နိုင်ငံရေး

နိုင်ငံရေး

တော်လှန်ရေးဦးဆောင်မှု ခိုင်မာရေး NUCC/NUG တွေ့ဆုံဆွေးနွေး

ဇန်နဝါရီ ၂၆ – ၂၀၂၆ တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တို့အကြား မနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ ည က ဆွေးနွေးခဲ့ကြောင်း NUCC က သတင်းထုတ်ပြန်လိုက်ပါတယ်။ အားကောင်းခိုင်မာတဲ့ တော်လှန်ရေးဦးဆောင်မှုတခု ပေါ်ပေါက်စေဖို့နဲ့ အင်အားစုတွေ အကြား သဘောထား ကွဲလွဲမှုတွေကို ညှိနှိုင်း ဖြေရှင်း နိုင်ရေး သဘောတူညီမှု များစွာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အစည်းအဝေးမှာ NUCC ဘက်က ပြည်နယ်၊ ဖက်ဒရယ်ယူနစ် အစုအဖွဲ့ ခေါင်းဆောင်တွေနဲ့ အတူ ကျန်အစုအဖွဲ့ အသီးသီးက ကောင်စီဝင်တွေ တက်ရောက်ခဲ့ပြီး NUG ရဲ့ Political Coordination Commission

Read More
နိုင်ငံရေး

စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲကို တရုတ်ဂုဏ်ပြု

ဇန်နဝါရီ ၂၆ – ၂၀၂၆ မနေ့က ကျင်းပပြီးစီးသွားပြီ ဖြစ်တဲ့ စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ ကို တရုတ်နိုင်ငံက ဂုဏ်ပြုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Guo Jiakun က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက် ပါတယ်။ – သတင်းထောက်တွေရဲ့ အမေးအပေါ် Guo Jiakun ရဲ့ ဖြေကြားချက် —————————– မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲ မဲပေးမှုလုပ်ငန်းစဉ်အားလုံးဟာ မနေ့က ပြီးဆုံးသွားခဲ့ပါတယ်။ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ဟာ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့ကြပါတယ်။ မဲပေးသူတွေ တက်ကြွစွာ ပါဝင်ပြီး တည်ငြိမ်အေးချမ်းစွာနဲ့ စနစ်တကျ ကျင်း ပနိုင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲအပေါ်

Read More
နိုင်ငံရေး

လမ်းမ‌တော်မှာ ဦးကိုကိုကြီး ရှုံးနိမ့်၊ ပြည်ခိုင်ဖြိုးအနိုင်ရကြောင်း ကနဦး သိရ

ဇန်နဝါရီ ၂၆ – ၂၀၂၆ ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ အတွက် ဝင်ရောက်ယှဥ်ပြိုင်တဲ့ ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရှုံးနိမ့်ပြီး ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိသွားကြောင်း ကနဦး သိရှိရပါတယ်။ ပြည်ခိုင်ဖြိုးပါတီက ဦးရန်မျိုးအောင်သိန်း အနိုင်ရခဲ့တာ ဖြစ်ပြီး မဲ ၈၀၀ ကျော် အကွာနဲ့ ဦးကိုကိုကြီး ရှုံးခဲ့တာ ဖြစ်ပါတယ်။ ဦးကိုကိုကြီး ကိုယ်တိုင်မဲပေးခဲ့တဲ့ လမ်းမတော် ၂ ရပ်ကွက် မဲရုံ ၂ မှာတော့ မဲပေးသူ ၄၃၀ ရှိခဲ့ပြီး ဦးကိုကိုကြီးက ၁၆၂ မဲ ပြည်ခိုင်ဖြိုးက ၁၆၆ မဲ ရရှိတာကို တွေ့ရပါတယ်။ ပြည်သူ့ပါတီဟာ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အနက် ပထမပိုင်းမှာ

Read More
နိုင်ငံရေး

ဂမ်ဘီယာ ဘက်က ဒုတိယ အကျော့လျှောက်လဲချက်စတင်၊ နည်းပညာ အခက်အခဲကြောင့် အခုကြားနားမှုကို live ထုတ်လွှင့်မှု မရှိကြောင်း ICJ ကြေညာ

ဇန်နဝါရီ ၂၆ – ၂၀၂၆ ICJ မှာ ဂမ်ဘီယာ ဘက်က ဒုတိယ အကျော့ လျှောက်လဲချက်တွေ ဒီကနေ့ မနက် ၁၀ နာရီမှာ စတင်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပညာ အခက်အခဲကြောင်း အခု မနက်ပိုင်း ကြားနားမှုကို live ထုတ်လွှင့်မှု မရှိကြောင်း ICJ က ကြေညာထားပါတယ်။ ဂမ်ဘီယာ ဘက်က ဒီကနေ့နဲ့ မနက်ဖြန် ၂ ရက် ဒုတိယ အကျော့ လျှောက်လဲ မှာ ဖြစ်ပြီး အဲဒီနောက် မြန်မာဘက်က ဇန်နဝါရီ ၂၈ နဲ့ ၂၉ မှာ နောက်ဆုံးပိတ် လျှောက်လဲရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ကနေ ၂၃

Read More
နိုင်ငံရေး

ရွေးကောက်ပွဲ နောက်ဆုံးပိုင်း လမ်းမတော်မှာ ဝင်ပြိုင်တဲ့ ဦးကိုကိုကြီး မဲပေး၊ နိုင်ငံရေးမှာ တပ်မတော် လွှမ်းမိုးနေတာ မကြိုက်ဘူးလို့ဆို

ဇန်နဝါရီ ၂၅ – ၂၀၂၅ စစ်တပ်က ဒီကနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ဖြစ်တဲ့ နောက်ဆုံးပိုင်း ဒီကနေ့ ကျင်းပခဲ့ရာ ရန်ကုန်တိုင်း လမ်းမတော် မြို့နယ် ကနေ ပြည်သူ့လွှတ်တော် နေရာအတွက် ဒီကနေ့ ဝင်အရေးခံတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးကိုကိုကြီး ကိုယ်တိုင် မဲပေးခဲ့ပါတယ်။ ‘’နိုင်ငံရေးမှာ တပ်မတော်က လွှမ်းမိုးနေတဲ့ ကိစ္စကို ကျွန်တော်တို့ မကြိုက်ဘူး…’’ လို့ မဲလာ‌ပေးတဲ့ အချိန် ဦးကိုကိုကြီး က သတင်းထောက် တွေကို ပြောကြားသွားခဲ့ပါတယ်။ အခု တက်လာမယ့် အစိုးရဟာ ၂၀၁၀ ဦးသိန်းစိန် လက်ထက်လို့ မဟုတ်ဘဲ ပဋိပက္ခ အရှိမြင့်တဲ့ အတွက် ဦးစားပး အစီအစဥ် ကွာသွားလိမ့်မယ်လို့ ထင်မြင်ကြောင်းနဲ့

Read More
နိုင်ငံရေး

ရွေးကောက်ပွဲ အပိုင်း ၃ ပြီးဆုံး၊ မန္တလေးတိုင်းမှာ မဲပေးသူ ၆၂.၅၉ ရာနှုန်းရှိ

ဇန်နဝါရီ ၂၅ – ၂၀၂၆ စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း ၃ (နောက်ဆုံးပိုင်း) ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကျင်းပြီးစီးလို့ မဲရုံတွေ ပိတ်သိမ်းပြီး ဆန္ဒမဲ လက်မှတ် တွေနဲ့ ကြိုတင်မဲတွေကို ရေတွက် စိစစ်နေပါပြီ။ အခု နောက်ဆုံးပိုင်းမှာ မန္တလေးတိုင်း ၈ မြို့နယ်က မဲပေးခွင့်ရှိသူ ခြောက်သိန်း သုံးသောင်းကျော် ရှိတဲ့အနက် မဲပေးသူအရေ အတွက် လေးသိန်း နီးပါးရှိတဲ့ အတွက် ၆၂.၅၉ ရာနှုန်း မဲပေးခဲ့တယ်လို့ သိရ ပါတယ်။ ရွေးကောက်ပွဲ ပထမပိုင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက် တစ်နိုင်ငံလုံး ကျင်းပတဲ့ မြို့နယ်(၁၀၂) မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် (၈)မြို့နယ် ကျင်းပခဲ့ပြီး

Read More
နိုင်ငံရေး

ICJ မြန်မာကိုယ်စားလှယ် အဖွဲ့ကို ထောက်ခံပွဲ လုပ်တဲ့အခါ အချက် ၄ ချက် သတိထားဖို့ စစ်ကော်မရှင် အသိပေး

ဇန်နဝါရီ ၂၂ – ၂၀၂၆ ICJ တရားသူကြီးတွေကို မဝေဖန်ဖို့ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်း မပါဖို့ တိုင်းရင်းသားတဲ့ မပါတဲ့ (ရိုဟင်ဂျာ ကို ဆိုလို) နာမည်သုံးပြီး အမုန်းစကား မပြောဖို့ နဲ့ ICJ မှာ ဖြေရှင်းနေတဲ့ မြန်မာအဖွဲ့ကို ထောက်ခံအားပေးကြောင်း ရေးသားပြောဆိုဖို့ ဆိုတဲ့ အချက် ၄ ချက်ကို အသိပေးထားတာ ဖြစ်ပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး

ထိုင်းရဲတပ်ကြပ်တဦးကို ပစ်ခတ်ပြီး ထွက်ပြေးပုန်းရှောင်နေတဲ့ မြန်မာပြည်သား (၁) ဦး ကို KNLA က ဖမ်းဆီးပြီး ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းပေးအပ်

ဇန်နဝါရီ ၂၂ – ၂၀၂၆ ထိုင်းနိုင်ငံ၊ မဲဆောက်-အုန်းဖန် လမ်း မဲကု တိုက်နယ် အတွင်း ဇန်နဝါရီ (၂၀) ရက်နေ့ ညနေ ၅ နာရီလောက်မှာ ဖြစ်ပွားခဲ့တဲ့ ထိုင်းရဲတပ်ကြပ် တဦးကို သေနတ်နဲ့ ပစ်ခတ်ပြီး မြန်မာပြည်ဘက် ထွက်ပေးတိမ်းရှောင် သွားတဲ့ နဂါးကြီး (ခ) နိုင်လင်းအောင် ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် K.N.L.A က ဖမ်းဆီးပြီး ဒီကနေ့ မနက်မှာ ထိုင်း အာဏာပိုင်တွေဆီ လွှဲပြောင်းပေးအပ်လိုက်ပြီလို့ KNU က သတင်း ထုတ်ပြန် ထားပါတယ်။ ထိုင်း အာဏာပိုင်တွေ ကနေ ဒီပစ်ခတ်မှု ဖြစ်စဥ်နဲ့ ပတ်သက်ပြီး KNU ကို အသိပေး အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။

Read More