နိုင်ငံရေး

နိုင်ငံရေး

KNU တပ်မဟာ ၄ ဒေသ ဘိုးဒါးကျေးရွာ စစ်တပ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ သိမ်းယူ

ဧပြီ ၂၅ – ၂၀၂၆ ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၄ မြိတ်-ထားဝယ် ခရိုင် ဒေသမှာ စစ်တပ်ဘက်က ၂ နှစ်ကျော်ကြာ တပ်စွဲထားတဲ့ ဘိုးဒါးကျေးရွာ စခန်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ သိမ်းယူလိုက်ကြောင်း KNU က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီစခန်းကို ဧပြီလ (၂၀) ရက်နေ့ ကစလို့ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မနေ့ ဧပြီ (၂၄) ရက်နေ့ ညနေ ၃ နာရီမှာတော့ စစ်တပ်ဘက်က အားလုံး ထွက်ပြေး သွားပြီး သိမ်းပိုက်နိုင်ခဲ့တာလို့ ဖေါ်ပြထားပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး

NSPNC လုပ်ငန်းစဥ် ဆွေးနွေးပွဲ ပြုလုပ်၊ UPDJC နဲ့ JMC လုပ်ငန်းစဉ်တွေ ဆက်လုပ်သွားမယ်လို့ ဆို

ဧပြီ ၂၄ – ၂၀၂၆ စစ်တပ်ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ အစိုးရသစ် သမ္မတသစ် ကနေ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ် လိုက်ပြီးနောက် အမျိုးသား စည်းလုံးညီညွတ်ရေး နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC က လုပ်ငန်းစဉ် ဆွေးနွေးပွဲကို မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ NSPNC ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ရွေးကောက်ခံ အစိုးရ နဲ့ လွှတ်တော်ကိုယ်စားလှယ် တွေ ရှိလာပြီ ဖြစ်တဲ့ အတွက် NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ UPDJC၊ JMC လုပ်ငန်းစဉ်တွေကို ပြန်လည် ဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။ NLD အစိုးရလက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွေမှာ

Read More
နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဥ်းသားတွေ ထပ်လွှတ်ပေးဖို့ အာဆီယံ ဥက္ကဌ တိုက်တွန်း

ဧပြီ ၂၄ – ၂၀၂၆ အာဆီယံ အလှည့်ကျ ဥက္ကဌ ဖိလစ်ပိုင် နိုင်ငံက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းသားတွေကို ထပ်မံလွှတ်ပေးဖို့ တိုက်တွန်းလိုက် ပါတယ်။ မကြာသေးခင်က ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ အားလုံး ပါဝင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးမှုတွေဆီ ဦးတည်တဲ့ ကောင်းမွန်တဲ့ ခြေလှမ်းတခု ဖြစ်တယ်လို့ ဖိလစ်ပိုင်က ပြောပါတယ်။ အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံရဲ့ ဥက္ကဋ္ဌ အနေနဲ့ ထုတ်ပြန်ချက်တခုမှာ ဖိလစ်ပိုင်က အခုလို ပြန်လွှတ်ပေးဖို့ ဖေါ်ပြထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းကို ငြိမ်းချမ်းပြီး ရေရှည် တည်တံ့တဲ့ အဖြေ ရရှိဖို့အတွက် ကူညီသွားဖို့ အာဆီယံရဲ့ ကတိ ကဝတ်ကို ထပ်လောင်း အတည်ပြုပါတယ်လို့

Read More
နိုင်ငံရေး

ပြန်ဝင်လာတဲ့ PDF ၅၁၇ ဦးကို မိဘတွေထံ ပြန်အပ်နှံတဲ့ အခမ်းအနား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ပြုလုပ်

ဧပြီ ၂၄ – ၂၀၂၆ မတ်လ အတွင်းပြန်လည်ဝင်ရောက်လာတဲ့ PDF ၅၁၇ ဦးကို မိဘတွေထံ ပြန်အပ်နှံတဲ့ အခမ်းအနား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ဒီကနေ့မနက် ပြုလုပ်ခဲ့ကြောင်း စစ်တပ်ဘက်သတင်းထုတ်ပြန်ထားပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး

အရေးပေါ် အခြေအနေကြေညာထားတဲ့ မြို့နယ် ၆၀ ကို စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်

ဧပြီ ၂၃ – ၂၀၂၆ သမ္မတရုံးကနေ အရေးပေါ် အခြေအနေ ကြေညာထားတဲ့ မြို့နယ် ၆၀ ကို တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန် ကြောင်း ကြေညာလိုက်ပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး

နိုင်ငံတဝန်း မြို့နယ် ၆၀ ကို အရေးပေါ် အခြေအနေကြေညာ

ဧပြီ ၂၃ – ၂၀၂၆ နယ်မြေတည်ငြိမ်ရေး ထိရောက်စွာ ဆောင်ရွက်ဖို့ ဆိုပြီး သမ္မတရုံးကနေ နိုင်ငံတဝန်း မြို့နယ် ၆၀ ကို အရေးပေါ် အခြေအနေကြေညာကြောင်း ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲ လုပ်တုန်းကတော့ ၅၆ မြို့နယ်မှာ မတည်ငြိမ်လို့ ကျင်းပခဲ့ခြင်း မရှိဘဲ အခုတော့ ၄ မြို့နယ် ထပ်တိုးလာတာ ဖြစ်ပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး ပြည်တွင်း

ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ကောင်းမွန်တဲ့ အရာတွေ လုပ်ပေးဖို့ စဥ်းစားနေတယ်လို့ဆို

ဧပြီ ၂၃ – ၂၀၂၆ ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာစောင့်ရှောက်ထားပြီး သူမ အတွက် “ကောင်းမွန်တဲ့အရာတွေ” လုပ်ဆောင် ပေးဖို့ မြန်မာ သမ္မတ သစ်က စဉ်းစား နေကြောင်း ထိုင်းနိုင်ငံက ပြောကြားလိုက်ပါတယ်။ နေပြည်တော်မှာ မြန်မာသမ္မတသစ် နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့တဲ့ ထိုင်းဒုဝန်ကြီးချုပ် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Sihasak Phuangketkeow က ဗုဒ္ဓဟူးနေ့မှာ ပြောကြား လိုက်တာ ဖြစ်ပါတယ်။ အခုလို ပြောဆိုမှုဟာ မြန်မာနိုင်ငံ အနေနဲ့ ငါးနှစ်တာ ကာလအတွင်း အာဆီယံ အဖွဲ့ဝင်တွေနဲ့ ဆက်ဆံရေး ပုံမှန် ပြန်ဖြစ်ဖို့ ကြိုးစားနေချိန်မှာ ထွက်ပေါ် လာတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမှာ အစိုးရအဖွဲ့ ပြုတ်ကျခဲ့ပြီး နောက်ပိုင်း ဖမ်းဆီးခံထားရတဲ့

Read More
နိုင်ငံရေး

မြန်မာနိုင်ငံ အာဆီယံမှာ အပြည့်အဝ ပြန်ပါဖို့ ထိုင်းကြိုးပမ်းမယ်၊ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ရဲ့ မြန်မာခရီးစဥ် အဓိက ရည်ရွယ်ချက် ၃ ခု၊

ဧပြီ ၂၂ – ၂၀၂၆ ဒီကနေ့ မြန်မာနိုင်ငံ ကို တရားဝင် ရောက်ရှိနေတဲ့ ထိုင်းဒုတိယဝန်ကြီးချုပ်/ နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ခရီးစဥ် ရဲ့ အဓိက ရည်ရွယ်ချက် (၃) ချက် ကို ပြောကြားခဲ့ပါတယ်။ အဲဒီအချက်တွေ ကတော့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု၊ နယ်စပ်ဒေသ ပူးပေါင်း ဆောင်ရွက်မှုနဲ့ ဒေသတွင်း ဆက်ဆံရေးကို ပြန်လည်မြှင့်တင်ဖို့ ဖြစ်တယ် လို့ ဆိုပါတယ်။ ခရီးစဉ် အတွင်းမှာပဲ Sihasak က သူ့ရဲ့ ခရီးစဉ်ရဲ့ ပထမဆုံး ရည်ရွယ်ချက် ကတော့ မြန်မာနိုင်ငံရဲ့ အစိုးရသစ်ကို ဂုဏ်ပြုဖို့ဖြစ်ကြောင်း ပြောပါတယ်။ သမ္မတ မင်းအောင်လှိုင် ရွေးချယ်ခံရတာဟာ အရေးပါတဲ့ အသွင်ကူးပြောင်း မှု တခုဖြစ်ပြီး

Read More
နိုင်ငံရေး ပြည်တွင်း

ဦးဝင်းမြင့်ကို လွှတ်ပေးခြင်းအပေါ် အသိအမှတ်ပြုကြောင်း သြစတြေးလျ သံရုံး ထုတ်ပြန်

ဧပြီ ၂၂ – ၂၀၂၆ ထုတ်ပြန်ချက် —————– ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်မှစ၍ မြန်မာစစ်တပ်မှမတရားသဖြင့်ထိန်းသိမ်းထားသည့် ဦးဝင်းမြင့်ကိုလွှတ်ပေးခြင်းအား သြစတြေးလျမှ အသိအမှတ်ပြုပါသည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားသဖြင့်ထိန်းသိမ်းခံထားရဆဲအကျဥ်းသားများအားလုံးကို ချွင်းချက်မရှိလွှတ်ပေးရန် မိမိတို့ဆက်လက်တောင်းဆိုသည်။ အရပ်သားပြည်သူများအပေါ်အကြမ်းဖက်မှုများရပ်တန့်ရန်၊ လိုအပ်နေသူအားလုံးကိုခွဲခြားမှုမရှိပဲ လူသားချင်းစာနာမှုအကူအညီများဆီ လုံခြုံစွာအဟန့်အတားမရှိလက်လှမ်းမီစေရန်နှင့် စစ်မှန်၍အားလုံးပါဝင်သောဆွေးနွေးမှုလုပ်ဆောင်မည့်ကတိကဝတ်ပြုရန် မိမိတို့ထပ်လောင်းတောင်းဆိုသည်။ ဤအကျပ်အတည်းကိုဖြေရှင်းရာတွင် အာဆီယံ၏အခရာကျသည့်အခန်းကဏ္ဍကို မိမိတို့ပံ့ပိုးထောက်ခံကြောင်း ထပ်လောင်းအတည်ပြုပါသည်။ သြစတြေးလျသည် မြန်မာနိုင်ငံတွင် အခက်အခဲဒုက္ခများလျော့ကျစေရန်၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေများတိုးတက်စေရန်နှင့် ဆက်လက်ဖြစ်ပွါးနေဆဲအကျပ်အတည်းအတွက် ရေရှည်တည်တံသည့်အဖြေကိုရှာဖွေရရှိနိုင်ရန်အတွက် စစ်မှန်သောကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးဖို့အသင့်ရှိပါသည်။ ————————— THN Public Media

Read More
နိုင်ငံရေး

သမ္မတဦးဝင်းမြင့် မိသားစုထံပြန်ရောက်လာတဲ့အတွက် ဝမ်းမြောက်၊ နိုင်ငံအကျိုး ဆက်သယ်ပိုးနိုင်စေကြောင်း ဆုတောင်း

ဧပြီလ ၂၂ – ၂၀၂၆ ရက် ၂၀၂၁ စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးအကျဥ်းချ ခံထားရတဲ့ သမ္မတ ဦးဝင်းမြင့် မိသားစုထံပြန်ရောက်လာတဲ့ အပေါ် ဝမ်းမြောက် ကြောင်း ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF က သဝဏ်လွှာထုတ်ပြန် ပါတယ်။ သမ္မတ ဦးဝင်းမြင်အနေနဲ့ ကျန်းမာစွာနဲ့ နိုင်ငံ အကျိုးကို ဆက်သယ်ပိုး နိုင်စေကြောင်းလည်း ဆုတောင်းထားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဥ်းသား အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်နိုင်ရေး အတွက် အစွမ်းကုန် ဆက်လက် ကြိုးပမ်းသွားမယ်လို့လည်း ဖေါ်ပြထားပါတယ်။ ————————— THN Public Media

Read More