THN Public Media Blog သတင်း နိုင်ငံတကာ ထရမ့်ရဲ့ ရာဇသံ ကို အီရန်တုန့်ပြန် – ပင်လယ်ကွေ့ ဒေသက အမေရိကန် နဲ့ ဆက်နွယ်နေတဲ့ စွမ်းအင်နေရာတွေကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်
နိုင်ငံတကာ သတင်း

ထရမ့်ရဲ့ ရာဇသံ ကို အီရန်တုန့်ပြန် – ပင်လယ်ကွေ့ ဒေသက အမေရိကန် နဲ့ ဆက်နွယ်နေတဲ့ စွမ်းအင်နေရာတွေကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်

မတ်လ ၂၂ – ၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ၄၈ နာရီ ရာဇသံ ကို အီရန် ဘက်က လည်း ပင်လယ်ကွေ့ ဒေသတွင်းက အမေရိကန်နဲ့ ဆက်နွှယ်နေတဲ့ စွမ်းအင် ကဏ္ဍ တွေကို အပြီးတိုင် ဖျက်ဆီးပစ်မယ်လို့ ပြန်လည် ခြိမ်းခြောက် ပြောဆို လိုက်ပါတယ်။

အီရန်ပါလီမန် ဥက္ကဋ္ဌ Mohammad-Bagher Ghalibaf က တကယ်လို့ အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်ရဲ့ လျှပ်စစ်ဓာတ်အား ပေးစက်ရုံ တွေကို ပစ်မှတ်ထား တိုက်ခိုက်လာမယ် ဆိုရင် ပင်လယ်ကွေ့ဒေသ တစ်လျှောက် မှာ ရှိတဲ့ အရေးပါတဲ့ အခြေခံ အဆောက်အအုံတွေကို ပြန်လည် ပြုပြင်လို့ မရနိုင်အောင် အပြီးတိုင် ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက် ပြောဆို လိုက်တာ ဖြစ်ပါတယ်။

Mohammad-Bagher Ghalibaf က X လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားရာမှာတော့ ဒေသတွင်းက အရေးပါတဲ့ စွမ်းအင်နဲ့ ရေနံဆိုင်ရာ အဆောက် အအုံ တွေကို တရားဝင် ပစ်မှတ်တွေအဖြစ် သတ်မှတ် သွားမှာ ဖြစ်သလို ကမ္ဘာ့ရေနံစျေးနှုန်းတွေ ဟာလည်း အချိန်အတော်ကြာအောင် မြင့်တက်နေလိမ့်မယ်လို့ သတိပေး ထား ပါတယ်။

ဒီလိုခြိမ်းခြောက်မှုဟာ သမ္မတ ထရမ့်ကနေ အီရန်အနေနဲ့ ဟော်မုဇ် ရေလက်ကြား ကို ၄၈ နာရီ အတွင်း ပြန်မဖွင့်ပေးရင် အီရန်ရဲ့ အကြီးဆုံး ဓာတ်အားပေး စက်ရုံကနေ စတင်ပြီး အားလုံးကို ချေမှုန်းပစ်မယ်လို့ ပြောဆိုခဲ့ပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုရဲ့ ၂၀ ရာခိုင်နှုန်းခန့်ဟာ ဒီရေလက်ကြား ကို ဖြတ်သန်းသွားလာ ရတာဖြစ်လို့ ဒါဟာ ကမ္ဘာ့စွမ်းအင် ထောက်ပံ့မှု အတွက် အလွန်အရေးပါတဲ့ လမ်းကြောင်းဖြစ်ပါတယ်။

ထရမ့်က မတ်လ ၂၁ ဂရင်းနစ်စံတော်ချိန် ည ၁၁ နာရီ ၄၄ မိနစ်မှာ ရာဇသံ ပေးခဲ့တာဖြစ်လို့ အီရန် အနေနဲ့ မတ်လ ၂၃ ရက် ညပိုင်း အထိပဲ အချိန် ရတော့မှာ ဖြစ်ပါတယ်။

အီရန်နိုင်ငံပိုင် မီဒီယာတွေရဲ့ အဆိုအရ အီရန် အနေနဲ့ တိုက်ခိုက် ခံရတာနဲ့ တပြိုင်နက် ပင်လယ်ကွေ့ ဒေသတွင်းက အမေရိကန်နဲ့ ဆက်စပ် နေတဲ့ စွမ်းအင် စခန်းတွေကို ပြန်လည် ပစ်မှတ်ထားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း အီရန်ရဲ့ ရေလက်ကြားပိတ်ဆို့မှုနဲ့ သင်္ဘောတွေ ကို တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းတွေဟာ သိသိသာသာ ထိုးတက်နေပါတယ်။

—————————

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version