THN Public Media Blog သတင်း နိုင်ငံတကာ အမေရိကန်ရဲ့ ၁၅ ချက်ပါ ငြိမ်းချမ်းရေးအစီအစဥ် အီရန်လက်ခံရရှိ၊ အမေရိကန်ဟာ သူ့ဘာသာသူ စေ့စပ်ညှိနှိုင်းနေတယ်လို့ အီရန်ပြော
နိုင်ငံတကာ နိုင်ငံရေး

အမေရိကန်ရဲ့ ၁၅ ချက်ပါ ငြိမ်းချမ်းရေးအစီအစဥ် အီရန်လက်ခံရရှိ၊ အမေရိကန်ဟာ သူ့ဘာသာသူ စေ့စပ်ညှိနှိုင်းနေတယ်လို့ အီရန်ပြော

မတ်လ ၂၅ – ၂၀၂၅

အမေရိကန်ရဲ့ အချက် ၁၅ ချက်ပါ ငြိမ်းချမ်းရေးအစီအစဥ် အီရန် လက်ခံရရှိ ထားကြောင့် ကြားဝင်ဆောင်ရွက်ပေးနေတဲ့ ပါကစ္စတန်နိုင်ငံက ရရှိတဲ့ သတင်းတွေ အရ သိရပါတယ်။

အီရန်ကတော့ အမေရိကန်ဟာ သူ့ဘာသာသူ စေ့စပ်ညှိနှိုင်းနေတယ်လို့ ပြောဆိုလိုက်ပါတယ်။

လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိသေးတဲ့ အမေရိကန်ရဲ့ ၁၅ ချက်ပါ အစီအစဥ်မှာ စီးပွားရေးပိတ်ဆို့မှုတွေ ပြန်လည်ရုပ်သိမ်းပေးမယ်၊ အပြန်အလှန်အားဖြင့် အီရန်က နျူကလီးယား စက်ရုံတွေကို ဖျက်သိမ်း ပေးရမယ်လို့ ပါဝင်တယ်လို့ ဆိုပါတယ်။

အစ္စရေးဝန်ကြီး တဦးကလည်း ဒီအစီအစဥ်ဟာ စာရွက်ပေါ်မှာတော့ လှပနေပေမယ့် အီရန်အနေနဲ့ သဘောတူဖို့ ဖြစ်နိုင်ခြေမရှိ ဘူးလို့ ပြောဆိုခဲ့ပါတယ်။

အီရန် စစ်ဘက်က ပြောရေးဆိုခွင့်ရှိသူက အစောပိုင်း ပြောကြားရာမှာ အမေရိကန်ဟာ ကိုယ့်ဘသာသာကိုယ် ပြန်လည် ညှိနှိုင်းနေတာ သာ ဖြစ်ကြောင်းနဲ့ “ကျွန်ုပ်တို့လို လူမျိုးက ခင်ဗျားတို့လို လူမျိုးနဲ့ ဘယ်တော့မှ သဘောတူညီမှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။

အင်္ဂါနေ့တုန်းကတော့ သမ္မတ ထရမ့်က အီရန်ဟာ သဘောတူညီချက် တခု ရဖို့ အင်မတန်မှ လိုလားနေတယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပြီး အီရန်ဟာ အမေရိကန်ကို အလွန်တန်ဖိုးကြီးမားလှတဲ့ လက်ဆောင်တခု ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပင် အီရန်ရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့က ရန်သူမဟုတ်တဲ့ သင်္ဘောတွေ အနေနဲ့ ဟော်မုဇ်ရေလက်ကြား ကို ဖြတ်သန်း နိုင်ကြောင်း ပြောကြားခဲ့ပြီး တရုတ်၊ အိန္ဒိယနဲ့ ပါကစ္စတန်တို့ က သင်္ဘောတချို့ ဟာ အဲဒီ ရေလမ်းကြောင်းကို စတင် ဖြတ်သန်းနေပြီ ဖြစ်ပါတယ်။

ref: bbc

—————————

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version