၄၈ ကြိမ်မြောက်အာဆီယံ ထိပ်သီးအစည်းအဝေး ဥက္ကဌ ရဲ့ ထုတ်ပြန်ချက် ထဲက မြန်မာ့အရေး ကောက်နုတ်ဖေါ်ပြချက်
မေလ ၁၁ – ၂၀၂၆ ထိပ်သီးအစည်းအဝေးအပြီး အာဆီယံ ဥက္ကဌ ဖိလစ်ပိုင်က မေလ ၉ ရက်နေ့ ထုတ်ပြန်တဲ့ စာမျက်နှာ ၄၆ မျက်နှာပါ ကြေညာချက်ထဲက မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး ကောက်နုတ်ဖေါ်ပြ ပေးထားတာ ဖြစ်ပါတယ်။ – မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဆက်လက်ပြင်းထန်နေတာ၊ လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေတွေနဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ဘုံသဘော တူညီချက် ၅ ချက်ကို အကောင်အထည် ဖော်ရာမှာ တိုးတက်မှု အလွန် နည်းပါးနေတာတွေ အပေါ် ကျွန်တော်တို့ အလွန်အမင်း စိုးရိမ်မိကြောင်း ဖော်ပြခဲ့ကြပါတယ်။ မြန်မာ့နို င်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ဒီ ဘုံသဘောတူညီချက် ၅ ချက်ဟာ ကျွန်တော်တို့ရဲ့ အဓိက ကိုးကားချက် အဖြစ်
