်မာ့အရေး ကြားနားပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က မြန်မာနိုင်ငံက အပ်နှံထားတဲ့ ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံ နဲ့ အတိုးငွေကို ပြန်ရဖို့ အတွက် ကွန်ဂရက် တာဝန်ရှိသူတွေက ထရမ့် အစိုးရကို တိုက်တွန်းပေးဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။ အခု လို မေတ္တာရပ်ခံရတာနဲ့ ပတ်သက်ပြီး ဦးအောင်ကြည်ညွန့်က ‘’ အဲဒီ ရန်ပုံငွေနဲ့ အတိုးရငွေ တွေဟာ စစ်အာဏာရှင် အဆုံးသတ်ရေး ကျနော်တို့ရဲ့ လုပ်နိုင်စွမ်းကို အလျင်အမြန် အားကောင်းလာစေမှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ ပါတယ်။ ဒီဒေါ်လာ ၁

Read More
နိုင်ငံရေး ပြည်တွင်း

ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ အလွန် မြင်ကွင်း – အထူးသုံးသပ် မေးမြန်းခန်း – ကိုသက်ဇင် (ယနေ့ခေတ် အယ်ဒီတာချုပ်)

ရွေးကောက်ပွဲ သေချာပေါက်ဖြစ်မှာပဲ…’’ မဖြစ်အောင်တော့ လုပ်လို့မရဘူး..,’’လက်နက်ကိုင်တော်လှန်ရေး မအောင်မချင်း ရွေးကောက်ပွဲကို လက်မခံတော့ဘူးလား…’’ ကိုသက်ဇင် (ယနေ့ခေတ် အယ်ဒီတာချုပ်) တော်လှန်ရေးအင်အာစုတွေနဲ့ နိုင်ငံတကာ ကန့်ကွက် ဆန့်ကျင်နေတဲ့ စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့ မှာ အပိုင်း ၁ အနေနဲ့ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီ အငြင်းပွားဖွယ်ရွေးကောက်ပွဲ တကယ်ဖြစ်မြောက်နိုင်မလား…ဖြစ်ခဲ့ရင် ရွေးကောက်ပွဲမှာ ဘယ်သူနိုင်ပြီး အစိုးရဖွဲ့နိုင်မလဲ…ရွေးကောက်ပွဲ အလွန် အခြေအနေကရော အကောင်းဘက်ကို ပြောင်းလဲ နိုင်မလား…. စတဲ့ ရွေးကောက်ပွဲ နဲ့ ရွေးကောက်ပွဲအလွန် မြင်ကွင်း သုံးသပ်ချက်အဖြစ် ပြည်တွင်းမှာ ရှိနေတဲ့ ယနေ့ခတ် အယ်ဒီတာချုပ် ကိုသက်ဇင် ကို မေးမြန်း တင်ဆက်ထားပါတယ်။ THN Public Media

Read More