THN Public Media Blog သတင်း War အစ္စရေးနဲ့ အီရန် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်၊ အိမ်ဖြူတော်ကတော့ ဆွေးနွေးမှု မရေရာသေးဘူးလို့ပြော
War နိုင်ငံတကာ

အစ္စရေးနဲ့ အီရန် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်၊ အိမ်ဖြူတော်ကတော့ ဆွေးနွေးမှု မရေရာသေးဘူးလို့ပြော

UNITED STATES - MARCH 11: Karoline Leavitt, White House press secretary, and President Donald Trump speak with reporters on the South Lawn of the White House before boarding Marine One en route to Kentucky, on Wednesday, March 11, 2026. (Tom Williams/CQ-Roll Call, Inc via Getty Images

မတ်လ ၂၄ – ၂၀၂၆

အီရန်နဲ့ အစ္စရေးတို့ အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ရှိ နေပြီး အမေရိကန် ကတော့ တီဟီရန်နဲ့ ဆွေးနွေးပွဲပြုလုပ်မယ့် အစီအစဉ် တွေဟာ ပြောင်းလဲနိုင်ခြေရှိတယ်လို့ ပြောကြားလိုက်ပါတယ်။

အီရန်မြို့တော်နဲ့ ဘာရိန်းနိုင်ငံတို့မှာ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတဲ့ အသံတွေကို ကြားနေရပြီး အစ္စရေးက လက်ဘနွန်တောင်ပိုင်းက နေထိုင် သူတွေ အနေနဲ့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ဖို့ သတိပေးချက် ထုတ်ပြန် ထားပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ဖုန်း စကားပြောပြီးနောက် အီရန် နဲ့ လက်ဘနွန် တို့ကို ဆက်လက် တိုက်ခိုက်သွားမယ်လို့ တနင်္လာနေ့ညက ပြောကြားခဲ့ပြီးနောက် အခုလို တိုက်ခိုက်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံ Tel Aviv မြို့မှာတော့ အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် လူ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

သမ္မတ ထရမ့်ပြောထားတဲ့ အီရန်နဲ့ သဘောတူညီချက်ရဖို့ ကြီးမားတဲ့ တိုးတက်မှုတွေ ရှိနေတယ် ဆိုတာကို အိမ်ဖြူတော်ကတော့ လေသံ ပြန်လျှော့ချသွားပါတယ်။

တွေ့ဆုံဆွေးနွေးဖို့ အခြေအနေဟာ ပြောင်းလဲနိုင်ခြေရှိနေဆဲ ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့ပြီး၊ အမေရိကန်နဲ့ အီရန် ထိပ်တန်းခေါင်းဆောင်တွေ အကြား တရားဝင် တွေ့ဆုံမှုကို ကြေညာထားတာ မရှိသေးကြောင်း အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ Karoline Leavitt က သတိပေးလိုက်ပါတယ်။

—————————

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version