နိုင်ငံရေး

နိုင်ငံရေး

စစ်ကော်မရှင်ရွေးကောက်ပွဲကို ယုံကြည်လက်ခံနိုင်ဖွယ်မရှိကြောင်း အပါအဝင် အချက် ၇ ချက်ကို နယူးဇီလန် ပါလီမန် ဆုံးဖြတ်

နိုဝင်ဘာ ၆ – ၂၀၂၅ စစ်ကော်မရှင် လက်ရှိ စီစဥ်ထားတဲ့ အတိုင်း ကျင်းပမယ့် ရွေးကောက်ပွဲဟာ ယုံကြည်လက်ခံနိုင်ဖွယ် မရှိကြောင်း အပါအဝင် အချက် ၇ ချက်ကို နယူးဇီလန် ပါလီမန်မှာ မနေ့က ဆွေးနွေးပြီး အားလုံးသဘောတူ အတည်ပြု ဆုံးဖြတ်လိုက် ပါတယ်။ နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး Winston Peters က ပါလီမန်မှာ တင်သွင်းတဲ့ အချက် ၇ ချက်ကတော့ • လက်ရှိ စီစဉ်ထားတဲ့ မြန်မာစစ်အာဏာရှင်ရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင် ကြောင်းနဲ့ ရေရှည်တည်တံ့ပြီး ငြိမ်းချမ်းရေးကို ဦးတည်မှာ မဟုတ် ကြောင်း၊ ဒီအတွက် အလွန်အမင်း စိုးရိမ်ပူပန်မှု ကို ဖော်ပြသည်။ •

Read More
နိုင်ငံရေး ပြည်တွင်း

စစ်ကော်မရှင်ရွေးကောက်ပွဲဟာ အတုအယောင် အလိမ်အညာ ဖြစ်တယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ် ပြော

နိုဝင်ဘာ ၄ – ၂၀၂၅ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အန်ဒရူးစ် က စစ်ကော်မရှင် ကျင်းပဖို့ စီစဥ်နေတဲ့ ဒီဇင်ဘာ ရွေးကောက်ပွဲ ဟာ အတုအယောင် အလိမ်အညာ ဖြစ်တယ်လို့ အောက်တိုဘာ ၃၀ ရက်နေ့ က ကုလသမဂ္ဂမှာ ရှင်းလင်း ပြောကြား လိုက်ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ ကို မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာ တင်သွင်းပြီးနောက် မြန်မာနိုင်ငံ နိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ ရှင်းလင်းပြောကြားရာ အခုလို ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး ထည့်သွင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။ ‘’နိုင်ငံရေး အတိုက်အခံ ခေါင်းဆောင်တွေကို ဖမ်းဆီး၊ ချုပ်နှောင်၊ အကျဉ်းချ

Read More
နိုင်ငံရေး အင်တာဗျူး

‘’နိုင်ငံရေးဆိုတာ အနုပညာတရပ်ပဲ’’ ဆိုတဲ့ ရွေးကောက်ပွဲဝင်မယ့် ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးနဲ့ သီးသန့်မေးမြန်းခန်း

‘’ဗမာပြည်နိုင်ငံ‌‌ရေးသမိုင်းမှာ… အတိုက်အခံ ပထမဆုံး အာဏာရတာသည် ရွေးကောက်ပွဲ နည်းလမ်းနဲ့ရတာ… လက်နက်ကိုင်နည်းလမ်းနဲ့ ရတာ မဟုတ်ဘူး…’’ ‘’ရွေးကောက်ပွဲ ဆန့်ကျင်မယ်ဆိုရင်… ဘာလုပ်မှာလဲ…ဆိုတာ… လမ်းစဥ် တိတိကျကျ ရှိဖို့ လိုတယ်…’’‘’တခွန်တည်းမေးမယ်… ဘာဖြစ်ချင်တာလဲ…’’ ဦးကိုကိုကြီး (ပြည်သူ့ပါတီ ဥက္ကဌ) တော်လှန်ရေး အင်းအားစုတွေက ကန့်ကွက်ဆန့်ကျင်နေတဲ့ အငြင်းပွားဖွယ် စစ်ကော်မရှင် ရဲ့ ဒီဇင်ဘာ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မယ့် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ ဟာ အင်မတန် တင်းကျပ်တဲ့ ရွေးကောက်ပွဲ ဥပဒေအောက်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ လွတ်လွတ် ကျွတ်ကျွတ် ဝင်ပြိုင်ခွင့်ရဖို့ သေချာရဲ့လား… ၂၀၁၀ အခင်းအကျင်းလို ပြည်ခိုင်ဖြိုး အနိုင်ရဖို့ အတွက်ပြင်ဆင်ထားတဲ့ ဒီရွေးကောက်ပွဲမှာ ပြည်သူ့ပါတီ အနိုင်ရဖို့ အလားအလာ… NLD NDF မရှိတဲ့အတွက် ပြည်သူ့ပါတီ

Read More
နိုင်ငံရေး

ရွေးကောက်ပွဲ ဝင်ခွင့်ရရေး အသနားခံစာ တင်ထားတယ်လို့ ဒေါ်သက်သက်ခိုင် ပြော

နိုဝင်ဘာ ၁ – ၂၀၂၅ လာမယ့် ဒီဇင်ဘာလ ၂၈ ရက် မှာ စတင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိဖို့အတွက် ပြည်ထောင်စု‌ ရွေးကောက်ပွဲ ကော်မရှင် (UEC) ထံ အသနားခံစာ တင်ထားတယ်လို့ ပြည်သူ့ရှေ့ဆောင် ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၁ ရက် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်း လမ်းရှိ Sky Star Hotel မှာ ပြုလုပ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ ရွေးကောက်ပွဲ ကြေညာစာတမ်း မိတ်ဆက်ခြင်း အခမ်းအနားမှာ ဒေါ်သက်သက်ခိုင်က မီဒီယာတွေကို အသိပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၄၄ ယောက်မှာ

Read More
နိုင်ငံရေး

ABSDF ၃၇ နှစ်ပြည့် အခမ်းအနားကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ သဝဏ်လွှာပေးပို့

နိုဝင်ဘာ ၁ – ၂၀၂၅ ဒီကနေ့ ကျရောက်တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တည်ထောင်ခြင်း ၃၇ နှစ်ပြည့် အခမ်းအနားကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကနေ သဝဏ်လွှာပေးပို့ ခဲ့ပါတယ်။ ဒီမိုကရေစီရေး တရားမျှတရေး ငြိမ်းချမ်းရေး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု သစ် တည်ထောင်ရေး အတွက် လက်တွဲ တိုက်ပွဲဝင်သွားကြဖို့ သဝဏ်လွှာမှာ ဖေါ်ပြထားပါတယ်။

Read More
နိုင်ငံရေး

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားတဲ့ ရတနာသိင်္ခတံတား မိုင်းခွဲဖျက်ဆီးခံရလို့ ပျက်စီး

အောက်တိုဘာ ၂၉ – ၂၀၂၅ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ၊ ကျောက်မြောင်းမြို့နယ် တို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတား တစင်းဖြစ်တဲ့ ” ရတနာသိင်္ခတံတား ” အောက်တိုဘာ ၂၈ ရက်နေ့ ညပိုင်းက မိုင်းခွဲ ဖျက်ဆီး ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ တံတားဖောက်ခွဲခံရမှုကြောင့် ရတနာသိင်္ခတံတားကြီး ကျိုးကျ ပျက်စီး သွားကြောင်း ၊မိုင်းဖောက်ခွဲခံရမှုကြောင့် ပျက်စီးမှုအပိုင်းမှာ စဥ့်ကူးမြို့နယ် ဘက် အခြမ်းဖြစ်တယ်လို့ သိရပါတယ်။ ” တံတားက ည ၁၂ ကျော်လောက်တုန်းက ဖောက်ခွဲခံရတယ် သိရတယ် ။ဘယ်သူက လုပ်တယ်ဆိုတာတော့ မသိပါဘူး။ တံတားတိုင်အမှတ် ၄ /၅ နဲ့ ၆/၇ ကျိုးကျ ပျက်စီးသွားတယ်သိရတယ် ” လို့

Read More
နိုင်ငံရေး

ရွေးကောက်ပွဲ အပိုင်း ၂ ကို ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်နေ့ ကျင်းပမယ်

အောက်တိုဘာ ၂၉ – ၂၀၂၅ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၂ ကို ရှေ့နှစ် ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ကျင်းပမှာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် က မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ အပိုင်း ၂ မှာ မြို့နယ် ၁၀၀ မှာ ကျင်းပမှာ ဖြစ်ကြောင်းလည်း မြို့နယ် ၁၀၀ စာရင်းကို ပူးတွဲ ထုတ်ပြန်ပေးထားပါတယ်။ အခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာတော့ ရွေးကောက်ပွဲ ပထမပိုင်းကို မြို့နယ့် ၁၀၂ ခုမှာ ကျင်းပဖို့ စီစဥ်ထားပါတယ်။ တော်လှန်ရေးအင်အားစုတွေကတော့ ဒီရွေးကောက်ပွဲကို ဆန့်ကျင် ကန့်ကွက်နေပြီး နိုင်ငံတကာကလည်း ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး ဆွေးနွေးပွဲတွေ

Read More
နိုင်ငံရေး

TNLA နဲ့ စစ်တပ် အပစ်ရပ်၊ မိုးကုတ် နဲ့ မိုးမိတ်ကို စစ်တပ်လက် ပြန်အပ် ရမယ်

အောက်တိုဘာ ၂၉ – ၂၀၂၅ (အားတီ) TNLA တအာင်းအဖွဲ့နဲ့ စစ်တပ်အကြား အပစ်အခတ် ရပ်စဲလိုက်ပြီ ဖြစ်ပြီး ၊ အပစ်ရပ်သဘောတူညီချက် အရမိုးကုတ်နဲ့ မိုးမိတ် မြို့တို့ကို စစ်တပ်လက် ပြန်အပ်ရမှာ ဖြစ်တယ်လို့ TNLA က ဒီကနေ့ သတင်းထုတ်ပြန်လိုက် ပါတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း ရဲ့ ဦး‌ဆောင်မှုနဲ့ ပြုလုပ်တဲ့ (၉) ကြိမ်မြောက် အပစ် အခတ် ရပ်စဲ‌ရေး ဆွေးနွေးပွဲမှာ အခုလို သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ ကြောင်း TNLA သတင်းနဲ့ ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထား ပါတယ်။ ၉ ကြိမ်မြောက် အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲကို အောက်တိုဘာလ ၂၇-၂၈

Read More
နိုင်ငံရေး

မြန်မာအတိုက်အခံ ၂၇ ဖွဲ့ နဲ့ တွေ့ဆုံခဲ့ကြောင်း မလေးရှား ဝန်ကြီးချုပ်ပြော

အောက်တိုဘာ ၂၈ – ၂၀၂၅ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် က မြန်မာ အတိုက်အခံ အစုအဖွဲ့ ၂၇ ဖွဲ့ကို လက်ခံတွေ့ဆုံ ခဲ့ကြောင်း မနေ့က အရှေ့အာရှ ထိပ်သီးအစည်းအဝေးပွဲမှာ ပြောကြားလိုက်ပါတယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာ က ညှိနှိုင်းဆောင်ရွက်ခဲ့တာ ဖြစ်ပြီး မြန်မာ့အရေး အားလုံး ပါဝင်တဲ့ တွေ့ဆုံ ညှိနှိုင်းမှု ဖြစ်ပေါ်လာရေး ကြိုးပမ်းချက် တစိတ်တပိုင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် မြန်မာ့ ငြိမ်းချမ်းရေး နဲ့ လူသားချင်းစာနာမှု အကူအညီ အတွက် မလေးရှား ဟာ သက်ဆိုင်သူ အားလုံး နဲ့ တက်ကြွစွာ ထိတွေ့ ဆက်ဆံနေတယ်လို့ မစ္စတာ အီဘရာဟင် က ပြောကြားလိုက်ပြီး အာဆီယံ

Read More