ထိုင်းနိုင်ငံက အာဆီယံနိုင်ငံတွေကို ကမ္ဘောဒီးယားနဲ့ မြန်မာ့အရေး ကိစ္စ ရှင်းပြ
ဧပြီ ၂၉ – ၂၀၂၆ ဘရူနိုင်းနိုင်ငံမှာ မနေ့ အင်္ဂါနေ့က ကျင်းပတဲ့ ၂၅ ကြိမ်မြောက် အာဆီယံ-အီးယူ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ပြုလုပ်ခဲ့ရာမှာ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး Sihasak Phuangketkeow က ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး နဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး တို့နဲ့ သီးခြားစီ တွေ့ဆုံပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို သီးခြားဆွေးနွေးမှုမှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတဲ့ အခါမှာတော့ မစ္စတာ Sihasak က မြန်မာ့အရေးကိစ္စကို အထူး အလေးပေး ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လုပ်ဆောင်မယ့် အချိန်ကာလနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောကြားခဲ့ သလို၊ ပိုပြီး ထိရောက်တဲ့ တိုးတက်မှုတွေကို
