နိုင်ငံရေး

နိုင်ငံရေး

KNU က ထုတ်ပယ်လိုက်တဲ့အပေါ် KNU ကို ပြန်မေးခွန်း ထုတ်လိုတဲ့ ပဒိုရွှေမောင်း နဲ့ သီးသန့် မေးမြန်းခန်း

‘’အသုံးမတည့်လို့ ထုတ်လိုက်တာပေါ့ဗျာ….’’‘’ကျွန်တော်တို့ကို နိုင်ငံရေးသတ်လိုက်တာပေါ့…’’ ပဒိုရွှေမောင်း (KNU ဗဟိုကော်မတီဝင်ဟောင်း – တပ်မဟာ ၆ ဒူးပလာယာ ခရိုင် ဥက္ကဌ ဟောင်း) ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌဟောင်း စောမူတူစေးဖိုး နဲ့ တပ်မဟာ ၆ ဒူးပလာယာ ခရိုင် ဥက္ကဌ ဟောင်း ဗဟိုကော်မတီဝင်ဟောင်း ပဒိုရွှေမောင်း တို့ကို အဖွဲ့အစည်းရဲ့ စည်းမျဥ်းစည်းကမ်းတွေကို အကြိမ်ကြိမ် ချိုးဖေါက် တဲ့ အတွက် KNU ကနေ အပြီးတိုင် ထုတ်ပယ်လိုက်တဲ့ အပေါ်… ပဒိုရွှေမောင်းက KNU ကို ပြန်မေးခွန်းထုတ်လိုတယ်လို့ ပြောကြားလိုက်တာ အပါအဝင်NCA အပေါ် သဘောထား နဲ့ကရင်အမျိုးသားအရေး အတွက် ရှေ့ဆက် ဘာတွေ ဆက်လုပ်မလဲ ဆိုတာ…နှစ်ပေါင်း ၅၀ ကျော် KNU

Read More
နိုင်ငံရေး

NUG ပညာရေးဝန်ကြီးသစ် ဂျာထွယ်ပန်ကို ခန့်အပ်မှုအပေါ် ပညာရေးဘုတ်အဖွဲ့များကောင်စီ ပြင်းထန်စွာကန့်ကွက်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် က ခန့်အပ်မှုအပေါ် ကြိုဆိုထောက်ခံ

ဒီဇင်ဘာ ၁၂ – ၂၀၂၅ ပြုပြင်ပြောင်းလဲရေး လုပ်လိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာ ပညာရေးဝန်ကြီး အသစ် အဖြစ် ဂျာထွယ်ပန် ကို ခန့်အပ်လိုက်မှု အပေါ် ပညာရေးဘုတ်အဖွဲ့များကောင်စီ CBBE က ပြင်းထန်စွာ ကန့်ကွက်လိုက်ပေမယ့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ပညာရေးဝန်ကြီးဌာန ကတော့ ဂျာထွယ်ပန် ကို ခန့်အပ်လိုက်မှု အပေါ် ကြိုဆို ထောက်ခံကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့က သဘောထား အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။ ပညာရေးဘုတ်အဖွဲ့များကောင်စီ CBBE က ထောက်ပြတာကတော့ ၁။ သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းများ၏ သဘောထားကို လစ်လျူရှုခြင်း ၂။ အရည်အချင်းနှင့် ဦးဆောင်နိုင်မှု လိုအပ်ချက်ရှိနေခြင်း ၃။ လူထုနှင့် ပညာရေးမိသားစု၏ ထောက်ခံမှု မရှိခြင်း စတဲ့အချက်တွေကြောင့်

Read More
နိုင်ငံရေး

ဒေါ်ကြည်ပြာက တိုင်ကြားသူတွေကို တန်ပြန်တိုင်ကြား၊ ဒေါ်ကြည်ပြာအမှု ဖေ့စ်ဘွတ်ပေ့ချ် ကို စုံစမ်းရေးအဖွဲ့က ပိတ်ခိုင်း

ဒီဇင်ဘာ ၁၁ – ၂၀၂၅ NUG ဝန်ကြီးချုပ်ရုံး အတွင်းဝန် ဒေါ်ကြည်ပြာ နဲ့ ခင်ပွန်း တို့ကို ဝန်ထမ်းတွေ အပေါ် ဖိနှိပ် ဆက်ဆံမှု နဲ့ လှူဒါန်းငွေတွေ အလွဲသုံးစားလုပ်မှု အပါအဝင် အချက် ၂၀ နဲ့ တိုင်ကြားထားတာနဲ့ ပတ်သက်ပြီး ဒေါ်ကြည်ပြာက တိုင်ကြားသူတွေကို တန်ပြန်တိုင်ကြားထားတယ်လို့ သိရပါတယ်။ ဒေါ်ကြည်ပြာကနေ တန်ပြန်တိုင်ကြားထားတယ် ဆိုတာကို စုံစမ်းစစ်ဆေးရေး အဖွဲ့ကနေ တိုင်ကြား သူတွေကို စစ်ဆေးပြီးတဲ့ နောက် တနေ့မှာ အသိပေးလာတာ ဖြစ်ပါတယ်။ ဒေါ်ကြည်ပြာဘက်က ဘာကိုတိုင်ကြားထားတာလဲ ဆိုတာ မသိရကြောင်းနဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ အကြောင်းကြားစာထဲမှာလည်း တိုင်ကြားထားတဲ့ ခေါင်းအစဥ် အကြောင်းအရာ ပါမလာဘူးလို့ သိရပါတယ်။ ဒါ့အပြင် ဒေါ်ကြည်ပြာ အမှုနဲ့

Read More
နိုင်ငံရေး

စစ်အာဏာရှင်အဖွဲ့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လေကြောင်း တိုက်ခိုက်တွေ အပေါ် စိုးရိမ်ကြောင်း ရန်ကုန် သြစတြေးလျသံရုံး ထုတ်ပြန်

ဒီဇင်ဘာ ၁၀ – ၂၀၂၅ – ထုတ်ပြန်ချက်အပြည့်အစုံ ——————— သြစတြေးလျအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာသတင်းထုတ်ပြန်ချက် သြစတြေးလျအစိုးရသည် မြန်မာနိုင်ငံတွင် ဆက်လက် ဖြစ်ပွားလျက် ရှိသည့် နိုင်ငံရေးနှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းနှင့်ပက်သက်၍ အလွန်အမင်းစိုးရိမ်ပူပန်မိပါသည်။ မြန်မာ စစ်အာဏာရှင်အဖွဲ့အစည်း၏ လူ့အခွင့်အရေး အလွဲသုံးစား ပြုမှုများနှင့် ချိုးဖောက်မှုများကျယ်ကျယ် ပြန့်ပြန့် လုပ်‌ဆောင် နေခြင်းအား မိမိတို့ရှုတ်ချပြီး ၄င်း၏ လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အရပ်သား ပြည်သူများကိုဆက်လက်တိုက်ခိုက်နေခြင်းအပေါ် မိမိတို့ များစွာ စိုးရိမ်လျက်ရှိပါသည်။ အခြားလက်နက်ကိုင်အဖွဲ့များမှကျူးလွန်ခဲ့သော အကြမ်းဖက်မှု၊ အလွဲသုံးစား ပြုမှုများနှင့်ပက်သက်သည့် ခိုင်လုံသောသတင်းများကိုလည်း စိုးရိမ်ဖွယ်သိရပါသည်။ ငြိမ်းချမ်းရေးလမ်းကြောင်းအစစ်အမှန်ဖြစ်ရန်အတွက် အကြမ်းဖက်မှုများ ကိုအဆုံးသတ်ပြီး မတရားဖမ်းဆီး ထိန်းသိမ်းထားသူ အားလုံးကို လွှတ်ပေး ကာ သက်ဆိုင်သူများ အားလုံးပါဝင်သည့် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ရန်လိုအပ်သည်ဟု

Read More
နိုင်ငံရေး

ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီးလောင်း ဦးတင်ထူးအောင် နဲ့ လေဘာပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်သူရ တို့ကို ကိုယ်စားလှယ်လောင်း စာရင်း ကနေ ပယ်ဖျက်

ဒီဇင်ဘာ ၁၀ – ၂၀၂၅ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာပြိုင်မယ့် ဦးတင်ထူးအောင်နဲ့ လေဘာပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်သူရ (ခ) မာမတ်အာနီဆူရာမန်တို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ကိုယ်စားလှယ်လောင်း စာရင်း ကနေ ပယ်ဖျက် လိုက်တယ်လို့ သိရပါတယ်။ ဦးတင်ထူးအောင်ဟာ ရန်ကုန်တိုင်း၊ ရခိုင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) စနစ်နဲ့ တသီးပုဂ္ဂလ ဝင်ရောက် ယှဉ်ပြိုင် မယ့်သူ ဖြစ်ပြီး ဦးကျော်သူရ ကတော့ ရန်ကုန်တိုင်း၊ အမျိုးသား လွှတ်တော် အတွက် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နဲ့ မဲဆန္ဒနယ် အမှတ် (၁) ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့်သူ ဖြစ်တယ်လို့ သိရပါတယ်။ ၎င်းတို့

Read More
နိုင်ငံရေး

အသံတိတ်သပိတ် ဆင်နွှဲတဲ့ ပြည်သူတွေကို NUG ယာယီသမ္မတ ဦးညွှတ်ကြောင်းပြော၊ လက်နက်အပေါ် သာယာသူ တချို့ရှိကြောင်းဝန်ခံ၊ လူ့အခွင့်အရေးနေ့ မိန့်ခွန်း

ဒီဇင်ဘာ ၁၀ – ၂၀၂၅ ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနား မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ မိန့်ခွန်း ပြောကြားရာမှာ စစ်အာဏာရှင်တွေရဲ့ ညှင်းပန်း ရက်စက်မှုတွေကို ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ဘူးဆိုတာကို ပြသတဲ့ ဒီကနေ့ အသံတိတ် သပိတ် ဆင်နွှဲကြတဲ့ ပြည်သူတွေကို လေးစားစွာ ဦးညွှတ်ကြောင်း ပြောကြား သွားပါတယ်။ စစ်အာဏာရှင် သက်ဆိုးရှည်နေသရွေ့၊ ပြည်သူတွေဟာလည်း အချိန်တိုင်း နေ့တိုင်း၊ လူ့အခွင့်အရေးကို ဆက်လက် ဆုံးရှုံးနေကြရအုံးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ တော်လှန်ရေး ၅ နှစ် နီးပါး ရောက်လာချိန်မှာ လုပ်ပိုင်ခွင့်၊ အာဏာနဲ့ ကိုင်စွဲထားတဲ့ လက်နက်တွေ အပေါ်မှာ သာယာပြီး တချို့လည်း တော်လှန်ရေး ကျင့်ဝတ်၊

Read More
နိုင်ငံရေး

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြီးတဲ့နောက် ငြိမ်းချမ်းစွာ အာဏာလွှဲ ပေးဖို့ စစ်ကော်မရှင်ကို တောင်းဆို

ဒီဇင်ဘာ ၉ – ၂၀၂၅ မြန်မာနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲ အပြီးမှာ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စစ်ကော်မရှင်အနေနဲ့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က မနေ့က တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့လတုန်းကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဘန်ကောက်မှာ သတင်းထောက်တွေကို ပြောကြားရာမှာ မြန်မာနိုင်ငံက လာမယ့် ရွေးကောက်ပွဲဟာ “လွတ်လပ်ပြီး ယုံကြည်စိတ်ချရမှာ မဟုတ်” ကြောင်း ပြောဆိုခဲ့ပြီး ထိုင်းနိုင်ငံ အနေနဲ့လည်း “ရွေးကောက်ပွဲကို အသိအမှတ်ပြုမယ့် အနေအထား ရှိမှာမဟုတ်ဘူး” လို့ ခန့်မှန်းကြောင်း ပြောခဲ့ပါတယ်။ မစ္စတာ Sihasak Phuangketkeow ဟာ ဒီဇင်ဘာ ၇ ရက်နေ့က မြန်မာနိုင်ငံမှာ မြန်မာ စစ်ခေါင်းဆောင် နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့သလို စစ်အစိုးရ ဝန်ကြီးချုပ်

Read More
နိုင်ငံရေး

မအိသဥ္ဇာမောင် က လူငယ်တွေကို နေရာပေးလိုတဲ့အတွက် NUG ထဲမပါဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြော၊ NUG ပြုပြင်မှုကို ကြိုဆို

ဒီဇင်ဘာ ၉ – ၂၀၂၅ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဒုဝန်ကြီးတဦး ဖြစ်ခဲ့သူ မအိသဥ္ဇာမောင် က လူငယ်တွေကို နေရာပေးလိုတဲ့အတွက် NUG ထဲမပါဖို့ ဆုံးဖြတ်လိုက်တာလို့ မနေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ သဘောထား ဖေါ်ပြထားပါတယ်။ ‘’အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ပြုပြင်မှု ကို ကြိုဆိုပါတယ်။ ကျမ အနေနဲ့ တော်လှန်ရေးထဲ လူငယ်တွေကို တိုင်းပြည်ဦးဆောင်တဲ့ ကဏ္ဍ မှာ နေရာပေးချင်တဲ့ အတွက် ထပ်ပြီးပြန်လည်ဖွဲ့စည်းတဲ့ အစိုးရအဖွဲ့ထဲ မပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပြီး အမျိုးသားညီညွတ်ရေး အစိုးရ တာဝန်ကနေ အနားယူခဲ့ပါတယ်။’’ လို့ ရေးသားထားတာပါ။ ဒုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလတလျောက် လစာ မယူဘဲ တာဝန်ထမ်းဆောင် ခဲ့ကြောင်းနဲ့ တော်လှန်ရေး အောင်မြင်သည် အထိ ကျရာ

Read More