နိုင်ငံရေး

War နိုင်ငံရေး

BNRA ကို NUG ကတိုက်ခိုက်တော့မယ်လို့ BRNA က ထုတ်ပြန်၊ အဆုံးစွန်ထိ ရင်ဆိုင်တုန့်ပြန်သွားမယ်လို့ဆို

ဇန်နဝါရီ ၈ – ၂၀၂၆ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကိုတိုက်ခိုက်ဖို့ အတွက် NUG MOD ရဲ့ လျှို့ဝှက် ညွှန်ကြားမှုနဲ့ အောက်ခြေ မှာ တပ်အင်အားတွေ စုစည်းနေပြီ ဖြစ်တယ်လို့ သတင်း အတိ အကျ ရထားကြောင်း BNRA က လူထုကို အသိပေးချက် ထုတ်ပြန်လိုက် ပါတယ်။ NUG အနေနဲ့ ရှေ့တိုး လုပ်ဆောင်လာပါက လုံးဝလက်ခံမှာ မဟုတ်ဘဲ BNRA အနေနဲ့ အဆုံးစွန်ထိ ရင်ဆိုင်တုန့်ပြန်သွားမယ်လို့ ဖေါ်ပြထား ပါတယ်။ နီးစပ်ရာ ပြည်သူတွေ သတိထား နေထိုင်ကြဖို့ကိုလည်း BNRA က အသိပေးထား ပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး

လက်နက်စွဲကိုင်တာ ‌ဒေသခံပြည်သူတွေကို ဆင်းရဲတွင်းနက်စေ၊ NCA လမ်းကြောင်း အတိုင်း သွားဖို့၊ ဒို့တာဝန်အရေး ၃ ပါး နဲ့ သန္နိဌာန်ချ ဆောင်ရွက်ဖို့ လွတ်လပ်ရေးနေ့မှာ စစ်ကော်မရှင် ဥက္ကဌ တိုက်တွန်း

ဇန်နဝါရီ ၄ – ၂၀၂၆ ဒီကနေ့ ကျရောက်တဲ့ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အတွက် စစ်ကော်မရှင် ဥက္ကဌ သဝဏ်လွှာပေးဖို့ရာမှာ လက်နက်စွဲကိုင်ပြီး လူမျိုးစွဲ ဒေသစွဲနဲ့ မဖြစ်သင့်တာတွေ တောင်းဆိုတာဟာ ဒေသခံပြည်သူလူထုကို ဆင်းရဲတွင်းနက်အောင် လုပ်ဆောင်တာ ဖြစ်တယ်ဆိုပြီး ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ထာဝရငြိမ်းချမ်းရေး အတွက် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အတိုင်း သက်ဆိုင်သူ အားလုံး ပူးပေါင်း ဆောင်ရွက်ကြရမယ်လို့ ဆိုပါတယ်။ ဒို့တာဝန် အရေး ၃ ပါးအပါအဝင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက် (၄) ရပ် ကို သန္နိဌာန်ချ ဆောင်ရွက်သွားကြ ဖို့ကိုလည်း စစ်ကော်မရှင်ဥက္ကဌ တိုက်တွန်းထားပါတယ်။ ————————— THN

Read More
နိုင်ငံရေး ပြည်တွင်း

၇၈ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်တန့်ဖို့ မတရား ဖမ်းဆီးထားသူ အားလုံး ပြန်လွှတ်ပေးဖို့ စစ်ကော်မရှင် ကို တိုက်တွန်း

ဇန်နဝါရီ ၄ – ၂၀၂၆ (မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့) ၇၈ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က မြန်မာနိုင်ငံ နဲ့ ပတ်သက်ပြီး ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်မှာ မစ္စတာ မာကို ရူဘီယို က “ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ (၇၈) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုနေကြ တဲ့ မြန်မာပြည်သူတွေနဲ့ အတူ အမေရိကန်နိုင်ငံ ကလည်း ထောက်ခံ ရပ်တည်နေတယ် ဆိုတာကို ကျွန်တော် ထပ်လောင်းအတည်ပြုလိုပါတယ်။” “အမေရိကန်ပြည်ထောင်စုဟာ မြန်မာပြည်သူတွေ မျှော်လင့်တောင့်တနေတဲ့ ငြိမ်းချမ်း၊ တရားမျှတ ပြီး သာယာဝပြောတဲ့ အနာဂတ် ရရှိရေးအတွက် ဆက်လက်ပြီးတော့ ကတိကဝတ်ပြု

Read More
နိုင်ငံရေး

စစ်ကော်မရှင်က အိမ်နီးချင်းနိုင်ငံတွေနဲ့ သဘာဝဓာတ်ငွေ့ ပိုမို ထုတ်လုပ်ဖို့ ပြင်ဆင်

ဇန်နဝါရီ ၃ – ၂၀၂၅ မြန်မာနိုင်ငံဟာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကို မြှင့်တင်ဖို့ အတွက် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ရုရှားနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေ အပါအဝင် ဒေသတွင်းက မိတ်ဖက်နိုင်ငံတွေနဲ့ စွမ်းအင်ကဏ္ဍမှာ ပိုမို ပူးပေါင်း ဆောင်ရွက် နေတယ်လို့ စစ်ကော်မရှင် စွမ်းအင်ဝန်ကြီးဌာနက ပြောပါ တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကော်မရှင် စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်နဲ့ တရုတ်သံအမတ်ကြီး မစ္စ မာကျားနဲ့‌ တွေ့ဆုံစဥ်မှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာနဲ့ ထိုင်းနိုင်ငံ တို့ဟာ ဧရာဝတီတိုင်းနဲ့ မုတ္တမ ပင်လယ်ကွေ့ အပြင် ကမ်းလွန် လုပ်ကွက်တွေမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေကို အတူတူ ရင်းနှီးမြှုပ်နှံနေကြတာပါ။ တစ်ဘက်မှာလည်း အိန္ဒိယနိုင်ငံက

Read More
နိုင်ငံရေး

ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ BGF တပ်တချို့ ကရင်အမျိုးသားတပ်မတော် KNA အဖြစ်ပြောင်းလဲ

ဇန်နဝါရီ ၂ – ၂၀၂၅ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ BGF တပ်တချို့ ဟာ ကရင်အမျိုးသားတပ်မတော် KNA အဖြစ် မနေ့ နှစ်သစ်ကူးနေ့မှာ ပြောင်းလဲကာ ဘတ်တံဆိပ်တွေပါ ပြောင်းလဲတပ်ဆင်ပြီ ဖြစ်ကြောင်းသိရပါတယ်။ တပ်ရင်းတပ်ဖွဲ့ ဘယ်လောက် ပြောင်းလဲ လိုက်တယ်ဆိုတာ မသိရသေးပေမယ့် မနေ့က ဆိုရှယ်မီဒီယာမှာ BGF ကို KNA ဘတ်တံဆိပ်ပြောင်းတပ်နေတဲ့ ပို့စ်တွေ အတော်များများ တက်လာတာကို တွေ့ရပါတယ်။ ဗိုလ်မှူးကြီး စောချစ်သူ အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာမျိုး မလုပ်သေးသလို မြန်မာစစ်တပ် ကလည်း ထုတ်ပြောတာမျိုး မရှိသေးပါ။ BGF ဟာ ကျားဖျန့်လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်တယ်ဆိုပြီး ဗိုလ်မှူးကြီး စောချစ်သူ ကို အမေရိကန် က ဒဏ်ခတ်ပိတ်ဆို့မှု

Read More
နိုင်ငံရေး

မဲပေးဝန်းရံ ခဲ့တဲ့ ရခိုင်ပြည်သူတွေကို ကျေးဇူးတင်ကြောင်း နဲ့ နှစ်သစ်ဆုတောင်းလွှာ ရခိုင့်ဦးဆောင်ပါတီ ထုတ်ပြန်

ဒီဇင်ဘာ ၂ – ၂၀၂၆ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ AFP က မဲပေး ဝန်းရံ ခဲ့တဲ့ ရခိုင်ပြည်သူတွေကို ကျေးဇူးတင်ကြောင်း နဲ့ နှစ်သစ်ကူး ဆုတောင်းလွှာကို မနေ့ နှစ်သစ်ကူးနေ့က ထုတ်ပြန် လိုက်ပါတယ်။ ပါတီရဲ့ ရွေးကောက်ပွဲ ကတိကဝတ်တွေကို ဆက်လက် အကောင်အထည် ဖေါ်သွားမယ်လို့လည်း ကတိပြုထားပါတယ်။ ၂၀၂၆ နှစ်သစ်ကစလို့ ရခိုင်ဒေသ စစ်မီးတွေ ငြိမ်းအေးကာ ဖွံ့ဖြိုး တိုးတက် တဲ့ ပြည်နယ်ဖြစ်စေကြောင်းလည်း နှစ်သစ်ဆုတောင်း ထားပါတယ်။ ပါတီဥက္ကဌ ဒေါက်တာအေးမောင်ကတော့ စစ်တွေခရိုင် အမျိုးသားလွှတ်တော် နေရာ (FPTP) အတွက် ဝင်ရောက်ယှဥ်ပြိင်ရာ ရှုံးနိမ့်ခဲ့ပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး

အကျဥ်းထောင် အကျဥ်စခန်းအသီးသီးက အကျဥ်းသား ၁၁၀ ကို NUG ယာယီသမ္မတ လွတ်ငြိမ်းခွင့်ပြု

ဇန်နဝါရီ ၁ – ၂၀၂၆ နွေဦးတော်လှန်ရေး အကျိုးစီးပွားကို ရှေ့ရှုပြီး၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးဖို့နဲ့ လူသားချင်း စာနာမှု အရ အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးက ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား/အကျဉ်းသူ ၁၁၀ ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း NUG ယာယီသမ္မတ ဒူးဝါလရှီးလ က ဒီကနေ့ နှစ်သစ်ကူး နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ လွတ်တဲ့ အထဲမပါတဲ့ တခြား အကျဥ်းသားတွေကိုတော့ ထောင်ဒဏ် ၃ ပုံ ၁ ပုံ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုကြောင်း ဖေါ်ပြထားပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး

မြန်မာ့ရွေးကောက်ပွဲအပြီး နောက်ဆက်တွဲ ဖြစ်ပေါ်မှုတွေကို အာဆီယံက ဆန်းစစ် သွားမယ်လို့ မလေးရှားဝန်ကြီးချုပ်ပြော

ဒီဇင်ဘာ ၃၁ – ၂၀၂၅ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ပထမပိုင်း အပြီး နောက်ဆက်တွဲ ဖြစ်ပေါ်တိုးတက်မှုတွေကို အာဆီယံ ခေါင်းဆောင်တွေက ထည့်သွင်းစဉ်းစား သုံးသပ်သွားမယ်လို့ အာဆီယံ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က အင်္ဂါနေ့မှာ ပြောကြား လိုက်ပါတယ်။ မြန်မာနိုင်ငံ နေရာအတော်များများပျက်စီးစေပြီး အာရှမှာ အဆိုးရွားဆုံး လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ဖြစ်စေခဲ့တဲ့ ပြည်တွင်း စစ် ဖြစ်ပွားနေတဲ့ ကြားထဲကပဲ ဒီရွေးကောက်ပွဲကို အဆင့်ဆင့် ခွဲပြီး ကျင်းပနေတာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို နိုင်ငံရေးအရ အသွင်ပြောင်းပြီး သက်ဆိုးရှည်အောင် ကြိုးပမ်းတဲ့ “အတုအယောင်” တစ်ခုသာ ဖြစ်တယ် လို့ ကုလသမဂ္ဂ၊ အနောက်နိုင်ငံ အစိုးရတွေနဲ့

Read More
နိုင်ငံရေး

စစ်တွေ မဲရုံ ၃ ရုံမှာ မဲပေးစက်တွေပျက်၊ ရခိုင်မှာ မဲပေးသူများပြား

ဒီဇင်ဘာ ၂၈ – ၂၀၂၅ ဒီကနေ့ စစ်တပ်က စတင်ကျင်းပတဲ့ ပထမအကျော့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် စစ်တွေက မဲရုံ ၃ ရုံမှာ မဲပေးစက်တွေ ပျက်လို့ မဲပေးသူတွေ စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။ စစ်တွေ မြို့နယ်မှာ မဲရုံ စုစုပေါင်း ၅၉ ရုံရှိပြီး မဲပေးစက်ပျက်တဲ့ မဲရုံတွေကတော့ ကျောင်းတက်လမ်းရပ်ကွက် မဲရုံ ၁ အမျိုးသားလွှတ်တော် မောလိပ်ရပ်ကွက် မဲရုံ ၁ ပြည်သူ့လွှတ်တော် နဲ့ ရွာကြီးမြောက် ရပ်ကွက် မဲရုံ ၁ ပြည်သူလွှတ်တော် တို ဖြစ်တယ်လို့ သိရပါတယ်။ မဲပေးစက်တွေကို ပြန်ပြင်မယ်လို့ တာဝန်ရှိသူတွေက ပြောကြောင်းလည်း သိရပါတယ်။ ရခိုင်မှာ ကျောက်ဖြူ စစ်တွေ နဲ့ မာန်အောင် ၃

Read More