THN Public Media Blog သတင်း နိုင်ငံတကာ ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း ပြန်ဖွင့်ဖို့ သမ္မတ ထရမ့် ရာဇသံပေးပြီ
နိုင်ငံတကာ သတင်း

ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း ပြန်ဖွင့်ဖို့ သမ္မတ ထရမ့် ရာဇသံပေးပြီ

မတ်လ ၂၂ – ၂၀၂၆

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ပေးဖို့ အီရန်ကို ၄၈ နာရီ ရာဇသံ ပေးလိုက်ပါတယ်။

ဟော်မုဇ်ရေလက်ကြားကို “ခြိမ်းခြောက်မှု ကင်းကင်းနဲ့ အပြည့်အဝ” ပြန်ဖွင့် ပေးဖို့ ထရမ့်က ရာဇသံပေးလိုက်တာ ဖြစ်ပါတယ်။

ထရမ့်ဟာ Truth Social ကနေ တဆင့် အီရန်ကို ၄၈ နာရီ အချိန်ပေး လိုက်တာ ဖြစ်ပါတယ်။

တကယ်လို့ မလိုက်နာဘူးဆိုရင် အီရန်ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တွေကို အကြီးဆုံး တခုကနေ စတင်ပြီး အားလုံးကို ချေမှုန်းဖျက်ဆီး ပစ်မယ် လို့ ပြင်းပြင်းထန်ထန် သတိပေး လိုက်တာ ဖြစ်ပါတယ်။

ဒီရာဇသံကို အမေရိကန် စံတော်ချိန် စနေနေ့ ညနေ ၇:၄၄ နာရီ (မတ်လ ၂၁ ရက်) မှာ တင်ခဲ့တာဖြစ်လို့ ၄၈ နာရီပြည့်မယ့် အချိန်ဟာ မတ်လ ၂၃ ရက် တနင်္လာနေ့ ညပိုင်း မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

—————————

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version