နိုင်ငံရေး

နိုင်ငံရေး

ရွေးကောက်ပွဲ ဝင်တဲ့သူတွေကို ထောင် ၃ နှစ်ကနေ ၅ နှစ်အထိ ကျခံစေနိုင်တဲ့ ဥပဒေကို CRPH ပြဌာန်း

ဒီဇင်ဘာ ၅ – ၂၀၂၅ ရွေးကောက်ပွဲ ဝင်တဲ့သူတွေကို ထောင် ၃ နှစ်ကနေ ၅ နှစ်အထိ ဖြစ်စေ ကျပ်သိန်း ၅၀၀ အောက် မနိမ့်တဲ့ ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ကျခံစေနိုင်တဲ့ ဥပဒေ တရပ်ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ကနေ ဒီကနေ့ ပြဌာန်းလိုက်ကြောင်း ထုတ်ပြန်ထား ပါတယ်။ အခန်း ၆ ခန်းပါ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီ အခြေခံ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ လို့ နာမည်ပေးထားတဲ့ ဥပဒေ အရ ကော်မရှင်တရပ်ကိုလည်း ဖွဲ့စည်းလိုက်ပြီး ကော်မရှင်မှာ ဝန်ကြီး တဦးက ဥက္ကဌ အဖြစ်ဆောင်ရွက်ကာ အဖွဲ့ဝင် ၈ ဦးပါဝင်မှာ

Read More
နိုင်ငံတကာ နိုင်ငံရေး

ပူတင် အိန္ဒိယ ကို ဘာသွားလုပ်လဲ နှင့် ရေနံ ကာကွယ်ရေး ပထဝီ နိုင်ငံရေး

ဒီဇင်ဘာ ၄ – ၂၀၂၅ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ အိန္ဒိယ ခရီးစဥ်ကို စတင်လိုက်ပြီ ဖြစ်ပြီး အိန္ဒိယဝန်ကြီးချုပ် နာရန္ဒရာ မိုဒီနဲ့ တွေ့ဆုံကာ နှစ်နိုင်ငံ ထိပ်သီး အစည်း အဝေး ပြုလုပ်ကြမှာ ဖြစ်ပါတယ်။ အမေရိကန်က အိန္ဒိယကို ရုရှားဆီက ရေနံဝယ်ယူမှု ရပ်တန့်ဖို့ ဖိအား ပေးပြီး လပိုင်းမှာပဲ ပူတင် အိန္ဒိယကို ရောက်ရှိလာကာ ခရီးစဉ် အတွင်း နယူးဒေလီနဲ့ မော်စကို အကြား သဘောတူညီချက် များစွာကို လက်မှတ် ရေးထိုးမယ်လို့ မျှော်လင့်ရပါတယ်။ သမ္မတ ပူတင် ခရီးစဥ်ဟာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်အစိုးရက ယူကရိန်း စစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးပမ်းနေတဲ့ ရုရှားနဲ့ ယူကရိန်း အကြား

Read More
နိုင်ငံရေး

ဂျပန်လွှတ်တော်အမတ်များရုံးမှာ မြန်မာ့အရေး ရှင်းလင်းကြားနာပွဲပြုလုပ်၊ စစ်တပ်ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဂျပန်အစိုးရ လက်ခံခြင်းမပြုဖို့ တောင်းဆို

ဒီဇင်ဘာ ၄ – ၂၀၂၅ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့က ဂျပန်လွှတ်တော်အမတ်များရုံးမှာ မြန်မာ့ အရေး ရှင်းလင်း ကြားနားပွဲ ပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ သတင်းထုတ်ပြန်ထားပါတယ်။ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် က စစ်တပ်ပြုလုပ်မယ့် ရွေးကောက်ပွဲ အတုအယောင် ဖြစ်ကြောင်းနဲ့ လက်ရှိမြန်မာနိုင်ငံ အခြေအနေတွေကို ရှင်းပြခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်က ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဂျပန်အစိုးရ အနေနဲ့ လက်ခံခြင်း မပြုဖို့ကို တောင်းဆိုခဲ့ပါတယ်။ ဒီ ကြားနာပွဲကို NUG ဂျပန် ကိုယ်စားလှယ်ရုံး နဲ့ မြန်မာ့ ဒီမိုကရေစီအရေး ထောက်ခံကြတဲ့ ဂျပန် လွှတ်တော် အမတ်များသမဂ္ဂတို့ ကနေ ပူးပေါင်း

Read More
နိုင်ငံရေး

စစ်အုပ်စုကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ခြင်း မရှိကြောင်း NUCC အသိပေး ထုတ်ပြန်

ဒီဇင်ဘာ ၃ – ၂၀၂၅ အင်ဒိုနီးရှားနိုင်ငံက ဖိတ်ကြားခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ စစ်အုပ်စု ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ခြင်း မရှိကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ထုတ်ပြန် က ဒီကနေ့ သတင်းထုတ်ပြန်ထား ပါတယ်။ ဒီဖိတ်ကြားမှုနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်ဘက်က မတက်ကြောင်း သေချာမှ တက်ရောက်ခဲ့တာ ဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။ နိုဝင်ဘာလ ၂၅ ရက် ကနေ ၃၀ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ အဲဒီ အလုပ်ရုံဆွေးနွေးပွဲဟာ “အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေး ဆိုင်ရာ အတွေ့ အကြုံများကို မျှဝေခြင်း” ခေါင်းစဥ်နဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပြီး တခြား တော်လှန်ရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်များတွေနဲ့ အတူ NUCC ကိုယ်စားလှယ် (၂) ဦး တက်ရောက်ခဲ့တာ ဖြစ်တယ်လို့

Read More
နိုင်ငံရေး

ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ဖေ့စ်ဘွတ်မှာ NUG ပရိုဖိုင်ပုံ တင်ခဲ့မှုနဲ့ UEC ကို တိုင်ကြားမှုတွေ ထပ်မံပြုလုပ်

ဒီဇင်ဘာ ၃ – ၂၀၂၅ ပြည်သူ့ပါတီက သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့် ဟာ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Accept NUG ဆိုတဲ့ ပရိုဖိုင်ပုံ တင်ထားခဲ့မှု နဲ့ ရွေးကောက်ပွဲ ကော်မရှင် UEC ထံ မေးမြန်း တိုင်ကြားမှုတွေ ထပ်မံ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ NUG ပရိုဖိုင်ပုံ တင်တာနဲ့ ပတ်သက်ပြီး UEC ကို မေးမြန်းသူတွေ ကတော့ သူရိယနေဝန်းက သဇင်ဦး၊ Myanmar National Post က နောင်တော်လေး၊ UNION Politics News က ထူးမောင်မောင် နဲ့ Prime Media က ခက်နှင်းဆု တို့ ဖြစ်တယ်လို့ သိရပါတယ်။ အရင်တခေါက်တုန်း

Read More
နိုင်ငံရေး

မြန်မာနိုင်ငံ ရန်ပုံငွေအသစ် မရရှိရေး ဥပဒေကြမ်း၊ အမေရိကန် အောက်လွှတ်တော်မှာ အတည်ပြု

ဒီဇင်ဘာ ၃ – ၂၀၂၅ မြန်မာနိုင်ငံ ရန်ပုံငွေအသစ် မရရှိရေး ဥပဒေကြမ်း (No New Burma Funds Act) ကို အမေရိကန် အောက်လွှတ်တော်မှာ မနေ့က အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကို ဂျော်ဂျီယာ ပြည်နယ် က Ms. Williams က ဇူလိုင်လ အတွင်းက တင်သွင်းခဲ့တာ ဖြစ်ပြီး စက်တင်ဘာလ ထဲမှာ နောက်ထပ် အမတ် ၂ ဦး ထောက်ခံပြီး ပူးတွဲ အဆို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဥပဒေကြမ်းထဲမှာ မြန်မာနိုင်ငံအတွက် ကမ္ဘာ့ဘဏ် က ထုတ်ပေးနေတဲ့ ငွေကြေးနဲ့ ကတိကဝတ်တွေကို ဆက်လက် ဆိုင်းငံ့ထားရှိစေရေး ဆုံးဖြတ် ထားတာ ဖြစ်ပါတယ်။ ဒိအတွက်

Read More
War နိုင်ငံရေး

ဝက်လက်နဲ့ စဥ့်ကူးမြို့နယ် လေကြောင်းတိုက်ခိုက်မှု ၆ ဦး သေဆုံး ၊ ၉ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၂ – ၂၀၂၅ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နဲ့ မန္တလေးတိုင်းက စဥ့်ကူးမြို့နယ်တွေမှာ စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ခြောက်ယောက်နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ ကိုးယောက်အထိ ရှိခဲ့တယ်လို့သိ ရပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ ၊ မနက် ၁၁ နာရီလောက်မှာ စဥ့်ကူးမြို့နယ် ၊ ညောင်ဝန်းရွာမှာ လေကြောင်း တိုက်ခိုက်ခံရပြီး လူတယောက်သေဆုံးကာ နောက်ထပ် လေးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ” ဒဏ်ရာရ လေးယောက်ကို ဆေးကုပေးနေတယ်သိရတယ် ။သေဆုံးတဲ့ အမျိုးသားကတော့ လူလတ်ပိုင်းပါပဲ ။ နေရာမှာပဲ ဆုံးတယ်သိရတယ်။ အိမ်နှစ်လုံး ပျက်စီးတယ် သိရတယ်။ ” လို့ စစ်ရှောင် ကူညီနေသူက

Read More
War နိုင်ငံရေး

မိုးကုန်-မိုးမိတ် ပြန်ပေးလိုက်ရတဲ့ အပေါ် ပေးဆပ်နစ်နာသူတွေ အတွက် ဗိုလ်ချုပ် တားဘုန်းကျော် အနူးအညွတ် တောင်းပန်၊ ဆဲဆိုနေသူတွေကို ရှင်းလင်း

ဒီဇင်ဘာ ၁ – ၂၀၂၅ မိုးကုတ်-မိုးမိတ် ပြန်ပေးလိုက်ရတဲ့ အပေါ် ‘’တကယ်ပေးဆပ် နစ်နာသူတွေကို တောင်းပန်ချင်ပါတယ်’’ လို့ TNLA တအာင်းအဖွဲ့ရဲ့ ဗိုလ်ချုပ်တားဘုန်းကျော် က သူ့ရဲ့ ဖေ့စ်ဘွတ် ကနေတောင်းပန်စကား ပြောကြားလိုက်ပါတယ်။ ‘’ရင်ထဲလှိုက်လှိုက်လှဲလှဲ နာကြင်ရတာမို့ အနူးအညွတ်တောင်းပန်ပါတယ်’’ လို့လည်း သူကဆိုပါတယ်။ မိုးကုတ် ဋီကာ… ဆိုတဲ့ ခေါင်းစဥ်နဲ့ ရေးသားထားရာမှာ ဗိုလ်ချုပ်တားဘုန်းကျော် က မိုးကုတ်-မိုးမိတ် ပြန်ပေး လိုက်ရတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးဖျာခင်းသူနဲ့ ဘာမှန်းမသိဆဲချင်သူတွေကို ရှင်းလင်းတာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။ မိုးကုတ်မြို့ဟာ ရှေး နှစ်ပေါင်းထောင်ချီကတည်းက တအာင်းတို့ တည်ထောင်လာတာ ဖြစ်ပြီး တချိန်မှာ ပြန်ရဖို့ မျှော်လင့်ထားကြောင်း ပြောထားပါတယ်။ နွေဦးတော်လှန်ရေး အတွက် အကောင်းဆုံး ပံ့ပိုး ခဲ့ကြောင်း

Read More
နိုင်ငံရေး

NUG က သူ့ ဝန်ကြီးဌာန ကို ဖျက်သိမ်းတော့မယ်လို့ အသိပေးလာတဲ့နောက် ဒေါက်တာဆာဆာက IPFD ကို ဖွဲ့စည်းတာဖြစ်ကြောင်း ပြည်သူကို အသိပေး

ဒီဇင်ဘာ ၁ – ၂၀၂၅ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ နုတ်ထွက်လိုက်တဲ့ ဒေါက်တာ ဆာဆာ က သူ့ရဲ့ဝန်ကြီးဌာနဖြစ်တဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ကို ဖျက်သိမ်း တော့မှာ ဖြစ်ကြောင်း အခုနှစ် သြဂုတ်လထဲမှာ NUG ကနေ သူ့ကို အကြောင်းကြား လာတယ်လို့ ဆိုပါတယ်။ ဒီအတွက် သူ့ရဲ့ အခန်း ကဏ္ဍတခု ပြီးဆုံးသွားပြီ ဖြစ်ပေမယ့် “ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီဆိုင်ရာ အင်စတီကျု (Institute of Peace and Federal Democracy – IPFD)” ကို စတင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြည်သူ့ကို အသိပေးစာ ထုတ်ပြန်လာပါတယ်။ ဒီ အဖွဲ့အစည်းရဲ့ အဓိက ရည်မှန်းချက်က မြန်မာနိုင်ငံ

Read More
နိုင်ငံရေး

ဒါရိုက်တာ မိုက်တီး နဲ့ သရုပ်ဆောင် ကျော်ဝင်းထွဋ် ၊အုန်းဒိုင်းတို့ကို ရွေးကောက်ပွဲ ဥပဒေနဲ့ ထောင် ၇ နစ်ချမှတ်

နိုဝင်ဘာ ၃၀ – ၂၀၂၅ ဒါရိုက်တာ မိုက်တီး နဲ့ ဟာသ သရုပ်ဆောင် အုန်းဒိုင်း ၊ သရုပ်ဆောင် ကျော်ဝင်းထွဋ် တို့ကို ရွေးကောက်ပွဲ နှောက်ယှက် ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ရေး ဥပဒေပုဒ်မ ၂၃(က)အရ တယောက်ကို ထောင်ဒဏ် ၇ နှစ်စီ ကျခံဖို့ အမိန့်ချမှတ်လိုက်တယ်လို့ သိပါတယ် ။ ဟာသ သရုပ်ဆောင် အုန်းဒိုင်းကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ တောင်ဒဂုံတရားရုံးက အမိန့်ချခဲ့တာ ဖြစ်ပြီး ဒါရိုက်တာ မိုက်တီးကို နိုဝင်ဘာ ၂၇ ရက်မှာ ရန်ကင်း တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ကြောင်း ၊သရုပ်ဆောင် ကျော်ဝင်းထွဋ်ကို တော့ နိုဝင်ဘာ ၂၈ ရက်မှာ ဗဟန်းမြို့နယ် တရားရုံးက အမိန့်ချခဲ့တာ ဖြစ်တယ်လို့

Read More