နိုင်ငံရေး

နိုင်ငံရေး

KNPP အမြဲတမ်း ဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ရဲ့ နောက်ဆုံးခရီး

မေလ ၁၃ – ၂၀၂၆ မေလ (၁၀) ရက်နေ့တွင် လူကြီးရောဂါနဲ့ ကွယ်လွန်သွားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး စျာပန အခမ်းအနားကို ဒီကနေ့ မေ ၁၃ မှာ လွှတ်မြောက် နယ်မြေ တနေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို KNPP ဥက္ကဌ ခူဦးရယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုကွယ်ထူးဝင်း၊ PNFC ပအိုပ့်အမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဌ ခွန်မြင့်ထွန်း၊ ABSDF အတွင်းရေးမှူး ကိုဆန်နီ ၊ KNDF နဲ့ KSCC တာဝန်ရှိသူတွေ အပါအဝင် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းတွေ နဲ့ ပြည်သူလူထု တို့က တက်ရောက်ပို့ဆောင်ပေးခဲ့ကြပါတယ်။ အခမ်းအနားမှာ သဝဏ်လွှာဖတ်ကြား၊ အမှတ်တရ စကားတွေ

Read More
နိုင်ငံရေး

KNPP ခေါင်းဆောာင်တဦးဖြစ်တဲ့ ခွန်းရီမာန်ထူး ကွယ်လွန်ခြင်းအပေါ်

KNU ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ (မေလ ၁၃ – ၂၀၂၆)

Read More
နိုင်ငံရေး

ဘုံ ၅ ချက်ကို အာဆီယံ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း NUG ထုတ်ပြန်

မေလ ၁၂ – ၂၀၂၆ ၄၈ ကြိမ်မြောက် အာဆီယံ ဥက္ကဌ ထုတ်ပြန်ချက်နဲ့ ဘုံ ၅ ချက် အပေါ် NUG နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ ကြေညချက် ထုတ်ပြန်ရာမှာ NUG အနေနဲ့ ဘုံ ၅ ချက်ကို အာဆီယံ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ဖေါ်ပြထားပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး

အမေရိကန်အဆိုပြုချက် အပေါ် အီရန်တုံ့ပြန်မှုကို “လုံးဝလက်ခံနိုင်စရာမရှိဘူး” ဆိုပြီး ထရမ့်ပယ်ချ

မေလ ၁၁ – ၂၀၂၆ ကြားဝင်စေ့စပ်ပေးနေတဲ့ ပါကစ္စတန်နိုင်ငံက တဆင့် ပေးပို့လာတဲ့ အီရန်ရဲ့ အဆိုပြုချက် ထဲမှာ စစ်မျက်နှာအားလုံး စစ်ပွဲ ချက်ချင်းရပ်တန့်ဖို့၊ အီရန် ဆိပ်ကမ်း တွေကို အမေရိကန် ရေတပ်က ပိတ်ဆို့ထားတာကို ရပ်တန့်ဖို့နဲ့ အီရန်အပေါ် နောက်ထပ် တိုက်ခိုက်မှုတွေ မလုပ်ဖို့ အာမခံချက် ပေးဖို့ စတဲ့ အချက်တွေ ပါဝင်တယ်လို့ အီရန်ရဲ့ Tasnim သတင်းဌာနက ဖော်ပြ ပါတယ်။ ထရမ့်ကတော့ သူရဲ့ Truth Social မှာ “အီရန်ရဲ့ ကိုယ်စားလှယ် ဆိုသူ တွေဆီက တုံ့ပြန်မှုကို ကျွန်တော် ခုလေးတင် ဖတ်ပြီးပါပြီ။ ကျွန်တော် သဘောမကျဘူး၊ လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး” လို့ ရေးသားခဲ့ပါတယ်။

Read More
နိုင်ငံရေး

အားလုံးပါတဲ့ နိုင်ငံရေး အကူးအပြောင်း ကသာ မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ NUG ပြော၊ အာဆီယံ အပေါ် စစ်အုပ်စု ရဲ့ တုန့်ပြန်ချက်ကို NUG က ကန့်ကွက် ရှုတ်ချ

မေလ ၁၁ – ၂၀၂၆ အာဆီယံဟာ မြန်မာ ရွေးကောက်ပွဲ ရလဒ်ကို လျစ်လျူရှုပြီး မြန်မာ ကို ဖယ်ကြဥ်ထားတဲ့ အပေါ် ဝေဖန်တဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက် ကို NUG ကနေ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း ဒီကနေ့ ထုတ်ပြန်လိုက် ပါတယ်။ အာဆီယံ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း က စစ်အုပ်စု ကို အသိအမှတ် မပြုဖို့ တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံ ပြဿနာကို အားလုံးပါဝင်တဲ့ နိုင်ငံရေး အကူးအပြောင်း က တဆင့်သာ ဖြေရှင်းနိုင်မယ်လို့လည်း ဖေါ်ပြထားပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ထောင်က ပြန်လွတ်ပြီ

မေလ ၁၁ – ၂၀၂၆ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ဟာ ၈ လာကြာ ထောင်ကျ ခဲ့ပြီးနောက် အခုတော့ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူစဉ် အာဏာအလွဲသုံးစားမှုနဲ့ အဂတိလိုက်စားမှုတွေကြောင့် ချမှတ် ခံထားရတဲ့ ထောင်ဒဏ် တနှစ်ထဲက အချို့ကို ကျခံပြီးနောက် ကျန်တဲ့ လပိုင်းကို လွတ်ငြိမ်းခွင့်ပေးလိုက်ပေမယ့် အသက် ၇၆ နှစ် အရွယ် သက်ဆင်ကို ခြေရာခံ လိုက်နိုင်ဖို့ သူရဲ့ ခြေကျင်းဝတ်မှာ အီလက်ထရောနစ် ကိရိယာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဆံပင်တိုတိုနဲ့ ရှပ်အင်္ကျီဖြူ ဝတ်ဆင်ထားတဲ့ သက်ဆင်ဟာ ဘန်ကောက်မြို့ Klong Prem အကျဉ်းထောင်

Read More
နိုင်ငံရေး

အာဆီယံနိုင်ငံ အနည်းငယ်က မြန်မာအစိုးရ အပေါ် ခွဲခြား ဆက်ဆံ ချန်လှပ်ထား ပြီး အာဆီယံ ပဋိညာဉ် ကို ချိုးဖေါက်နေတယ်လို့ ထုတ်ပြန်

မေလ ၁၁ – ၂၀၂၆ အာဆီယံအဖွဲ့ဝင် နိုင်ငံအနည်းငယ်က မြန်မာအစိုးရ အပေါ် ခွဲခြား ဆက်ဆံပြီး တန်းတူ ကိုယ်စားပြုမှုကို ချန်လှပ်ထားကာ အာဆီယံ ပဋိညာဉ်စာတမ်း အခန်း (၁)၊ အပိုဒ်(၂) ပါ အခြေခံမူတွေကို ဖောက်ဖျက် နေကြောင်း၊ ဒါ့အပြင် အာဆီယံအဖွဲ့ဝင် တနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက် ဝေဖန် ပြောဆို ဖိအားပေးတာတွေကို လုပ်ဆောင် နေတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။ – #ထုတ်ပြန်ချက် အပြည့်အစုံ ——————— သတင်းထုတ်ပြန်ချက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အောင်မြင်စွာ

Read More
နိုင်ငံရေး

၄၈ ကြိမ်မြောက်အာဆီယံ ထိပ်သီးအစည်းအဝေး ဥက္ကဌ ရဲ့ ထုတ်ပြန်ချက် ထဲက မြန်မာ့အရေး ကောက်နုတ်ဖေါ်ပြချက်

မေလ ၁၁ – ၂၀၂၆ ထိပ်သီးအစည်းအဝေးအပြီး အာဆီယံ ဥက္ကဌ ဖိလစ်ပိုင်က မေလ ၉ ရက်နေ့ ထုတ်ပြန်တဲ့ စာမျက်နှာ ၄၆ မျက်နှာပါ ကြေညာချက်ထဲက မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး ကောက်နုတ်ဖေါ်ပြ ပေးထားတာ ဖြစ်ပါတယ်။ – မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဆက်လက်ပြင်းထန်နေတာ၊ လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေတွေနဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ဘုံသဘော တူညီချက် ၅ ချက်ကို အကောင်အထည် ဖော်ရာမှာ တိုးတက်မှု အလွန် နည်းပါးနေတာတွေ အပေါ် ကျွန်တော်တို့ အလွန်အမင်း စိုးရိမ်မိကြောင်း ဖော်ပြခဲ့ကြပါတယ်။ မြန်မာ့နို င်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ဒီ ဘုံသဘောတူညီချက် ၅ ချက်ဟာ ကျွန်တော်တို့ရဲ့ အဓိက ကိုးကားချက် အဖြစ်

Read More
နိုင်ငံရေး

မြန်မာ့အရေး တိုးတက်မှုရှိလာဖို့ အင်ဒိုနီးရှား မျှော်လင့်

မေလ ၇ – ၂၀၂၆ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ လိုက်တာတွေဟာ ပိုမိုကောင်းမွန်တဲ့ ရှေ့လုပ်ငန်းစဉ်တွေဆီ ဦးတည် သွားလိမ့်မယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂီရိုနိုက မျှော်လင့် ကြောင်း ပြောကြားလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ၊ ဆီဘူးမြို့မှာ ကြာသပတေးနေ့က ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး AMM မှာ ဝန်ကြီး ဆူဂီရိုနိုက မြန်မာအစိုးရသစ် အနေနဲ့ ပြည်တွင်းမှာရှိတဲ့ သက်ဆိုင်သူအားလုံး၊ အဖွဲ့အစည်း အားလုံးနဲ့ ဆက်သွယ် ဆောင်ရွက်ဖို့ ကြိုးပမ်းလာတာကို ထည့်သွင်းပြောကြားခဲ့ပါတယ်။ “ဒါဟာ ကောင်းမွန်တဲ့ဘက်ကို ဦးတည်သွားတဲ့ ခြေလှမ်းတခုပဲ” လို့ ဆူဂီရိုနို ရဲ့ ပြောကြားချက်ကို အင်တာရာ သတင်းဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Read More