
မတ်လ ၂၈ – ၂၀၂၆
အီရန် စစ်ပွဲ ၂ လထဲ ရောက်လာချိန်မှာတော့ ယီမင်နိုင်ငံမှာ ရှိတဲ့ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေကနေ အစ္စရေးကို ဒုံးကျည်နဲ့ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီ ဖြစ်ပါတယ်။
ဒါဟာ အီရန် စစ်ပွဲ စတင် ကတည်းက အစ္စရေးကို ပထမဆုံးအကြိမ်အဖြစ် ဟူသီ တို့က ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်လိုက်တာလည်း ပါတယ်။
ယီမင်ကလာတဲ့ ဒုံးကျည်တစင်းကို ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ အစ္စရေးဘက်က ပြောကြားပြီးနောက်မှာ ဟူသီအဖွဲ့က ‘’အစ္စရေးရဲ့ အရေးကြီး စစ်ရေးပစ်မှတ်တွေ” ကို ပဲ့ထိန်း ဒုံးကျည် အမြောက်အမြားနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အီရန်၊ လက်ဘနွန်၊ အီရတ်နဲ့ ပါလက်စတိုင်း နယ်မြေတွေကို ပစ်မှတ် ထား တိုက်ခိုက် နေတာတွေ အတွက် တုံ့ပြန်တဲ့ အနေနဲ့ အစ္စရေးရဲ့ အရေးကြီး စစ်ရေးနယ်မြေတွေ ကို ပဲ့ထိန်း ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါ တယ်။
နယ်မြေပေါင်းစုံမှာ အစ္စရေးတို့ ကျူးကျော်မှုတွေ မရပ်မချင်း စစ်ဆင်ရေး တွေကို ဆက်လုပ်သွားမယ်လို့လည်း ဟူသီတွေက ထပ်လောင်း ပြောကြား ပါတယ်။
ဟူသီတွေဟာ ယီမင်နိုင်ငံက ရှီယာ မွတ်စလင်လူနည်းစုဖြစ်ပြီး လက်နက်ကိုင်တဲ့ နိုင်ငံရေး ဘာသာရေး အဖွဲ့တခု ဖြစ်ကာ ယီမင် အနောက်မြောက်ပိုင်း အတော်များများကို ထိန်းချုပ်ထားတာပါ။
အခုလို ဟူသီတွေ ဝင်ရောက်လာတာဟာ စစ်ပွဲကြီး ပိုမိုကျယ်ပြန့်လာမယ့် အခြေအနေကို ဦးတည်နေတယ်လို့ သတင်းထောက်တွေက သုံးသပ်ထား ပါတယ်။
—————————