နိုင်ငံရေး

နိုင်ငံရေး

မြန်မာနိုင်ငံမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ် တောင်းဆို

မေလ ၂ – ၂၀၂၆ မြန်မာနိုင်ငံမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို အမြန်ဆုံးနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တောင်းဆို လိုက်တယ်လို့ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Farhan Haq က မနေ့ သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားတဲ့ နေအိမ် တနေရာဆီ ပြောင်းရွှေ့လိုက်တာကို အထွေထွေ အတွင်းရေးမှူးချုပ် အနေနဲ့ မှတ်သားသိရှိထားတယ်လို့ ဆိုပါတယ်။ ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ ပေါ်ပေါက်လာဖို့ အတွက် အခြေခံကျတဲ့ ခြေလှမ်းတရပ်အနေနဲ့ မတရား ဖမ်းဆီးခံထားရသူ အားလုံးကို အမြန်ဆုံးနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အထွေထွေ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားတယ်လို့ Farhan Haq က ထုတ်ပြန်ချက်မှာ

Read More
နိုင်ငံရေး

နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ အမေရိကန် တောင်းဆို

မေလ ၂ – ၂၀၂၆ စစ်တပ် အာဏာသိမ်းပြီး ဖမ်းဆီးအကျဥ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ၅ နှစ်အကြာမှာ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ ပေးမယ်လို့ ထုတ်ပြန်လိုက်ပြီးနောက် အမေရိကန် ပြည်ထောင်စုက သူမကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက် ပါတယ်။ ‘’ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ ဆက်လက်တောင်းဆိုနေပါတယ်’’ လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့တာကို အိုင်ယာလန်နိုင်ငံ RTE သတင်းမှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ‘’သူမရဲ့ ကျန်းမာရေး မကောင်းဘူးဆိုတဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လိုအပ်တဲ့ ဆေးကုသမှု တွေ ရရှိနိုင်အောင် ဆောင်ရွက်ပေးဖို့လည်း စစ်ကောင်စီကို တိုက်တွန်းထားပါတယ်’’ လို့ ပြောခွင့်ရသူက

Read More
နိုင်ငံရေး

မြန်မာ့အခြေအနေပေါ် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန သဘောထားထုတ်ပြန်

မေလ ၂ – ၂၀၂၆ မနေ့ မေလ ၁ ရက်နေ့က ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ကနေ မြန်မာနိုင်ငံအခြေ အနေနဲ့ ပတ်သက်ပြီး သဘောထား ထုတ်ပြန်ရာမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီး ခံထားရသူတွေ လွတ်မြောက်လာဖို့နဲ့ သက်ဆိုင် သူတွေ အကြား ရိုးသားတဲ့ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့ ဂျပန်နိုင်ငံက မျှော်လင့်ကြောင်း ဖေါ်ပြထားပါတယ်။ – ထုတ်ပြန်ချက်အပြည့်အစုံ ——————- မြန်မာနိုင်ငံအခြေအနေ (ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသူများအပေါ် ဆက်ဆံဆောင်ရွက်မှု) ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Kitamura Toshihiro ရဲ့ ထုတ်ပြန်ချက် ၁။ မြန်မာနိုင်ငံမှာ ကာလရှည်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သမ္မတဟောင်း ဦးဝင်းမြင့်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ

Read More
နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေအဖွဲ့သွားတွေ့မယ်၊ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့တာ ရှေ့နေ အတည်ပြု

မေလ ၁ – ၂၀၂၆ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ နေအိမ် အကျယ်ချုပ် ပြောင်းရွှေ့ လိုက်ပြီးနောက် သူ့ရဲ့ ရှေ့နေအဖွဲ့ဟာ မကြာခင်မှာ သွားရောက် တွေ့ဆုံဖို့ စီစဉ်နေကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြထား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ နေပြည်တော်မှာပဲ ရှိနေဆဲဖြစ်ပြီး ကြာသပတေးနေ့ညက သူ့ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လိုက်တာ အတည်ပြုနိုင်တယ်လို့ ရှေ့နေ အဖွဲ့ဝင်တဦးက ရိုက်တာကို ပြောကြား တယ်လို့ ဆိုပါတယ်။ ကြာသပတေးနေ့တုန်းက နိုင်ငံပိုင် မီဒီယာတွေ ကနေ သူ့ကို သတ်မှတ် ထားတဲ့ နေအိမ်ကို ပြောင်းရွှေ့မယ်လို့ သတင်းထုတ်ပြန် ခဲ့ပေမဲ့ ဘယ်နေရာ ကို ပို့တယ် ဆိုတာကိုတော့ ဖေါ်ပြခြင်းမရှိပါ။ ရှေ့နေအဖွဲ့ အနေနဲ့ အသက် ၈၁ နှစ်

Read More
နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းလဲ သတ်မှတ်

ဧပြီ ၂၀ – ၂၀၂၆ ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်ကျခံနေရတဲ့ နေရာကို သတ်မှတ်ထားတဲ့ နေအိမ်မှာ ထားရှိပေးလိုက်ကြောင်း အစိုးရသစ်က ဒီကနေ့ ထုတ်ပြန်ထား ပါတယ်။ ဒါဟာ ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ် အဖြစ် စေတနာထားပြီး ကျန်ရှိပြစ်ဒဏ်တွေကို သတ်မှတ်နေအိမ်မှာ ကျခံဖို့ ပြောင်းလဲ သတ်မှတ်ပေး လိုက်တာလို့ ဖေါ်ပြထားပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်ကတည်းက မိတ်ဆွေ ဖြစ်တယ်လို့ တရုတ်ပြော

ဧပြီ ၃၀ – ၂၀၂၆ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်ကတည်းက မိတ်ဆွေ ဖြစ်တယ်လို့ တရုတ်နိုင်ငံက ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ Lin Jian က ပြောကြားလိုက်တာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခြေအနေ ကိုလည်း ကျွန်တော်တို့ အမြဲတမ်း ဂရုတစိုက် ရှိနေပါတယ်လို့ သူကပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ မြန်မာ ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်း ရှိ၊ မရှိ AFP သတင်းဌာနက မေးမြန်း ခဲ့တာကို Lin Jian က ဖြေကြားသွားတာ ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ

Read More
War နိုင်ငံရေး

NUG ထိန်းချုပ် အင်းတော်ကို တပ်က ပြန်ထိန်းချုပ်

ဧပြီ ၃၀ – ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ PDF တပ်တွေ ၁ နှစ်ကျော်ကြာ ထိန်းချုပ်ထားတဲ့ အင်းတော်မြို့ကို စစ်တပ်ကနေ ဒီကနေ့ ဧပြီ ၃၀ ရက်မှာ ပြန်လည် ထိန်းချုပ် လိုက်တယ်လို့ သိရပါတယ် ။ အင်းတော်မြို့နဲ့ ခြောက်မိုင်လောက်သာ ဝေးတဲ့ နဘားလမ်းဆုံကို ဧပြီ ၂၉ ရက်နေ့မှာ စစ်တပ်က ထိုးဖောက် ဝင်ရောက် သိမ်းပိုက်ခဲ့ပြီးနောက် ဒီနေ့မှာတော့ စစ်ကြောင်းက အင်းတော်မြို့တွင်းကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်ဟာ မြေပြင်စစ်ကြောင်း အပြင် လေကြောင်း ကနေလည်း ပစ်ကူ တိုက်ခိုက်ပေးတဲ့ အတွက် NUG ဘက်က တပ်ဆုတ်ပေးလိုက်ရတာ ကြောင့် စစ်တပ်ဟာ မြို့ထဲဝင်ရောက်ပြီး နေရာယူနိုင်ခဲ့တာ ဖြစ်တယ်လို့

Read More
နိုင်ငံရေး

လူရွှင်တော် အုန်းဒိုင်း နဲ့ အနုပညာ သမားတချို့ လွတ်ငြိမ်းနဲ့ ပြန်လွတ်

ဧပြီ ၃၀ – ၂၀၂၆ ရွေးကောက်ပွဲ နှောင့်ယှက်မှု နဲ့ ဖမ်းဆီးခံထားရတဲ့ လူရွှင်တော် အုန်းဒိုင်း အပါအဝင် ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင် ဒါရိုက်တာအောင်ချမ်းလူ၊ သရုပ်ဆောင်ကျော်ဝင်းထွဋ်တို့ လေးဦး လွတ်ငြိမ်းနဲ့ ဒီကနေ့ ပြန်လွတ် လာကြောင်း သိရပါတယ်။ ဒီဥပ‌ဒေနဲ့ပဲ ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာ မိုက်တီး ကတော့ ပြန်လွတ် လာခြင်း မရှိသေးပါ။ သူတို့တွေဟာ ‘’ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ’’ ရွေးကောက်ပွဲ ဝါဒဖြန့် ကာ နဲ့ ပတ်သက်ပြီး ဝေဖန်ရေးသား ခဲ့တဲ့ အတွက် ဖမ်းဆီးခံခဲ့ ကြရတာ ဖြစ်ပါတယ်။ အခု ဒီကနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ် အဖြစ် အကျဥ်းသား ၁၀၅၈ ဦး လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

Read More
နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ့ ပြစ်ဒဏ် ၁၈ နှစ်ကျော် ကျန်ရှိ

ဧပြီ ၃၀ – ၂၀၂၆ ဒီကနေ့ ကျရောက်တဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်ဖြစ် အကျဥ်းသား အားလုံးကို ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တဲ့ အတွက် ၂၀၂၁ စစ်တပ်အာဏာသိမ်း ကတည်းက နှစ်ရှည် အကျဥ်းချ ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း အကျုံးဝင်တဲ့ အတွက် ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လွတ်ငြိမ်းသက်သာခွင့် ရသွားကြောင်း သိရပါတယ်။ အရင်တခေါက် ဧပြီ ၁၇ ရက်နေ့တုန်း ကလည်း ပြစ်ဒဏ်လျှော့ပေါ့မှု အရ ဒေါ်အောင်ဆန်းစုကြည်မှာ ၂၂ နှစ်နဲ့ ၆ လ ကျန်ရှိနေတာ ဖြစ်ပါတယ်။ အခု ၆ ပုံ ၁ ပုံ ထပ်လျှော့တဲ့

Read More
နိုင်ငံရေး

ကဆုန်လပြည့်ဗုဒ္ဓနေ့မှာ လွတ်ငြိမ်းခွင့် ထပ်ပေး

ဧပြီ ၃၀ – ၂၀၂၆ ဒီကနေ့ ကျရောက်တဲ့ ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် နောက်ထပ် လွတ်ငြိမ်းခွင့် ပေးရာမှာ အကျဥ်းသား ၁၅၀၈ ဦးကို ခံဝန် နဲ့ ကျရှိတဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့် ပြုလုပ်ပါတယ်။ ဒါ့အပြင် ဒီကနေ့မတိုင်ခင် ပြစ်ဒဏ်ကျခံနေရသူ အားလုံး အတွက် ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ နိုင်ငံခြားသား ၁၁ ဦးကိုလည်း ၄၀၁ ခံဝန် နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။ ————————— THN Public Media

Read More