THN Public Media Blog သတင်း War အီရန်ရဲ့တိုက်ခိုက်မှုကြောင့် အမေရိကန် ထောက်လှမ်းရေး လေယာဥ်ပျက်စီး
War နိုင်ငံတကာ နိုင်ငံရေး

အီရန်ရဲ့တိုက်ခိုက်မှုကြောင့် အမေရိကန် ထောက်လှမ်းရေး လေယာဥ်ပျက်စီး

မတ်လ ၃၀ – ၂၀၂၆

အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် ဆော်ဒီအာရေဗျ လေတပ်စခန်းမှာ ရှိတဲ့ အမေရိကန် လေတပ်ရဲ့ E-3 Sentry လေယာဉ်တစင်း ပျက်စီးသွားတဲ့ ဓါတ်ပုံ အတည်ပြုချက် ထွက်ပေါ်လာပါတယ်။

CNN ရဲ့ဖေါ်ပြချက်အရ အမြီးပိုင်းကျိုးပျက်ပြီး ပျက်စီးနေတဲ့ အမေရိကန် လေယာဉ်ဟာ ဆော်ဒီက Prince Sultan လေတပ်စခန်း မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လေတပ်စခန်းကို တိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် အနည်းဆုံး ၁၀ ဦး ဒဏ်ရာ ရရှိခဲ့ပြီး သေဆုံးသူတော့ မရှိခဲ့ကြောင်း CNN ရဲ့ အရင်သတင်းဖေါ်ပြချက်မှာ တွေ့ရပြီး အမေရိကန်လေတပ် လောင်စာဆီတင် လေယာဉ်တစင်းလည်း ပျက်စီးသွားတာ ကို ဖေါ်ပြခဲ့ဖူး ပါတယ်။

E-3 Sentry လေယာဥ်ဟာ Boeing E-3 (Airborne Warning and Control System) Awacs တပ်ဆင်ထားတဲ့ လေယာဥ်ဖြစ်ပြီး ကိုယ်ထည် အနောက်ဘက်မှာ လည်နေတဲ့ ရေဒါပါ ထောက်လှမ်းရေး လေယာဥ် ဖြစ်ပါတယ်။

ရေဒါဟာ စစ်ဆင်ရေးအချိန် တိုက်ခိုက်ရေး အချိန်တွေမှာ ဖြစ်နိုင်ခြေ ရှိတဲ့ ခြိမ်းခြောက်မှု တွေကို ကြိုတင် သတိပေးနိုင်သလို၊ အဝေးက ပAစ်မှတ်တွေ ကိုလည်း ခြေရာခံ ရှာဖွေနိုင်ပါတယ်။

ဒီလေယာဥ်ဟာ မြေပြင်ကနေ ဝေဟင် တိုက်ပွဲ ဧရိယာ စတုရန်းမိုင် ၁၂၀၀၀၀ အထိ စောင့်ကြည့်နိုင်ပြီး အမေရိကန် တိုက်ခိုက်ရေး တပ်ဖွဲ့တွေ အတွက် ဆယ်စုနှစ်များစွာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

Ref: CNN

—————————

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version