စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတွေ မပူးပေါင်းဖို့ NUG NUCC မေတ္တာရပ်ခံ၊ နိုင်ငံတကာ အနေနဲ့ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုဖို့ တိုက်တွန်း
ဒီဇင်ဘာ ၂၈ – ၂၀၂၅ စစ်တပ်က ဒီကနေ့ စတင်ကျင်းပပြီဖြစ်တဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူလူထု အနေနဲ့ မပူးပေါင်း ဖို့ အပါအဝင် အချက် ၈ ချက်ကို NUG NUCC က ထုတ်ပြန်လိုက်ပါတယ်။ စစ်အုပ်စုအနေနဲ့ ရွေးကောက်ပွဲ ကျင်းပပိုင်ခွင့်မရှိကြောင်း၊ ၂၀၀၈ ခြေဥ ကိုလည်း CRPH က ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်းနဲ့ ဒီရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် ထွက်ပေါက် မဟုတ်သလို တိုင်းရင်းသားပြည်သူလူထု မျှော်မှန်းထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ရည်မှန်းချက် ကို လုံးဝရရှိမှာ မဟုတ်ဘူးလို့ ဖေါ်ပြထားပါတယ်။ တော်လှန်ရေး အင်အားစုတွေကတော့ ဒီရွေးကောက်ပွဲ အလွန်ကာလမှာလည်း စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး စစ်တပ် နိုင်ငံရေးက
