နိုင်ငံရေး

နိုင်ငံရေး

ရိုဟင်ဂျာ နာမည်ဟာ ဘင်္ဂါလီမွတ်ဆလင် တချို့ရဲ့ နိုင်ငံရေး လှုပ်ရှားမှု ဖြစ်ကြောင်း မြန်မာဘက်က ရှေ့နေ Mr. Christopher Staker က ICJ မှာ လျှောက်လဲခဲ့

ဇန်နဝါရီ ၁၉ – ၂၀၂၆ ဂမ်ဘီယာ က မြန်မာနိုင်ငံ အပေါ် စွဲဆိုထားတဲ့ ရိုဟင်ဂျာတွေ အပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ် ဆိုတဲ့ အမှုအပေါ် ဇန်နဝါရီ ၁၆ ရက်နေ့က ICJ တရားရုံးမှာ မြန်မာနိုင်ငံဘက်က ဦးဆောင်ရှေ့နေ Mr. Christopher Staker က လျှောက်လဲရာမှာ မြန်မာနိုင်ငံကို ၁၈၂၄ ကနေ ၁၉၄၈ အထိ ဗြိတိသျှအုပ်ချုပ်ခဲ့တဲ့ ကာလ တလျှောက် ရိုဟင်ဂျာ ဆိုတဲ့ နာမည် အသုံးပြုခဲ့တဲ့ အထောက် အထားမရှိခဲ့ကြောင်း၊ ၁၉၄၀ နောက်ပိုင်း မှသာ ဘင်္ဂါလီ မွတ်ဆလင်တချို့က နိုင်ငံရေး လှုပ်ရှားမှု တခု အနေနဲ့ အသုံးပြုခဲ့တာ ဖြစ်တယ်လို့ တင်ပြသွားခဲ့ပါတယ်။ – Mr.

Read More
နိုင်ငံရေး

အသွင်ကူးပြောင်းရေးကာလ အခြေခံဥပဒ ရေးဆွဲခြင်း ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီ လို့ NUCC ထုတ်ပြန်

ဇန်နဝါရီ ၁၉ – ၂၀၂၅ နွေဦးတော်လှန်ရေး တပ်ပေါင်းစု ဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC ကနေ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ် (ချာတာ) ရဲ့ လမ်းပြ မြေပုံ အဆင့် ၈ မှာပါတဲ့ အသွင်ကူးပြောင်းရေး ကာလ အခြေခံ ဥပဒ ရေးဆွဲမှု ၈၀ ရာခိုင်နှုန်းပြီးစီး နေပြီ ဖြစ်ကြောင်း ဇန်နဝါရီ ၁၇ ရက် နေ့က ထုတ်ပြန်လိုက်ပါတယ်။ လမ်းပြမြေပုံမှာ အဆင့် ၁၂ ဆင့်ပါဝင်ပြီး အခြေခံဥပဒ ဆွဲပြီးပါက အသွင်ကူးပြောင်းရေးကာလ အစိုးရဖွဲ့စည်းမှာ ဖြစ်ပြီး အဲဒီနောက် တိုင်းပြုပြည်ပြု ညီလာခံ ခေါ်ယူမှာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ အဲဒီညီလာခံကနေ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကာ လူထုဆန္ဒခံယူပြီး

Read More
နိုင်ငံရေး

တအာင်းတော်လှန်ရေး နေ့ အထိမ်းအမှတ် TNLA ကနေ စစ်သုံ့ပန်း ၁၀၀ ကျော် လွတ်ငြိမ်းခွင့်ပေး

ဇန်နဝါရီ ၁၃ – ၂၀၂၆ မနေ့က ကျရောက်တဲ့ (၆၃) နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖမ်းဆီး ထိန်းထိမ်းထားတဲ့ စစ်ကောင်စီတပ် (၁၀၀) ကျော်ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဌ တားအိုက်ဘုန်း ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်က (၁၀၀)၊ RCSS က (၄) ဦးနဲ့ တခြားအဖွဲ့အစည်းတွေက (၇) ဦး ပါဝင်ပြီး စုစုပေါင်း (၁၁၁) ဦး ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။ လူသားချင်းစာနာထောက်ထားမှုနဲ့ ဖမ်းဆီးထိိန်းသိမ်းသူတွေကို အခုလို လွတ်ငြိမ်း ခွင့် ပေးလိုက်တာ လို့လည်း ထုတ်ပြန်ထားပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး

ရွေးကောက်ပွဲ အပိုင်း-၂ ကြိုတင်မဲ ကိစ္စ နိုင်ငံရေးပါတီအချို့ ဝေဖန်

ဇန်နဝါရီ ၁၃ – ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်နေ့က ကျင်းပခဲတဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာလည်း ကြိုတင်မဲ နဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေ ၊ ကွာဟချက်တွေ ဆက်ရှိ နေသေးတယ်လို့ နိုင်ငံရေးပါတီ အချို့က ဝေဖန်ပြောဆိုကြ ပါတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးစောဟန်အေးက “တချို့ နေရာမှာ ကြိုတင်မဲတွေ ကွာဟတာ ရှိတယ်။ ကွာဟတယ် ဆိုတာ ပုံစံမှာ ဖြည့်ထားတဲ့ မဲတွေရဲ့ မဲအရေ အတွက် ကွာတာတွေ ရှိတယ်။ တချို့က ကြိုတင်မဲလက်မှတ်မှာ သက်ဆိုင်ရာကော်မရှင်ခွဲက လက်မှတ်ထိုးတာမှာ လက်မှတ်က တမျိုးတည်း မဟုတ်ဖြစ်မနေဘဲ သုံးမျိုး လေးမျိုးတွေ့ကတယ် ။အဲဒါ တောင်ဥက္ကလာ

Read More
နိုင်ငံရေး

တိုက်ပွဲဝင်နေသူတွေကို ထီးတလက်လို NUG အုပ်မိုးပေးရမယ်လို့ UDLA တပ်ပေါင်းစုက NUG ထံ စာပေးပို့၊ တော်လှန်ရေးကို တော်လှန်နေတဲ့ ပြည်သူတရပ်လုံး ပိုင်ဆိုင်တယ်လို့ဆို

ဇန်နဝါရီ ၁၃ – ၂၀၂၆ ပြည်ထောင်စု ကာကွယ်ရေးနှင့် လွတ်မြောက်ရေး မဟာမိတ်တပ်ပေါင်းစု UDLA ကနေ မနေ့က NUG ထံ အချက် ၃ ချက်ရှင်းပြထားတဲ့ ပြစ်တင်ရှုတ်ချလွှာ တစောင် ရေးသား ပေးပို့ခဲ့ပါတယ်။ အဲဒီစာထဲမှာ စစ်မှန်တဲ့ တော်လှန်ရေး အစိုးရတရပ် အနေနဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင် နေသူတိုင်းကို အုပ်မိုးပေးရမယ့် ထီးတလက်လို ဖြစ်သင့်တယ်လို့ ဖေါ် ပြထားပါတယ်။ တော်လှန်ရေးဟာ တော်လှန်နေတဲ့ ပြည်သူတရပ်လုံးရဲ့ ပိုင်ဆိုင်မှုသာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး

BNRA ကို တိုက်ခိုက်ဖို့ မရှိကြောင်း တရားမဝင် ဂိတ်တွေကိုသာ ပိတ်သိမ်းတာဖြစ်ကြောင်း NUG ပြောခွင့်ရ ဦးနေဘုန်းလတ် ပြောကြား၊ ဗိုလ်နဂါး တုန့်ပြန်ထား

ဇန်နဝါရီ ၁၀ – ၂၀၂၅ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA ကို NUG က တိုက်ခိုက်ဖို့ လုပ်ခဲ့တယ်လို့ BNRA ရဲ့ ထုတ်ပြန် ပြောဆိုမှုတွေ အပေါ် NUG ပြောခွင့်ရ ဦးနေဘုန်းလတ် က တော်လှန်ရေး အဖွဲ့အချင်းချင်း တိုက်ခိုက်ဖို့ မူ၊ ရည်ရွယ်ချက်နဲ့ ညွှန်ကြားထားတာမျိုး မရှိကြောင်း သတင်းဌာနတွေကို ပြောကြားလိုက်ပါတယ်။ ဒါပေမယ့်လည်း တရားမဝင် ဂိတ်တွေကိုသာ ပိတ်သိမ်း တာသာ ရှိခဲ့တယ်လို့ ဦးနေဘုန်းလတ် က ပြောကြား ပါတယ်။ ဒါကလည်း မြေပြင်မှာ တရားဥပဒေစိုးမိုးရေး အုပ်ချုပ်ရေး နဲ့ ပြည်သူ့ဝန်ဆောင်ရေး အတွက် အနှောင့်အယှက် ဖြစ်စေရင်တော့ အရေးယူ ဆောင်ရွက်ရတာတွေ ရှိတယ်လို့ ဆိုပါတယ်။ ဗိုလ်နဂါးက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ

Read More
နိုင်ငံရေး

ICJ မှာ တရားရင်ဆိုင်ဖို့ စစ်ကော်မရှင် ကိုယ်စားလှယ် အဖွဲ့ထွက်ခွာ

ဇန်နဝါရီ ၁၀ – ၂၀၂၆ မြန်မာအပေါ် ဂမ်ဘီယာ နိုင်ငံက တရားစွဲထားတဲ့ ရိုဟင်ဂျာတွေ လူမျိုးတုံး သတ်ဖြတ်မှု နဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ကြားနားဖို့ စစ်ကော်မရှင် ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၂ ရက်နေ့ ကနေ ၂၉ ရက်နေ့ အထိ ပြုလုပ်မယ့် နောက်ဆုံး ကြားနားပွဲကို စစ်ကော်မရှင် သမ္မတရုံးဝန်ကြီး ၂ ဦးကိုကိုလှိုင်နဲ့ ဥပဒေရေးရာ ဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တို့ တက်ရောက် လျှောက်လဲကြမှာ ဖြစ်ပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး

ICJ အတွက်မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့ဟာ NUG သာ ဖြစ်ကြောင်း NUG က ထပ်မံထုတ်ပြန်

ဇန်နဝါရီ ၉ – ၂၀၂၆ လာမယ့် ဇန်နဝါရီ ၁၂ ရက်နေ့ နယ်သာလန် နိုင်ငံ သယ်ဟိတ်မြို့ ကုလ သမဂ္ဂ အပြည်ပြည်ဆိုင်ရာ ICJ တရားရုံးမှာ ဂမ်ဘီယာ က မြန်မာနိုင်ငံကို စွဲဆိုထားတဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု နဲ့ ပတ်သက်ပြီး တတိယ အကြိမ်ကြားနားမှာ ဖြစ်ပါတယ်။ အခုလို ICJ မှာ ကြားနာမှု အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG သာဖြစ်ကြောင်း NUG က ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး ကတည်းက မြန်မာစစ်တပ်ဟာ နိုင်ငံကိုယ်စားပြုပြီး ICJ မှာ ပြောဆိုခွင့် မရှိဘူးလို့လည်း ဖေါ်ပြထားပါတယ်။ NUG အနေနဲ့ ကုလ

Read More
နိုင်ငံရေး

စောနယ်ဒါးမြ ကော်သူးလေ နိုင်ငံထူထောင်ပြီး လွတ်လပ်ရေးကြေညာတာ KNU နဲ့ ပတ်သက်မှု မရှိကြောင်း သဘောထား ထုတ်ပြန်

ဇန်နဝါရီ ၈ – ၂၀၂၆ ဇန်နဝါရီ ၅ ရက်နေ့က စောနယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူးလေတပ်မတော် KTLA ကနေ ကော်သူးလေ အစိုးရဖွဲ့ပြီး ကော်သူးလေ နိုင်ငံထူထောင် လွတ်လပ်ရေးကြေညာတာ ဟာ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပတ်သက်မှု မရှိကြောင်း KNU က ဒီကနေ့ သဘောထား ထုတ်ပြန် လိုက်ပါတယ်။ စောနယ်ဒါးမြ ဟာ စစ်ရာဇဝတ်မှု ကျူးလွန်သူ အဖြစ် စွပ်စွဲခံထားရပြီး KNU ရဲ့ စည်းကမ်းတွေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တာကြောင့် ၂၀၂၂ တုန်းက KNDO စစ်ဦးစီးချုပ် ရာထူးကနေ ရပ်စဲ ကာ KNU ကနေ ထုတ်ပယ် ထားသူ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ

Read More
နိုင်ငံရေး

NUG လျှပ်စစ် စွမ်းအင် ဝန်ကြီးဌာနကို ဆောက်လုပ်ရေး ဝန်ကြီးဌာန ပါ ထည့်သွင်း

ဇန္နဝါရီ ၈ – ၂၀၂၅ အမျိုးသားညီညွတ်ရေးအစိုးရ NUG လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနကို ဆောက်လုပ်ရေး ဝန်ကြီးဌာနာ ပါ ထည့်သွင်းသတ်မှတ် လိုက်ပြီ ဖြစ်ကြောင်း NUG ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီအတွက် NUG လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန အဖြစ် တည်ရှိသွားတော့မှာ ဖြစ်ပါတယ်။ NUG စိုးမိုးနယ်မြေတွေမှာ လျှပ်စစ်ဝန်ကြီးဌာန အနေနဲ့ ၂၀၂၂ ကတည်းက ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်တွေကိုပါ ပူးတွဲဖော်ဆောင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအတွက်အခုလို တခုတည်း ပေါင်းလိုက်ပြီး CDM ဝန်ထမ်းတွေကို တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ————————— THN Public Media

Read More