နိုင်ငံရေး

နိုင်ငံရေး အင်တာဗျူး

မြန်မာတွေကို ယာယီနေထိုင်ခွင့်ပေးထားမှု TPS ကို အမေရိကန်ရပ်စဲ – ဘာဆက်ဖြစ်မလဲ နှင့် အကြံပြုချက် – ကိုစတီဗင်စန်းယု

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလ ၂၅ ရက်နေ့မှာ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ အတွက် ယာယီနေထိုင်ခွင့် TPS (Temporary Protected Status) ပေးထားခဲ့ရာ အခုတော့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ ဒီ TPS နေထိုင်ခွင့်ကို အမေရိကန်က ရပ်စဲ လိုက်ပြီ ဖြစ်ပါတယ်။ အမေရိကန်မှာ TPS နဲ့ နေထိုင်ခွင့် ရထားသူ မြန်မာ နိုင်ငံသား ၄၀၀၀ နီးပါး ရှိပြီး သူတို့ အတွက် အမေရိကန် ကနေ နှင်ထုတ် ခံရနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ဒီတော့ ဘာတွေဆက်ဖြစ်လာနိုင်မလဲ နှင့် အကြံပြုချက် တချို့အတွက် ဒုက္ခသည်အရေးကျွမ်းကျင်သူ အမေရိကန်က ကိုစတီဗင်စန်းယု ကို မေးမြန်း

Read More
နိုင်ငံရေး အင်တာဗျူး

NUG ဝန်ကြီးချုပ်ရုံး အတွင်းဝန် ဒေါ်ကြည်ပြာ တိုင်ကြားခံရမှု – ဘယ်လို စစ်ဆေးဖို့ လိုအပ်လဲ – ရှေ့နေကြီးဦးကြီးမြင့်

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် NUG ဝန်ကြီးချုပ်ရုံး အတွင်းဝန် ဒေါ်ကြည်ပြာ နဲ့ ခင်ပွန်းဖြစ်သူတို့ကို ရုံးဝန်ထမ်းတွေကနေ ဖိနှိပ်ဆက်ဆံမှု နဲ့ လှူဒါန်းငွေတွေ အလွဲသုံးစားလုပ်မှု အပါအဝင် အချက် ၂၀ နဲ့ တိုင်ကြား ထားတာနဲ့ ပတ်သက်ပြီး ဘယ်လို ဥပဒေ၊ ဘယ်လို လုပ်ထုံလုပ်နည်းတွေနဲ့ စစ်ဆေးဖို့ လိုအပ်လဲ ဆိုတာ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကို မေးမြန်း တင်ဆက်ထားပါတယ်။ NUG ဝန်ကြီးချုပ်ရုံးကတော စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းထားပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန် ထားပါတယ်။ THN Public Media

Read More
နိုင်ငံရေး

NUG ဝန်ကြီးချုပ်ရုံး အတွင်းဝန် ဒေါ်ကြည်ပြာ နဲ့ ခင်ပွန်း တို့ တိုင်ကြားခံရမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့၊ လက်ရှိ ‌သူတို့ ၂ ဦးကို တာဝန်ရပ်ဆိုင်းထား

နိုဝင်ဘာ ၂၄ – ၂၀၂၅ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး အတွင်းဝန် ဒေါ်ကြည်ပြာ နဲ့ ခင်ပွန်း တို့ကို ဝန်ထမ်းတွေ အပေါ် ဖိနှိပ်ဆက်ဆံမှု နဲ့ လှူဒါန်းငွေတွေ အလွဲသုံးစားလုပ်မှု အပါအဝင် အချက် ၂၀ နဲ့ တိုင်ကြား ထားတာနဲ့ ပတ်သက်ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ဝန်ကြီးချုပ်ရုံးက စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းခဲ့ပြီ ဖြစ်ကြောင်း ဒီကနေ့ သတင်းထုတ်ပြန် ထားပါတယ်။ စုံစမ်းစစ်ဆေးမှု ကာလအတွင်း တိုင်ကြားခံရသူတွေကို တာဝန်ကနေ ယာယီရပ်နားထားကြောင်းလည်း ဖေါ်ပြထားပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး

ကျားဖျန့်အရေး ပူးပေါင်းဆောင်ရွက်ဖို့ ရှိတယ်ဆိုတဲ့ KNU/KNLA – PC သဘောထား – ဗိုလ်မှူးကြီးစောကျော်ညွန့်

‘’ကျွန်တော်တို့ဆီကို မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ပြဿနာလို့ပဲ ရှုမြင်တယ်…’’‘’ပပျောက်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်ဆိုတာ သိရတယ်…’’ ဗိုလ်မှူးကြီးစောကျော်ညွန့် (KNU/KNLA – PC) ကရင်ဒေသမှာ ကမ္ဘာ့အရေး ဖြစ်လာနေတဲ့ ကျားဖျန့်ဂိုဏ်းနဲ့ ပတ်သက်ပြီး ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KNU/KNLA – PC ကလည်း ကျားဖျန့်ပျောက်ကွယ်သွားရေး အတွက် ပူးပေါင်း ဆောင်ရွက်ဖို့ ရှိတယ် ဆိုတဲ့ အပေါ် ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်ကို မေးမြန်း တင်ဆက်ထားပါတယ်။ THN Public Media

Read More
နိုင်ငံရေး

KNU နဲ့ KNPP က ယာယီရပ်ဆိုင်းဖို့ စာတင်တာဖြစ်ပြီး နုတ်ထွက်တာ မဟုတ်ကြောင်းနဲ့ ပြန်လည်ဆွေးနွေးဖို့ ပြင်ဆင်နေကြောင်း NUCC အသိပေး ထုတ်ပြန်

နိုဝင်ဘာ ၂၂ – ၂၀၂၄ KNU နဲ့ KNPP တို့ဟာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီမှာ ပါဝင်နေမှုကနေ ယာယီရပ်ဆိုင်းဖို့ စာတင်ထားတာ ဖြစ်ကြောင်း NUCC က ဒီကနေ အသိပေး ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ ယာယီနုတ်ထွက်တာ ဒါမှမဟုတ် နုတ်ထွက်သွား တာမျိုး မဟုတ်ကြောင်း လည်း ဖေါ်ပြထားပါတယ်။ NUCC အနေနဲ့ KNU KNPP တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက် ကြိုးပမ်းနေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး အင်တာဗျူး

NUCC အဖွဲ့ဝင် အဖြစ် ကနေ KNU နဲ့ KNPP ဘာလို့ ယာယီရပ်ဆိုင်းလဲ – NUCC ပြန်ဆွေးနွေးမယ် – NUCC ကောင်စီဝင် မနိုးနိုးထက်စံနဲ့ မေးထားသည်

နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ ရဲ့ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့ အတွက် စုဖွဲ့ထားတဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ကနေ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ ကနေ ယာယီရပ်ဆိုင်းတော့မယ်ဆိုပြီး NUCC ကို မကြာသေးခင်က စာတင်ခဲ့ပါတယ်။ အခုလို ယာယီရပ်ဆိုင်းတာ ဘာကြောင့်ပါလဲ… NUCC အနေနဲ့ ဘယ်လို သဘောထားပြီး ဘာတွေ ဆောင်ရွက်ဖို့ ရှိမလဲ ဆိုတာ NUCC ကောင်စီဝင် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ က) မနိုးနိုးထက်စံ ကို မေးမြန်း တင်ဆက်ထားပါတယ်။ THN Public Media

Read More
နိုင်ငံရေး

“ထွက်ပေါက်မရှိတဲ့ ဗျူဟာ, ဗမာပြည်ရဲ့ အဆုံးမဲ့ အကျပ်အတည်း နဲ့ အမေရိကန် ရဲ့ အကန့်အသတ် ရွေးချယ်မှုများ’’ ခေါင်းစဥ်နဲ့ ကန် အောက်လွှတ်တော်မှာ ဆွေးနွေး၊ မြန်မာ့အရေး ပိုမိုပြင်းထန်စွာ ဆောင်ရွက်ဖို့ အမေရိကန် အမတ်တွေ တိုက်တွန်း

နိုဝင်ဘာ ၁၉ – ၂၀၂၅ မြန်မာ့ပဋိပက္ခကို ‌ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန်ပြည်ထောင်စု မှာ အချိန်နည်းပါး လာပြီ ဖြစ်တယ်လို့ ဥပဒေပြု အမတ်တွေက အင်္ဂါနေ့က သတိပေးလိုက် ပါတယ်။ မြန်မာစစ်ကော်မရှင်က ချုပ်ကိုင်မှုကို တင်းကျပ်ထားပြီး လာမယ့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေချိန်မှာ အမေရိကန်ရဲ့ တုံ့ပြန်မှုကို ပိုမို အားကောင်း လာစေဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဟာ အရှေ့အာရှ ပစိဖိတ်ရေးရာ နဲ့ တောင်အာရှ အလယ်အာရှရေးရာ ကော်မတီခွဲ တွေနဲ့ ပူးတွဲကြားနာပွဲ တရပ်ကို ကျင်းပခဲ့တာ ဖြစ်ပြီး “ထွက်ပေါက်မရှိတဲ့ ဗျူဟာ, ဗမာပြည်ရဲ့ အဆုံးမဲ့ အကျပ်အတည်း နဲ့ အမေရိကန် ရဲ့ အကန့်အသတ်

Read More
နိုင်ငံရေး

NUCC ကနေ ယာယီနုတ်ထွက်မှုဟာ bottom-up ဖက်ဒရယ်စနစ် နဲ့ ဆက်စပ်နေတယ်လို့ KNPP ပြော၊ KNU နဲ့ KNPP နှစ်ဖွဲ့စလုံး NUCC မှာပါဝင်မှု ကနေ ယာယီရပ်ဆိုင်းမယ်လို့ စာတင်ထား

နိုဝင်ဘာ ၁၈ – ၂၀၂၅ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ဟာ နွေဦးတော်လှန်ရေးတပ်ပေါင်းစု ဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC မှာ ပါဝင်မှု ကနေ ယာယီ ရပ်ဆိုင်းမယ်ဆိုပြီး NUCC ကို စာတင်ထားကြောင်း သိရပါတယ်။ KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့် က အခုလို ယာယီရပ်ဆိုင်း တာဟာ bottom-up (အောက်ခြေကနေ စတင်တဲ့) ဖက်ဒရယ်စနစ် တည်ဆောက်ရေးနဲ့ သက်ဆိုင် နေတယ်လို့ ပြောကြားပါတယ်။ NUCC က တာဝန်ရှိသူတဦးကလည်း စာတင်ထားတာ မှန်ကန်ကြောင်းနဲ့ ဒါနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ ရှိတယ်လို့ ပြောကြားခဲ့ ပါတယ်။ ————————— THN

Read More
နိုင်ငံရေး

အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သားမက်ဖြစ်သူ ၅၀၅ နဲ့ ထောင်ချ ခံထားရတဲ့ ဒေါက်တာ နေစိုးမောင်ကို ပုဒ်မ ၆၆ (ဃ) နဲ့ အမှုထပ်ဖွင့်

နိုဝင်ဘာ ၈ – ၂၀၂၅ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာ နေစိုးမောင် ကို မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ နိုဝင်ဘာ ၆ ရက်မှာ ထပ်မံ အမှုဖွင့်လိုက် တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရ ပါတယ်။ ဒေါက်တာနေစိုးမောင်ကို ဒီနှစ် ဇန်နဝါရီလ ၉ ရက်နေ့က ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ထားတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ အတွင်းက လက်ကျန် အမှုတွေ စစ်ဆေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရန်ကုန်မြို့က အင်းစိန် အကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့တာလို့ သိရပါတယ်။ လက်ရှိမှာ

Read More