ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ထောင်က ပြန်လွတ်ပြီ
မေလ ၁၁ – ၂၀၂၆ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ဟာ ၈ လာကြာ ထောင်ကျ ခဲ့ပြီးနောက် အခုတော့ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူစဉ် အာဏာအလွဲသုံးစားမှုနဲ့ အဂတိလိုက်စားမှုတွေကြောင့် ချမှတ် ခံထားရတဲ့ ထောင်ဒဏ် တနှစ်ထဲက အချို့ကို ကျခံပြီးနောက် ကျန်တဲ့ လပိုင်းကို လွတ်ငြိမ်းခွင့်ပေးလိုက်ပေမယ့် အသက် ၇၆ နှစ် အရွယ် သက်ဆင်ကို ခြေရာခံ လိုက်နိုင်ဖို့ သူရဲ့ ခြေကျင်းဝတ်မှာ အီလက်ထရောနစ် ကိရိယာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဆံပင်တိုတိုနဲ့ ရှပ်အင်္ကျီဖြူ ဝတ်ဆင်ထားတဲ့ သက်ဆင်ဟာ ဘန်ကောက်မြို့ Klong Prem အကျဉ်းထောင်
