မြန်မာ့အရေး အာဆီယံ ဝန်ကြီးတွေ အွန်လိုင်းဆွေးနွေးပွဲ ပြုလုပ်
မေလ ၂၄ – ၂၀၂၆ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ မြန်မာ့အရေး အဖြေရှာရေး အွန်လိုင်းကနေ အလွတ်သဘော ဆွေးနွေးပွဲ တရပ် ကျင်းပခဲ့ကြောင်း သိရပါတယ်။ Khmer Times သတင်းဖေါ်ပြချက်အရ ကမ္ဘောဒီးယား ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးနဲ့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးလည်းဖြစ်တဲ့ ပရက်ဆာခွန်း လည်း တက်ရောက်ပြီး မြန်မာ့အရေး အာဆီယံရဲ့ ဦးဆောင် ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း ကမ္ဘောဒီးယားက ထပ်လောင်း အတည်ပြုတယ်လို့ သိရပါတယ်။ ကမ္ဘောဒီယား နိုင်ငံခြားရေးနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ဒီအစည်းအဝေးမှာ အပြုသဘောဆောင်တဲ့ ဆွေးနွေး မှုတွေ လုပ်ဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ မြန်မာနိုင်ငံက
