နိုင်ငံရေး

နိုင်ငံရေး

၅၀၅ က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ဦးငါးမင်းဆွေ ပြန်လွတ်မြောက်

နိုဝင်ဘာ ၃၀ – ၂၀၂၅ ဦးမင်းဆွေ ခေါ် ငါးမင်းဆွေ ဟာ တစ်တော့မှာ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တဲ့ ပို့စ်တင်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၉ ရက်နေ့မှာ ၅၀၅ က နဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အခု ကာလုံ ကနေ နိုဝင်ဘာ ၂၆ ရက်နေ့က ၅၀၅ က နဲ့ ပြစ်ဒဏ် ကျခံနေရသူ တိမ်းရှောင်နေသူ ၈၆၆၅ ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်ရာ ဦးငါးမင်းဆွေ လည်း လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး

မန္တလေး ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့ပြီ

နိုဝင်ဘာ ၂၉ – ၂၀၂၅ မနေ့ နိုဝင်ဘာ ၂၈ ရက်နေ့က အဖွဲ့ဝင် ၉ ဦးပါ မန္တလေး ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်ကြောင်း အဲဒီကောင်စီက သတင်း ထုတ်ပြန်ထားပါတယ်။ အုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမြင့်အောင်မိုး က မန္တလေးဒေသ ကြားကာလ နိုင်ငံရေး အစီအမံ ပုဒ်မ ၇၅ အရ မန္တလေး ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းတာဝန်ပေးလိုက်တာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး

မြန်မာနိုင်ငံမှာ မဲပေးသူတွေကို နည်းပညာအရ စောင့်ကြည့်နိုင်ကြောင်း ကုလ သတိပေး

နိုဝင်ဘာ ၂၈ – ၂၀၂၅ မြန်မာနိုင်ငံမှာ စစ်ကော်မရှင်ကနေ လာမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲ အတွက် လူတွေကို မဲပေးဖို့ ဖိအားပေးတာ၊ မဲပေးစက်တွေကနေ AI နဲ့ စောင့်ကြည့်ပြီး အတိုက်အခံတွေကို ထောက်ခံမဲပေးသူ ဘယ်သူဖြစ်တယ် ဆိုတာ သိရှိနိုင်တဲ့ အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးက ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။ အီလက်ထရောနစ် မဲပေးစက်တွေဟာ လူတွေကို မဲပြားမှာလို ကွက်လပ် ထားခဲ့လို့ မရဘဲ ကိုယ်စားလှယ်လောင်း တဦးကို မဖြစ်မနေ ရွေးချယ်ရမှာ ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အဖွဲ့ အကြီးအကဲ James Rodehaver က ပြောကြား ပါတယ်။ “အီလက်ထရောနစ် စောင့်ကြည့်ရေး

Read More
နိုင်ငံရေး

စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို တရားမဝင် ပယ်ချကြောင်း ဥရောပ ပါလီမန် ပြတ်သားစွာ ဆုံးဖြတ်၊ ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်ရေး တောင်းဆို

နိုဝင်ဘာ ၂၈ – ၂၀၂၅ မြန်မာနိုင်ငံမှာ စစ်ကော်မရှင်က တဘက်သက် ကျင်းပမယ့် ၂၀၂၅ ဒီဇင်ဘာ နဲ့ ၂၀၂၆ ဇန်နဝါရီ ရွေးကောက်ပွဲတွေကို တရားမဝင် ပယ်ချကြောင်း ဥရောပ ပါလီမန် အစည်းအဝေးက မနေ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ဆုံးဖြတ်ချက် ချမှတ် လိုက်ပါတယ်။ လက်ရှိ ဖိနှိပ်မှုတွေ၊ ဥပဒေမဲ့ ဆောင်ရွက်မှုတွေ၊ လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အခြေအနေ နဲ့ အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ မရှိဘဲ ရွေးကောက်ပွဲဟာ ယုံကြည်စိတ်ချလို့ မရနိုင်ကြောင်း ဖေါ်ပြထား ပါတယ်။ အချက် ၂၄ ချက်ပါ ဆုံးဖြတ်ချက်ထဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေး သွား ကြရတဲ့ ရိုဟင်ဂျာတွေ

Read More
နိုင်ငံရေး အင်တာဗျူး

လွတ်ငြိမ်းခွင့်အပေါ် ဦးကိုကိုကြီး သဘောထားနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကို ဖြေလျှော့ပေးနိုင်လား – မေးမြန်းခန်း

လွှတ်တာကို မကြိုဆိုနိုင် ဘူးဆိုရင်တော့… ဆက်ဖမ်းထား မလွှတ်နဲ့…‘’အထူးသဖြင့်ဒေါ်အောင်ဆန်းစုကြည်ပေါ… သူနဲ့ ဆက်သွယ်ရေး လမ်းကြောင်း ရှိမယ်လို့ မျှော်လင့်ပါတယ်…’’ ဦးကိုကိုကြီး (ပြည်သူ့ပါတီ ဥက္ကဌ) ၅၀၅-က နဲ့ ဖမ်းဆီးခံ/အကျဥ်းကျ/တိမ်းရှောင် နေသူ စုစုပေါင်း ၉၀၀၀ နီးပါးကို ကာလုံက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့ အပေါ်… ဒါဟာ ဟန်ပြလား… ရွေးကောက်ပွဲ ထောက်ခံအောင် လုပ်ဆောင်ချက် သက်သက်လား… တကယ့်စေတနာနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ချင် တာလား… ဒေါအောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကိုရော ဖြေလျှော့ပေး နိုင်မလား… စတဲ့ အခြေအနေတွေ နဲ့ ပတ်သက်ပြီး ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးရဲ့ သဘောထားကို မေးမြန်းတင်ဆက်ထားပါတယ်။ THN Public Media

Read More
နိုင်ငံရေး

၅၀၅-က လွတ်ငြိမ်းနဲ့ မန္တလေး အိုးဘိုထောင်ကနေ ပြန်လွတ်လာသူများ (နိုဝင်ဘာ ၂၆ – ၂၀၂၅)

မန္တလေးတိုင်း အကျဥ်းထောင်၊ အကျဥ်းစခန်း အသီးသီးကနေ ၂၆၅ ဦးလွတ်မြောက်လာမယ်လို့ သိရပါတယ်။ ၅၀၅-က နဲ့ စစ်ဆေးကြားနာဆဲ အချုပ်နဲ့ နေရသူ ၅၅၈၀ ကတော့ တရားရုံး ရဲ့ အမှုပိတ်သိမ်း ကြောင်းနဲ့ လွှတ်မိန့်ရမှ လွတ်မှာမို့ ညနေပိုင်း လောက်မှ လွတ်မြောက်လာမှာ ဖြစ်ပါတယ်။ Crd – VOM —————- THN Public Media –

Read More
နိုင်ငံရေး အင်တာဗျူး

၅၀၅-က လွတ်ငြိမ်းခွင့်နောက်ကွယ် – ရှေ့နေကြီး ဦးကြီးမြင့် နဲ့ မေးမြန်းချက်

‘’ကဲ ဟောဒီမှာ နိုင်ငံရေး အကျဥ်းသားတွေ လွှတ်လိုက်ပြီ… နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေပြီ… မင်းတို့ဘာဆက်လုပ်မှာလဲ…’’‘’ဘယ်တော့မှာ နိုင်ငံရေးမှာ အလကား မပေးပါဘူး…’’ ဦးကြီးမြင့် (တရားလွှတ်တော်ရှေ့နေ) ၅၀၅-က အကျဥ်းကျနေသူ နဲ့ ထွက်ပြေးတိမ်းရှောင်နေသူ စုစုပေါင်း ၈၆၆၅ ဦးကို ရွေးကောက်ပွဲမှာ မဲဆန္ဒပေးနိုင်ဖို့ ဆိုပြီး စစ်ကော်မရှင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ ကို အာမခံတဲ့ ဆိုတဲ့ စစ်တပ်ဟာ တကယ်ဘဲ ဒီမိုရေစီ ခရီး အတွက် ဖြေလျှော့မှုတွေ လုပ်ပေးတာလား…ဒါမှမဟုတ် ၅၀၅-က လွတ်ငြိမ်းပေးခြင်းရဲ့ နောက်ကွယ်မှာ ဘယ်လို ရည်ရွယ်ချက်တွေ ရှိနိုင်လဲ ဆိုတာ၅၀၅-က လွတ်ငြိမ်းထဲမှာပါတဲ့ ရှေ့နေကြီး ဦးကြီးမြင့်ကို မေးမြန်းတင်ဆက် ထားပါတယ်။ THN Public Media

Read More
နိုင်ငံရေး

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ပြီးတဲ့နောက်လည်း အာဆီယံ နဲ့ မြန်မာပြန်လည် ထိတွေ့ ဆက်ဆံရေး ခက်ခဲမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား

နိုဝင်ဘာ ၂၆ – ၂၀၂၅ အာဆီယံ ဒေသတွင်းအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့ နောက်မှာ မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ ဆက်ဆံဖို့ ခက်ခဲ လိမ့်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က မနေ့က ပြောကြားလိုက်ပါတယ်။ ထိုင်းနိုင်ငံခြားရေး သတင်းထောက်များကလပ် မှာ ကျင်းပတဲ့ အခမ်းအနား တခုမှာ သူက “လက်ရှိအခြေအနေတွေ အောက်မှာရော၊ သက်ဆိုင်သူတွေ ပါဝင်မှုရှိတဲ့ လိုအပ်တဲ့ ဆွေးနွေးမှုမျိုး မရှိသေးဘဲ ရွေးကောက်ပွဲ ကျင်းပမယ့် အချက်ကြောင့် မြန်မာနိုင်ငံနဲ့ ကျွန်တော်တို့ ပြန်လည် ထိတွေ့ ဆက်ဆံဖို့ ခက်ခဲလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်’’ လို့ ပြောကြား လိုက်တာ ဖြစ်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လွှတ်ပေးဖို့ကိုလည်း

Read More
နိုင်ငံရေး ပြည်တွင်း

ဒုသမ္မတ ဦးမြင့်ဆွေ နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့အပါအဝင် ၆ ဦးကို NUG က အကြမ်းဖက်သမားတွေ အဖြစ်ကြေညာ

နိုဝင်ဘာ ၂၆ – ၂၀၂၅ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီက ၁ ရက်နေ့က ကာလုံ အစည်းအဝေးကို ဥပဒေမဲ့ ခေါ်ယူပြီး သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့ကို မတရားဖမ်းဆီးကာ နိုင်ငံတော် ပုန်ကန်ခဲ့တဲ့ အတွက် ဒုသမ္မတ ဦးမြင့်ဆွေ နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ အပါအဝင် ၆ ဦးကို အကြမ်းဖက်သမားတွေ အဖြစ် NUG အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က ကြေညာ လိုက် ပါတယ်။ အခုလို နိုင်ငံတော် ပုန်ကန်ခဲ့သူတွေကို အကြမ်းဖက် ဥပဒေ အရ အရေးယူဖို့ ကြိုးစားသွားမှာ ဖြစ်ပြီး တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေက ပူးပေါင်း ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

Read More